နေ​ဟ​မိ 6:13-17 Common Language Bible (BCL)

13. ငါ​သည်​အ​ပြစ်​ကူး​လွန်​ခြင်း​အား​ဖြင့်​အ​သ ရေ​ပျက်​၍ အ​ရှက်​ကွဲ​ရ​လေ​အောင်​သူ​တို့​သည် ရှေ​မာ​ယ​ကို​ငှား​ရမ်း​၍​ငါ့​အား​ခြောက်​လှန့် ခိုင်း​ကြ​၏။

14. ``အို ဘု​ရား​သ​ခင်​တော​ဘိ​နှင့်​သမ္ဘာ​လတ်​တို့ ပြု​ကြ​သည့်​အ​မှု​ကို​သ​တိ​ရ​တော်​မူ​၍ သူ တို့​အား​အပြစ်​ဒဏ်​ခတ်​တော်​မူ​ပါ။ အ​ကျွန်ုပ် ကို​ခြောက်​လှန့်​ရန်​ကြိုး​စား​သူ၊ အ​မျိုး​သ​မီး ပ​ရော​ဖက်​နော​ဒိ​နှင့်​အခြား​ပ​ရော​ဖက်​တို့ ကို​သ​တိ​ရ​တော်​မူ​ပါ။

15. အ​လုပ်​လုပ်​ရက်​ငါး​ဆယ့်​နှစ်​ရက်​ရှိ​သော​အ​ခါ ဧ​လု​လ၊ လ​နှစ်​ဆယ့်​ငါး​ရက်​နေ့​၌​မြို့​ရိုး​ကို လက်​စ​သတ်​ကြ​၏။-

16. ဤ​သ​တင်း​ကို​ပတ်​ဝန်း​ကျင်​နိုင်​ငံ​များ​ရှိ​ငါ တို့​ရန်​သူ​များ​ကြား​ကြ​သော​အ​ခါ မိ​မိ​တို့ အ​သ​ရေ​ပျက်​ရ​ပြီ​ဖြစ်​ကြောင်း​သိ​ရှိ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ဤ​အ​လုပ်​ပြီး​စီး သွား​သည်​မှာ ဘု​ရား​သ​ခင်​ကူ​မ​တော်​မူ​သော ကြောင့်​ဖြစ်​သည်​ကို​လူ​တိုင်း​ပင်​ရိပ်​မိ​သော ကြောင့်​ဖြစ်​၏။

17. ဤ​ကာ​လ​အ​တော​အ​တွင်း​၌​ယု​ဒ​အ​မျိုး သား​ခေါင်း​ဆောင်​များ​သည် တော​ဘိ​နှင့်​စာ အား​ဖြင့်​ဆက်​သွယ်​လျက်​နေ​ခဲ့​ကြ​၏။-

နေ​ဟ​မိ 6