13. နောက်တစ်နေ့၌သားချင်းစုခေါင်းဆောင်များ သည် ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ်ဝင် များနှင့်အတူ ပညတ်ကျမ်းကိုလေ့လာရန် ဧဇရထံသို့လာရောက်ကြ၏။-
14. သူတို့သည်မောရှေအားဖြင့်ထာဝရဘုရား ပေးအပ်ထားတော်မူသော ပညတ်ကျမ်းတွင် သစ်ခက်တဲနေပွဲတော်အခါ၌ ဣသရေလ အမျိုးသားများသည်ယာယီတဲများတွင် နေထိုင်ကြရမည်ဖြစ်ကြောင်းပြဋ္ဌာန်း ထားသည်ကိုတွေ့ရှိကြရ၏။-
15. သို့ဖြစ်၍သူတို့က``ပညတ်ကျမ်းတွင်ဖော်ပြ ပါရှိသည့် ညွှန်ကြားချက်များအတိုင်းတောင် များသို့သွား၍သံလွင်ခက်၊ ထင်းရှူးခက်၊ မုရ တုခက်၊ စွန်ပလွံခက်နှင့်အခြားသစ်ခက် များကိုခုတ်ယူ၍တဲထိုးကြရမည်'' ဟု ယေရုရှလင်မြို့နှင့်တကွအခြားမြို့ရွာ ရှိသမျှတို့ကိုညွှန်ကြားချက်ပေးပို့ကြ လေသည်။
16. သို့ဖြစ်၍လူတို့သည်သစ်ခက်များကိုခုတ် ၍ မိမိတို့အိမ်မိုးပေါ်၊ အိမ်ဝင်း၊ ဗိမာန်တော် ဝင်း၊ ရေတံခါးနှင့်ဧဖရိမ်တံခါးအနီး ကွက်လပ်များတွင်တဲများထိုးကြ၏။-
17. ဖမ်းဆီးသိမ်းသွားရာမှပြန်လာသူလူ အပေါင်းတို့သည် သစ်ခက်တဲများထိုး၍ နေထိုင်ကြလေသည်။ နုန်၏သားယောရှု လက်ထက်မှအစပြု၍ ယနေ့တိုင်အောင် ပထမဆုံးအကြိမ်သစ်ခက်တဲနေပွဲကို ကျင်းပခြင်းဖြစ်၍ လူတိုင်းပင်ရွှင်လန်း ဝမ်းမြောက်ကြကုန်၏။-