နေ​ဟ​မိ 4:10-19 Common Language Bible (BCL)

10. ယု​ဒ​ပြည်​သူ​တို့​က``ငါ​တို့​သည်​သယ်​ပိုး​၍ ပင်​ပန်း​နွမ်း​နယ်​ကြ​လေ​ပြီ။သယ်​ယူ​ရန်​အ​မှိုက်​သ​ရိုက်​လည်း​များ​စွာ ရှိ​သေး​သ​ဖြင့်အ​ဘယ်​သို့​လျှင်​ယ​နေ့​မြို့​ရိုး​ကို​ငါ​တို့ တည်​ဆောက်​နိုင်​ကြ​ပါ​မည်​နည်း''ဟူ​သော​သီ​ချင်း​ကို​သီ​ဆို​ကြ​၏။

11. ငါ​တို့​၏​ရန်​သူ​များ​သည်​ငါ​တို့​မ​မြင် မ​သိ​နိုင်​မီ ငါ​တို့​အား​ဝင်​ရောက်​သတ်​ဖြတ် ကာ​မြို့​ရိုး​တည်​ဆောက်​မှု​ကို​ရပ်​စဲ​စေ​ရန် ကြံ​စည်​ကြ​၏။-

12. ရန်​သူ​များ​အ​ကြား​တွင်​နေ​ထိုင်​သူ​ယု​ဒ အ​မျိုး​သား​တို့​သည်​ငါ​တို့​ထံ​လာ​ရောက် ပြီး​လျှင် ငါ​တို့​အား​ရန်​သူ​တို့​တိုက်​ခိုက်​ရန် အ​ဘယ်​သို့​ကြံ​စည်​လျက်​ရှိ​ကြောင်း​ကို အ​ကြိမ်​ပေါင်း​များ​စွာ​သ​တိ​ပေး​ကြ​၏။-

13. သို့​ဖြစ်​၍​ငါ​သည်​ပြည်​သူ​တို့​အား ဋ္ဌား၊ လှံ၊ လေး​လက်​နက်​များ​ကို​စွဲ​ကိုင်​စေ​ကာ​တည် ဆောက်​၍​မ​ပြီး​သေး​သည့်​မြို့​ရိုး​များ​၏ နောက်​တွင်​သား​ချင်း​စု​အ​လိုက်​နေ​ရာ ယူ​စေ​၏။

14. ငါ​သည်​ပြည်​သူ​တို့​စိုး​ရိမ်​ပူ​ပန်​လျက်​နေ ကြ​သည်​ကို​မြင်​သ​ဖြင့် သူ​တို့​နှင့်​တ​ကွ သူ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​အုပ်​ချုပ်​ရေး မှူး​များ​အား``ငါ​တို့​၏​ရန်​သူ​များ​ကို​မ ကြောက်​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည်​အ ဘယ်​မျှ​ကြီး​မြတ်​တော်​မူ​၍​ကြောက်​မက် ဖွယ်​ကောင်း​သည်​ကို​သ​တိ​ရ​လျက်​သင်​တို့ ၏​ညီ​အစ်​ကို​သား​မ​ယား​အိမ်​ရာ​များ အ​တွက်​တိုက်​ပွဲ​ဝင်​ကြ​လော့'' ဟု​နှိုး​ဆော်​၏။-

15. ရန်​သူ​များ​သည်​မိ​မိ​တို့​အ​ကြံ​အ​စည်​ကို ငါ​တို့​သိ​ရှိ​သွား​ကြောင်း​ကြား​ကြ​သော အ​ခါ သူ​တို့​၏​အ​ကြံ​အ​စည်​ကို​ဘု​ရား​သ​ခင်​ပယ်​ဖျက်​တော်​မူ​ပြီ​ဖြစ်​ကြောင်း​ရိပ် မိ​ကြ​၏။ ထို​နောက်​ငါ​တို့​ရှိ​သ​မျှ​သည်​မြို့ ရိုး​ကို​ဆက်​လက်​တည်​ဆောက်​ကြ​လေ​သည်။

16. ထို​အ​ချိန်​မှ​အ​စ​ပြု​၍​ငါ​၏​လူ​စု​တစ်​ဝက် သည်​အ​လုပ်​လုပ်​၍​ကျန်​တစ်​ဝက်​က​လှံ၊ ဒိုင်း လွှား၊ လေး​တို့​ကို​ကိုင်​ဆောင်​ကာ​သံ​ချပ်​အင်္ကျီ များ​ကို​ဝတ်​ဆင်​ပြီး​လျှင်​ကင်း​စောင့်​ရ​ကြ လေ​သည်။ ငါ​တို့​၏​ခေါင်း​ဆောင်​များ​သည်​မြို့ ရိုး​ပြန်​လည်​တည်​ဆောက်​လျက်​နေ​သူ​ယု​ဒ အ​မျိုး​သား​တို့​အား​ထောက်​ခံ​အား​ပေး ကြ​၏။-

17. ဆောက်​လုပ်​ရေး​ပစ္စည်း​များ​ကို​သယ်​ယူ​သူ​တို့ သည်​ပင်​လျှင်​လက်​တစ်​ဖက်​ဖြင့်​သယ်​ယူ​၍ အ​ခြား​လက်​တစ်​ဖက်​ဖြင့်​လက်​နက်​ကို​စွဲ ကိုင်​ထား​ကြ​၏။-

18. တည်​ဆောက်​သော​သူ​အ​ပေါင်း​တို့​သည်​လည်း ခါး​တွင်​ဋ္ဌား​ကို​ဆွဲ​လျက်​တည်​ဆောက်​ကြ​၏။ ဘေး​အန္တ​ရာယ်​အ​ချက်​ပေး​ရန်​တံပိုး​ခ​ရာ မှုတ်​ရ​မည့်​သူ​သည်​ငါ​၏​အ​နီး​တွင်​ရပ် လျက်​နေ​၏။-

19. ငါ​သည်​ပြည်​သူ​များ၊ သူ​တို့​၏​အုပ်​ချုပ်​ရေး မှူး​များ​နှင့်​ခေါင်း​ဆောင်​များ​အား``ငါ​တို့​၏ အ​လုပ်​သည်​ပြန့်​ကျဲ​၍​နေ​သ​ဖြင့်​ငါ​တို့ သည်​မြို့​ရိုး​ပေါ်​တွင်​တစ်​ဦး​နှင့်​တစ်​ဦး အ​လှမ်း​ဝေး​စွာ​အ​လုပ်​လုပ်​ရ​ကြ​၏။-

နေ​ဟ​မိ 4