နေ​ဟ​မိ 4:1-10 Common Language Bible (BCL)

1. မြို့​ရိုး​ကို​ငါ​တို့​ယု​ဒ​အ​မျိုး​သား​တို့ ပြန် လည်​တည်​ဆောက်​လျက်​ရှိ​ကြ​ကြောင်း​ကို သမ္ဘာ​လတ်​ကြား​သိ​သော​အ​ခါ လွန်​စွာ အ​မျက်​ထွက်​၍​ငါ​တို့​အား​ပြက်​ရယ် ပြု​လေ​၏။-

2. သူ​၏​အ​ပေါင်း​အ​ဖော်​များ​နှင့်​ရှ​မာ​ရိ​တပ် သား​များ​ရှေ့​တွင်​သူ​က``ဤ​အ​စွမ်း​အ​စ​မ​ရှိ သော​ယု​ဒ​အ​မျိုး​သား​တို့​သည်​မည်​သို့​ပြု ကြ​သ​နည်း။ သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​ကို ပြန်​လည်​တည်​ဆောက်​ရန်​ကြံ​ရွယ်​ကြ​သ​လော။ ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့်​ဤ​အ​မှု​ကို​နေ့ ချင်း​ပြီး​စီး​နိုင်​မည်​ဟု​ထင်​မှတ်​ကြ​သ​လော။ ကျွမ်း​လောင်​ထား​သည့်​အမှိုက်​ပုံ​မှ​ကျောက်​တုံး များ​ကို​ထုတ်​လုပ်​နိုင်​ကြ​မည်​လော'' ဟု​ဆို​၏။

3. သူ့​အ​နီး​တွင်​ရပ်​လျက်​နေ​သော​တော​ဘိ​က``သူ တို့​သည်​အ​ဘယ်​သို့​သော​မြို့​ရိုး​ကို​တည်​ဆောက် နိုင်​ကြ​မည်​နည်း။ သူ​တို့​၏​မြို့​ရိုး​သည်​မြေ​ခွေး တိုး​မိ​လျှင်​ပြို​ကျ​လိမ့်​မည်'' ဟု​ထောက်​ခံ ပြော​ဆို​၏။

4. ငါ​က``အို ဘု​ရား​သ​ခင်​အ​ကျွန်ုပ်​တို့​အား ထို​သူ​တို့​အ​ဘယ်​သို့​ပြက်​ရယ်​ပြု​ကြ​သည် ကို​နား​ထောင်​တော်​မူ​ပါ။ သူ​တို့​သည်​မိ​မိ တို့​ကဲ့​ရဲ့​ပြော​ဆို​သည့်​စ​ကား​ဖြင့်​တန်​ပြန် ထိ​ကြ​ပါ​စေ​သော။ သူ​တို့​သည်​မိ​မိ​တို့​တွင် ရှိ​သ​မျှ​သော​ဥစ္စာ​ပစ္စည်း​များ​ကို​အ​လု အ​ယက်​ခံ​ရ​လျက် နိုင်​ငံ​ရပ်​ခြား​သို့​ဖမ်း ဆီး​ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​ပါ​စေ သော။-

5. မြို့​ရိုး​ကို​တည်​ဆောက်​လျက်​နေ​သူ​အ​ကျွန်ုပ် တို့​အား သူ​တို့​သည်​စော်​ကား​ကြ​သော​ကြောင့် သူ​တို့​ပြု​သော​ဒု​စ​ရိုက်​ကို​ခွင့်​လွှတ်​တော်​မ မူ​ပါ​နှင့်။ သူ​တို့​၏​အ​ပြစ်​များ​ကို​မေ့​တော် မ​မူ​ပါ​နှင့်'' ဟု​ဆု​တောင်း​ပတ္ထ​နာ​ပြု​၏။

6. သို့​ဖြစ်​၍​ငါ​တို့​သည်​မြို့​ရိုး​ကို​ဆက်​လက် တည်​ဆောက်​ကြ​ရာ ဆောက်​လုပ်​သူ​တို့​၏​စိတ် အား​ထက်​သန်​မှု​ကြောင့် မ​ကြာ​မီ​ပင်​မြို့​ရိုး အ​မြင့်​တစ်​ဝက်​တိုင်​အောင်​ပြီး​လေ​၏။

7. သမ္ဘာ​လတ်၊ တော​ဘိ​တို့​မှ​စ​၍၊ အာ​ရပ်၊ အမ္မုန်၊ အာ​ဇုတ်​အ​မျိုး​သား​များ​သည်​ယေ​ရု​ရှ​လင် မြို့​ကို​ပြန်​လည်​တည်​ဆောက်​မှု​တိုး​တက်​လျက် ရှိ​ကြောင်း၊ မြို့​ရိုး​ပြို​ပျက်​နေ​သည့်​နေ​ရာ​များ ကို​ဖာ​ထေး​လျက်​ရှိ​ကြောင်း​ကို​ကြား​သိ ကြ​သ​ဖြင့်​လွန်​စွာ​အ​မျက်​ထွက်​ကြ​၏။-

8. သို့​ဖြစ်​၍​သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သို့ လာ​ရောက်​တိုက်​ခိုက်​၍ မြို့​ကို​က​စဥ့်​က​လျား ဖြစ်​အောင်​ပြု​လုပ်​ရန်​တိုင်​ပင်​ကြံ​စည်​ကြ​၏။-

9. သို့​ရာ​တွင်​ငါ​တို့​သည်​ငါ​တို့​၏​ဘု​ရား​သ​ခင်​ထံ​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက် ရန်​သူ တို့​၏​ဘေး​မှ​ကာ​ကွယ်​ရန်​နေ့​ရော​ညဥ့်​ပါ ကင်း​စောင့်​ထား​ကြ​၏။

10. ယု​ဒ​ပြည်​သူ​တို့​က``ငါ​တို့​သည်​သယ်​ပိုး​၍ ပင်​ပန်း​နွမ်း​နယ်​ကြ​လေ​ပြီ။သယ်​ယူ​ရန်​အ​မှိုက်​သ​ရိုက်​လည်း​များ​စွာ ရှိ​သေး​သ​ဖြင့်အ​ဘယ်​သို့​လျှင်​ယ​နေ့​မြို့​ရိုး​ကို​ငါ​တို့ တည်​ဆောက်​နိုင်​ကြ​ပါ​မည်​နည်း''ဟူ​သော​သီ​ချင်း​ကို​သီ​ဆို​ကြ​၏။

နေ​ဟ​မိ 4