7. အရေးယူဆောင်ရွက်ရန်စိတ်ပိုင်းဖြတ်လိုက်၏။ ငါသည်ပြည်သူခေါင်းဆောင်များနှင့်အုပ်ချုပ် ရေးမှူးတို့အား``သင်တို့သည်မိမိတို့ညီ အစ်ကိုများကိုနှိပ်စက်ညှဉ်းဆဲလျက်နေကြ ပါသည်တကား'' ဟုပြစ်တင်ပြောဆို၏။ငါသည်ဤပြဿနာကို ဖြေရှင်းရန်လူထု စည်းဝေးတစ်ရပ်ကိုခေါ်ယူပြီးလျှင်၊-
8. ``မိမိတို့ကိုယ်ကိုလူမျိုးခြားများလက် သို့ရောင်းချရကြသူ ယုဒအမျိုးသားညီ အစ်ကိုတို့အားတတ်နိုင်သမျှငါတို့ပြန် လည်ဝယ်ယူပြီးမှ ယခုသင်တို့က မိမိတို့ အမျိုးသားအချင်းချင်းပြန်လည်ရောင်း စားလျက်နေကြပါတကား'' ဟုဆိုသော အခါခေါင်းဆောင်များသည်ဆိတ်ဆိတ် နေကြ၏။ စကားတစ်ခွန်းကိုမျှပြန်၍ မပြောနိုင်ကြ။
9. ထိုနောက်ငါသည်သူတို့အား``သင်တို့ပြု သောအမှုသည်မကောင်းပါတကား။ ရန်သူ လူမျိုးခြားများသည်ငါတို့အားသရော် ခြင်းမှကင်းလွတ်စေရန် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကာသင်တို့မှန်ရာကိုလုပ် ဆောင်သင့်ကြသည်။-
10. ငါသည်ပြည်သူတို့အားငွေနှင့်ဂျုံစပါးကို ချေးငှားပါ၏။ ငါ၏အပေါင်းအဖော်များ နှင့်လုပ်သားများသည်လည်းဤနည်းအတိုင်း ပင်ပြုကြပါ၏။ ယခုငါတို့သည်ထိုအကြွေး များကိုပြန်လည်တောင်းခံမှုမပြုဘဲနေ ကြစို့။-
11. သူတို့ပေးဆပ်ရန်ရှိသော ငွေ၊ ဂျုံစပါး၊ စပျစ်ရည်၊ သံလွင်ဆီအကြွေးရှိသမျှ ကိုသင်ပုန်းချေလိုက်ကြစို့။ သူတို့၏လယ် များ၊ စပျစ်ဥယျာဉ်များ၊ သံလွင်ခြံများ နှင့်အိမ်များကိုယခုချက်ချင်းပြန်လည် ပေးအပ်လိုက်ကြစို့'' ဟုပြောကြား၏။
12. ခေါင်းဆောင်များက``အကျွန်ုပ်တို့သည်အရှင် ပြောဆိုသည့်အတိုင်းပြုပါမည်။ ထိုသူတို့ ၏ဥစ္စာပစ္စည်းများကိုပြန်လည်ပေးအပ်ကြ ပါမည်။ အကြွေးများကိုလည်းတောင်းခံမှု ပြုကြတော့မည်မဟုတ်ပါ'' ဟုပြန်ပြော ကြ၏။ငါသည်ယဇ်ပုရောဟိတ်များကိုခေါ်ယူကာ သူတို့၏ရှေ့တွင်ခေါင်းဆောင်တို့အား မိမိတို့ ကတိအတိုင်းပြုလုပ်ကြရန်ကျိန်ဆိုစေ၏။-
