1. ယခုအခါ၌မြို့ရိုးကိုပြန်လည်တည်ဆောက်ပြီး၍ တံခါးများကိုနေရာတကျတပ်ဆင်ကာဗိမာန်တော်အစောင့်တပ်သားများ၊ ဋ္ဌမ္မသီချင်းသည်များနှင့်လေဝိအနွယ်ဝင်များအားအလုပ်တာဝန်များကိုခွဲဝေသတ်မှတ်ပေးပြီးလေပြီ။-
2. ထိုနောက်ငါသည်ယေရုရှလင်မြို့ကိုအုပ်ချုပ်ရန် ငါ့ညီဟာနန်နှင့်ရဲတိုက်မှူးဟာနနိတို့ကိုတာဝန်ပေးအပ်၏။ ဟာနနိသည်စိတ်ချယုံကြည်ရသူ၊ ဘုရားသခင်ကိုအထူးကြောက်ရွံ့ရိုသေသူဖြစ်၏။-
3. ငါသည်သူတို့အား``နံနက်ချိန်၌နေမမြင့်မချင်းယေရုရှလင်မြို့တံခါးများကိုမဖွင့်စေနှင့်။ နေဝင်ချိန်၌တံခါးစောင့်များတာဝန်ပြီးဆုံးချိန်မတိုင်မီ တံခါးများကိုပိတ်၍ကန့်လန့်ကျင်များကိုထိုးထားစေ'' ဟုမှာကြားထား၏။ ယေရုရှလင်မြို့တွင်နေထိုင်သူများထဲမှကင်းစောင့်သူများခန့်ထားပြီးလျှင် ထိုသူအချို့ကိုနေရာအတိအကျတွင်ကင်းစောင့်စေ၍အချို့ကိုမိမိတို့အိမ်များ၏ပတ်ဝန်းကျင်တွင်ကင်းစောင့်စေရန်ကိုလည်းမှာကြားထား၏။
4. ယေရုရှလင်မြို့သည်ကျယ်ဝန်းသော်လည်းနေထိုင်သူလူဦးရေနည်းပါး၍ အိမ်အမြောက်အမြားကိုလည်းမတည်မဆောက်ရကြသေးပေ။-
5. ပြည်သူများ၊ သူတို့၏ခေါင်းဆောင်များနှင့်အုပ်ချုပ်ရေးမှူးတို့အားစုရုံးစေ၍ အိမ်ထောင်စုစာရင်းများကိုစစ်ဆေးရန်ဘုရားသခင်သည်ငါ၏စိတ်ကိုနှိုးဆော်တော်မူ၏။ ဖမ်းဆီးခေါ်ဆောင်သွားရာမှရှေးဦးစွာပြန်လည်ရောက်ရှိလာသူများ၏စာရင်းကိုဤသို့ရှာဖွေတွေ့ရှိရသည်။
6. ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းဖမ်းဆီးခေါ်ဆောင်သွားချိန်မှအစပြု၍ ဗာဗုလုန်ပြည်တွင်နေထိုင်ရာမှပြန်လည်ရောက်ရှိလာသူများသည် မိမိတို့နေရင်းဌာနေဖြစ်သောယေရုရှလင်မြို့နှင့်အခြားယုဒမြို့များသို့ပြန်လာခဲ့ကြ၏။-
46-56. ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသော ဗိမာန်တော်အလုပ်သမားများ၏သားချင်းစုနာမည်များမှာအောက်ပါအတိုင်းဖြစ်သည်။ဇိဟ၊ဟသုဖ၊တဗ္ဗောက်၊ကေရုတ်၊သယ၊ပါဒုန်၊လေဗန၊ဟာဂဗ၊ရှာလမဲ၊ဟာနန်၊ဂိဒ္ဒေလ၊ဂါဟာ၊ရာယ၊ရေဇိန်၊နေကောဒ၊ဂဇ္ဇမ်၊သြဇ၊ပါသာ၊ဗေသဲ၊မုနိမ်၊နေဖိရှေသိမ်၊ဗာကဗုတ်၊ဟာကုဖ၊ဟာရဟုရ၊ဗာဇလိတ်၊မေဟိဒ၊ဟာရရှ၊ဗာရကုတ်၊သိသရ၊တာမ၊နေဇိနှင့်ဟတိဖ။
57-59. ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသော ရှောလမုန်၏အစေခံသားချင်းစုနာမည်များမှာအောက်ပါအတိုင်းဖြစ်သည်။သောတဲ၊သောဖရက်၊ပေရိဒ၊ယာလ၊ဒါကုန်၊ဂိဒ္ဒေလ၊ရှေဖတိ၊ဟတ္တိလ၊ပေါခရက်၊ဇေဗိမ်နှင့်အာမုန်။
60. ပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသောဗိမာန်တော်အလုပ်သမားများနှင့် ရှောလမုန်၏အစေခံများမှဆင်းသက်ပေါက်ဖွားလာသူဦးရေစုစုပေါင်းမှာ သုံးရာကိုးဆယ့်နှစ်ယောက်ဖြစ်၏။
61-62. တေလမေလမြို့၊ တေလဟာရရှမြို့၊ ခေရုပ်မြို့၊ အဒ္ဒုန်မြို့နှင့်ဣမေရမြို့တို့မှထွက်ခွာလာသောဒေလာယ၊ တောဘိနှင့်နေကောဒသားချင်းစုအနွယ်ဝင်များမှာ ခြောက်ရာလေးဆယ့်နှစ်ယောက်ဖြစ်၏။ သို့ရာတွင်သူတို့သည်ဣသရေလအမျိုးမှ မိမိတို့ဆင်းသက်ပေါက်ဖွားလာကြောင်းသက်သေခံအထောက်အထားမပြနိုင်ကြ။
63-64. အောက်ပါယဇ်ပုရောဟိတ်သားချင်းစုများသည် မိမိတို့ဘိုးဘေးများကားမည်သူမည်ဝါဖြစ်သည်ကိုသက်သေခံအထောက်အထားပြရန်တစ်စုံတစ်ရာရှာ၍မတွေ့နိုင်ကြ။ ဟဗာယ၊ ကောဇနှင့်ဗာဇိလဲ (ဗာဇိလဲယဇ်ပုရောဟိတ်သားချင်းစု၏ဘိုးဘေးဖြစ်သူသည်ဂိလဒ်ပြည်သား၊ ဗာဇိလဲသားချင်းစုမှအမျိုးသမီးတစ်ဦးနှင့်စုံဖက်ပြီးနောက်မိမိယောက္ခမသားချင်းစု၏နာမည်ကိုခံယူခဲ့၏။)ထိုသူတို့သည်မိမိတို့ဘိုးဘေးများမှာမည်သူမည်ဝါဖြစ်သည်ကို သက်သေခံအထောက်အထားမပြနိုင်ကြသဖြင့်ယဇ်ပုရောဟိတ်များအဖြစ်အသိအမှတ်ပြုခြင်းကိုမခံရကြ။-