နေ​ဟ​မိ 6:1-11 Common Language Bible (BCL)

1. ငါ​တို့​သည်​မြို့​တံ​ခါး​များ​ကို​မ​တပ်​ဆင် ရ​ကြ​သေး​သော်​လည်း မြို့​ရိုး​ကို​တည်​ဆောက် ပြီး​ကြောင်း​ကို​လည်း​ကောင်း၊ မြို့​ရိုး​တွင်​ပေါက် ပျက်​နေ​သည့်​နေ​ရာ​များ​လည်း​မ​ရှိ​တော့ ကြောင်း​ကို​လည်း​ကောင်း​သမ္ဘာ​လတ်၊ တော​ဘိ၊ ဂေ​ရှင်​နှင့်​အ​ခြား​ရန်​သူ​များ​ကြား​သိ ကြ​၏။-

2. သို့​ဖြစ်​၍​သမ္ဘာ​လတ်​နှင့်​ဂေ​ရှင်​တို့​သည်​သြ နော​လွင်​ပြင်​ရှိ​ရွာ​တစ်​ရွာ​တွင် သူ​တို့​နှင့်​လာ ရောက်​တွေ့​ဆုံ​ရန်​ငါ့​အား​မှာ​ကြား​ကြ​၏။ ဤ​သို့​မှာ​ကြား​ခြင်း​မှာ​ငါ့​ကို​အန္တ​ရာယ် ပြု​ရန်​လှည့်​စား​မှု​သာ​ဖြစ်​ပေ​သည်။-

3. ငါ​သည်​သူ​တို့​ထံ​သို့​လူ​စေ​လွှတ်​၍``ငါ​သည် ဤ​အ​ရပ်​တွင်​အ​ရေး​ကြီး​သည့်​အ​လုပ်​ကို လုပ်​ဆောင်​လျက်​နေ​ရ​သ​ဖြင့် ထို​အ​ရပ်​သို့ မ​လာ​နိုင်။ သင်​တို့​နှင့်​လာ​ရောက်​တွေ့​ဆုံ​ရန် ကိစ္စ​တစ်​ခု​တည်း​အ​တွက်​ဤ​အ​လုပ်​ကို​ရပ် ဆိုင်း​၍​မ​ထား​နိုင်​ပါ'' ဟု​ပြန်​ကြား​ပေး လိုက်​၏။

4. သူ​တို့​သည်​လေး​ကြိမ်​တိုင်​တိုင်​မှာ​ကြား​သ ဖြင့် ငါ​သည်​ထို​သို့​ပင်​လေး​ကြိမ်​တိုင်​တိုင် ပြန်​ကြား​လိုက်​၏။

5. ထို​နောက်​ငါး​ကြိမ်​မြောက်​သမ္ဘာ​လတ်​စေ လွှတ်​သော​အ​စေ​ခံ​၌​ချိပ်​မ​နှိပ်​သော​စာ ပါ​ရှိ​၏။-

6. ထို​စာ​တွင်``သင်​နှင့်​ယု​ဒ​အ​မျိုး​သား​တို့​သည်​ပုန်​ကန် ရန်​အ​ကြံ​နှင့်​မြို့​ရိုး​ကို​တည်​ဆောက်​လျက်​နေ ကြောင်း​နီး​နား​ဝန်း​ကျင်​ရှိ​လူ​မျိုး​တို့​ပြော ဆို​နေ​ကြ​သည်​ဟူ​သော​သ​တင်း​ကို​ဂေ​ရှင် ထံ​မှ​ငါ​ကြား​သိ​ရ​ပါ​သည်။ သင်​သည်​မင်း လုပ်​လို​သ​ဖြင့်၊-

7. ယေ​ရု​ရှ​လင်​မြို့​တွင်​မိ​မိ​အား​ယု​ဒ​ဘု​ရင် အ​ဖြစ်​ကြေ​ညာ​ရန် ပ​ရော​ဖက်​အ​ချို့​နှင့်​စီ​စဉ် ထား​ကြောင်း​ကို​လည်း​ငါ့​အား​ဂေ​ရှင်​ပြော​ပြ ပါ​သည်။ ဘု​ရင်​မင်း​မြတ်​သည်​ဤ​သ​တင်း​ကို ဧ​ကန်​မု​ချ​ကြား​သိ​တော်​မူ​လိမ့်​မည်။ ထို ကြောင့်​ငါ​နှင့်​တိုင်​ပင်​ရန်​လာ​ပါ​လော့'' ဟု ဖော်​ပြ​ပါ​ရှိ​၏။

8. ငါ​က​လည်း``သင်​ပြော​သ​မျှ​တို့​သည်​မ​ဟုတ် မ​မှန်။ သင်​ကိုယ်​တိုင်​လုပ်​ကြံ​ပြော​ဆို​ခြင်း သာ​ဖြစ်​၏'' ဟု​ပြန်​ကြား​လိုက်​၏။

9. မြို့​ရိုး​တည်​ဆောက်​မှု​ရပ်​ဆိုင်း​သွား​စေ​ရန်​သူ တို့​အား​လုံး​သည်​ငါ​တို့​အား​ခြိမ်း​ခြောက် လျက်​နေ​ကြ​၏။ သို့​ရာ​တွင်``အို ဘု​ရား​သ​ခင်၊ ယ​ခု​အ​ကျွန်ုပ်​အား​ခွန်​အား​ကြီး​မား​စေ တော်​ပါ'' ဟု​ဆု​တောင်း​၏။

10. ထို​အ​ချိန်​အ​တော​အ​တွင်း​၌​မ​ဟေ​တ ဗေ​လ​၏​မြေး၊ ဒေ​လာ​ယ​၏​သား​ရှေ​မာ​ယ သည်​မိ​မိ​နေ​အိမ်​မှ​မ​ထွက်​ခွာ​နိုင်​သ​ဖြင့် ငါ​သည်​သူ့​ထံ​သို့​သွား​ရောက်​ရာ​သူ​က``ငါ တို့​သည်​ဗိ​မာန်​တော်​သို့​သွား​၍​သန့်​ရှင်း​ရာ ဌာ​န​တော်​တွင်​ပုန်း​အောင်း​ကာ​တံ​ခါး​များ ကို​ပိတ်​ထား​ကြ​ကုန်​အံ့။ သူ​တို့​သည်​ကိုယ် တော်​ကို​သတ်​ရန်​လာ​ကြ​လိမ့်​မည်။ အ​ဘယ် ည​၌​မ​ဆို​လာ​၍​ကိုယ်​တော်​ကို​သတ်​ကြ လိမ့်​မည်'' ဟု​ငါ့​အား​ပြော​ကြား​၏။

11. ထို​အ​ခါ​ငါ​က``ငါ​သည်​ထွက်​ပြေး​တိမ်း ရှောင်​တတ်​သော​သူ​မ​ဟုတ်။ အ​သက်​ချမ်း​သာ ရ​ရန်​ဗိ​မာန်​တော်​ထဲ​တွင်​ပုန်း​အောင်း​တတ် သူ​ဟု​သင်​ထင်​မှတ်​ပါ​သ​လော။ ဗိ​မာန် တော်​သို့​ငါ​မ​သွား'' ဟု​ပြန်​ပြော​လိုက်​၏။

နေ​ဟ​မိ 6