နေ​ဟ​မိ 7:2-57-59 Common Language Bible (BCL)

2. ထို​နောက်​ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​အုပ်​ချုပ်​ရန် ငါ့​ညီ​ဟာ​နန်​နှင့်​ရဲ​တိုက်​မှူး​ဟာ​န​နိ​တို့​ကို​တာ​ဝန်​ပေး​အပ်​၏။ ဟာ​န​နိ​သည်​စိတ်​ချ​ယုံ​ကြည်​ရ​သူ၊ ဘု​ရား​သ​ခင်​ကို​အ​ထူး​ကြောက်​ရွံ့​ရို​သေ​သူ​ဖြစ်​၏။-

3. ငါ​သည်​သူ​တို့​အား``နံ​နက်​ချိန်​၌​နေ​မ​မြင့်​မ​ချင်း​ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​များ​ကို​မ​ဖွင့်​စေ​နှင့်။ နေ​ဝင်​ချိန်​၌​တံ​ခါး​စောင့်​များ​တာ​ဝန်​ပြီး​ဆုံး​ချိန်​မ​တိုင်​မီ တံ​ခါး​များ​ကို​ပိတ်​၍​ကန့်​လန့်​ကျင်​များ​ကို​ထိုး​ထား​စေ'' ဟု​မှာ​ကြား​ထား​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​များ​ထဲ​မှ​ကင်း​စောင့်​သူ​များ​ခန့်​ထား​ပြီး​လျှင် ထို​သူ​အ​ချို့​ကို​နေ​ရာ​အ​တိ​အ​ကျ​တွင်​ကင်း​စောင့်​စေ​၍​အ​ချို့​ကို​မိ​မိ​တို့​အိမ်​များ​၏​ပတ်​ဝန်း​ကျင်​တွင်​ကင်း​စောင့်​စေ​ရန်​ကို​လည်း​မှာ​ကြား​ထား​၏။

4. ယေ​ရု​ရှ​လင်​မြို့​သည်​ကျယ်​ဝန်း​သော်​လည်း​နေ​ထိုင်​သူ​လူ​ဦး​ရေ​နည်း​ပါး​၍ အိမ်​အ​မြောက်​အ​မြား​ကို​လည်း​မ​တည်​မ​ဆောက်​ရ​ကြ​သေး​ပေ။-

5. ပြည်​သူ​များ၊ သူ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​အုပ်​ချုပ်​ရေး​မှူး​တို့​အား​စု​ရုံး​စေ​၍ အိမ်​ထောင်​စု​စာ​ရင်း​များ​ကို​စစ်​ဆေး​ရန်​ဘု​ရား​သ​ခင်​သည်​ငါ​၏​စိတ်​ကို​နှိုး​ဆော်​တော်​မူ​၏။ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ရာ​မှ​ရှေး​ဦး​စွာ​ပြန်​လည်​ရောက်​ရှိ​လာ​သူ​များ​၏​စာ​ရင်း​ကို​ဤ​သို့​ရှာ​ဖွေ​တွေ့​ရှိ​ရ​သည်။

46-56. ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​၏​သား​ချင်း​စု​နာ​မည်​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ဇိ​ဟ၊ဟ​သု​ဖ၊တ​ဗ္ဗောက်၊ကေ​ရုတ်၊သ​ယ၊ပါ​ဒုန်၊လေ​ဗ​န၊ဟာ​ဂ​ဗ၊ရှာ​လ​မဲ၊ဟာ​နန်၊ဂိဒ္ဒေ​လ၊ဂါ​ဟာ၊ရာ​ယ၊ရေ​ဇိန်၊နေ​ကော​ဒ၊ဂဇ္ဇမ်၊သြ​ဇ၊ပါ​သာ၊ဗေ​သဲ၊မု​နိမ်၊နေ​ဖိ​ရှေ​သိမ်၊ဗာ​က​ဗုတ်၊ဟာ​ကု​ဖ၊ဟာ​ရ​ဟု​ရ၊ဗာ​ဇ​လိတ်၊မေ​ဟိ​ဒ၊ဟာ​ရ​ရှ၊ဗာ​ရ​ကုတ်၊သိ​သ​ရ၊တာ​မ၊နေ​ဇိ​နှင့်​ဟ​တိ​ဖ။

57-59. ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော ရှော​လ​မုန်​၏​အ​စေ​ခံ​သား​ချင်း​စု​နာ​မည်​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။သော​တဲ၊သော​ဖ​ရက်၊ပေ​ရိ​ဒ၊ယာ​လ၊ဒါ​ကုန်၊ဂိဒ္ဒေ​လ၊ရှေ​ဖ​တိ၊ဟတ္တိ​လ၊ပေါ​ခ​ရက်၊ဇေ​ဗိမ်​နှင့်​အာ​မုန်။

နေ​ဟ​မိ 7