13. ထိုနောက်ငါပတ်ထားသည့်ခါးစည်း ကိုချွတ်၍ခါပြီးလျှင်``ကတိမတည်သူသင် တို့ရှိသမျှကိုဘုရားသခင်သည်ဤသို့ ခါတော်မူလိမ့်မည်။ သင်တို့၏အိမ်များနှင့်သင် တို့ပိုင်ပစ္စည်းဥစ္စာဟူသမျှကိုသိမ်းယူတော် မူမည်ဖြစ်၍သင်တို့အတွက်အဘယ်အရာ မျှကျန်ရှိလိမ့်မည်မဟုတ်'' ဟုဆို၏။ထိုအရပ်တွင်ရှိသောသူအပေါင်းတို့ က``အာမင်'' ဟုဝန်ခံပြီးလျှင်ထာဝရ ဘုရားကိုထောမနာပြုကြကုန်၏။ ထို နောက်ခေါင်းဆောင်တို့သည်မိမိတို့၏ ကတိအတိုင်းဆောင်ရွက်ကြလေသည်။
14. ယုဒဘုရင်ခံအဖြစ်နှင့်ငါတာဝန်ယူရ သည့်တစ်ဆယ့်နှစ်နှစ်အတောအတွင်းအာ တဇေရဇ်ဧကရာဇ်မင်း၏နန်းစံအနှစ် နှစ်ဆယ်မြောက်မှသုံးဆယ့်နှစ်နှစ်မြောက် တိုင်အောင် ငါနှင့်တကွငါ၏ဆွေမျိုးသား ချင်းတို့သည်ဘုရင်ခံအနေဖြင့်ငါရ သင့်ရထိုက်သည့်ရိက္ခာကိုမယူပါ။-
15. ငါ၏အလျင်ဘုရင်ခံလုပ်ခဲ့သူတို့သည် ပြည်သူတို့အားဝန်လေးစေခဲ့ကြ၏။ သူ တို့ထံမှရိက္ခာနှင့်စပျစ်ရည်အတွက်တစ် နေ့လျှင် ငွေဒင်္ဂါးလေးဆယ်တောင်းယူခဲ့ ကြလေသည်။ ထိုဘုရင်ခံတို့၏အစေ အပါးများသည်ပင်လျှင်ပြည်သူတို့အား ညှဉ်းပန်းနှိပ်စက်ခဲ့ကြ၏။ ငါမူကား ဘုရားသခင်အားကြောက်ရွံ့ရိုသေသူ ဖြစ်သဖြင့်ထိုသို့မပြု။-
16. ငါ့မှာရှိသမျှသောစွမ်းရည်ခွန်အားကိုမြို့ ရိုးတည်ဆောက်ရာတွင်အသုံးပြု၏။ ငါသည် အဘယ်လယ်မြေကိုမျှလည်းမဝယ်။ ငါ၏ အလုပ်သမားရှိသမျှသည်လည်းမြို့ရိုး တည်ဆောက်မှုတွင်ပါဝင်လုပ်ကိုင်ကြသည်။-
17. ပတ်ဝန်းကျင်တိုင်းပြည်များမှငါ့ထံသို့ လာရောက်ကြသည့်လူများအပြင် ယုဒ အမျိုးသားများနှင့် သူတို့၏ခေါင်းဆောင် တစ်ရာ့ငါးဆယ်ကို ငါသည်ငါ့စားပွဲတွင် ပုံမှန်ကျွေးမွေး၏။-
18. ယင်းသို့ကျွေးမွေးရန်အတွက်နေ့စဉ်နေ့တိုင်း နွားတစ်ကောင်၊ လက်ရွေးစင်သိုးခြောက်ကောင် နှင့်ကြက်အမြောက်အမြားကိုချက်ပြုတ် ကျွေးမွေးသည်။ ထို့ပြင်ဆယ်ရက်တစ်ကြိမ် စပျစ်ရည်ကိုလည်းထုတ်ပေး၏။ သို့ရာတွင် ငါသည်ပြည်သူတို့ထမ်းရသောဝန်လေး ကြောင်းကိုသိသဖြင့် ဘုရင်ခံအနေဖြင့် ခံစားထိုက်သောရိက္ခာကြေးများကိုမ တောင်းခံပါ။