3. ဟဿေနာသားချင်းစုသည်ငါးတံခါးကို တည်ဆောက်ပြီးလျှင်တံခါးထုပ်များ၊ တံခါး ရွက်များ၊ တံခါးပိတ်ရန်မင်းတုပ်များနှင့် ကန့်လန့်ကျင်တို့ကိုတပ်ဆင်ကြ၏။
4. မြို့ရိုးနောက်တစ်ပိုင်းကိုဟက္ကု၏မြေး၊ ဥရိယ၏သားမေရမုတ်တည်ဆောက်၍၊နောက်ထပ်တစ်ပိုင်းကိုမေရှဇဗေလ၏မြေး၊ ဗေရခိ၏သားမေရှုလံတည်ဆောက်လေ သည်။နောက်တစ်ပိုင်းကိုဗာနာ၏သားဇာဒုတ် တည်ဆောက်၏။
5. နောက်ထပ်တစ်ပိုင်းကိုတေကောမြို့သားတို့ တည်ဆောက်ကြလေသည်။ သို့ရာတွင်မြို့၏ အကြီးအကဲများကမူ မိမိတို့အားကြီး ကြပ်သူတို့ပေးအပ်သည့်ကာယအလုပ် ကိုငြင်းဆန်ကြ၏။
6. ပါသာ၏သားယောယဒနှင့်ဗေသောဒေယ ၏သားမေရှုလံတို့သည်ယေရှာနာတံခါး ကိုပြန်လည်တည်ဆောက်ကြပြီးလျှင်တံခါး ထုပ်များ၊ တံခါးရွက်များ၊ တံခါးပိတ်ရန်မင်း တုပ်များနှင့်ကန့်လန့်ကျင်တို့ကိုတပ်ဆင် ကြ၏။
7. မြို့ရိုးနောက်တစ်ပိုင်းကိုဂိဗောင်မြို့သားမေ လတိ၊ မေရောနုတ်မြို့သားယာဒုန်နှင့်ဂိဗောင် မြို့သား၊ မိဇပါမြို့သားတို့ကဥဖရတ်မြစ် အနောက်ဘက်ပြည်နယ်ဘုရင်ခံ၏အိမ်တော် တိုင်အောင်တည်ဆောက်ကြ၏။
8. နောက်တစ်ပိုင်းကိုဟာဟာယ၏သား၊ ပန်း ထိမ်သမားသြဇေလတည်ဆောက်၍ နောက် တစ်ပိုင်းကိုမြို့ရိုးကျယ်တိုင်အောင်နံ့သာ ဆီထုတ်လုပ်သူဟာနနိတည်ဆောက်လေ သည်။
9. ဟုရ၏သား၊ ယေရုရှလင်နယ်တစ်ပိုင်းကို အုပ်ချုပ်ရသူ ရေဖာယသည်မြို့ရိုးနောက် တစ်ပိုင်းကိုတည်ဆောက်၏။
25-26. ဥဇဲ၏သားပါလလသည်မြို့ရိုးထောင့်နှင့် အစောင့်တပ်ဝင်းအနီးရှိ အထက်နန်းတော် အိုးမှအစပြု၍မြို့ရိုးနောက်တစ်ပိုင်း ကိုတည်ဆောက်၏။ပါရုပ်၏သားပေဒါယသည်နောက်တစ်ပိုင်း ကို အရှေ့ဘက်ရှိရေတံခါးနှင့်ဗိမာန်တော် အစောင့်ပြအိုးအနီးသို့တိုင်အောင်တည် ဆောက်လေသည်။ (ဤနေရာသည်ဗိမာန်တော် အလုပ်သမားများနေထိုင်ရာ ယေရုရှလင် မြို့ရှိသြဖေလဟုနာမည်တွင်သော ရပ်ကွက်တွင်ရှိသတည်း။)
27. တေကောမြို့သားတို့သည်ဒုတိယအကြိမ် မြို့ရိုးနောက်တစ်ပိုင်းကို ဗိမာန်တော်အစောင့် မျှော်စင်ကြီးရှေ့မှနေ၍သြဖေလအရပ် မြို့ရိုးအထိတည်ဆောက်ကြ၏။
28. နောက်တစ်ပိုင်းကိုယဇ်ပုရောဟိတ်တစ်စုက မြင်းတံခါးမှသည်မြောက်ဘက်သို့ မိမိတို့ နေအိမ်အသီးသီးရှေ့တွင်တည်ဆောက်ကြ လေသည်။
29. ဣမေရ၏သားဇာဒုတ်သည် မိမိ၏အိမ်ရှေ့၌ နောက်တစ်ပိုင်းကိုတည်ဆောက်၏။ထိုနောက်ရှေကနိ၏သား၊ အရှေ့တံခါးမှူး ရှေမာယသည် မြို့ရိုးတစ်ပိုင်းကိုဆက်လက် တည်ဆောက်၏။
30. ရှေလမိ၏သားဟာနနိနှင့်ဇာလပ်၏ဆဋ္ဌ မသားဟာနုန်တို့သည် ဒုတိယအကြိမ်မြို့ ရိုးနောက်တစ်ပိုင်းကိုတည်ဆောက်ကြ၏။နောက်တစ်ပိုင်းကိုဗေရခိ၏သားမေရှုလံ သည် မိမိ၏အိမ်ရှေ့တွင်တည်ဆောက်လေသည်။
31. ပန်းထိမ်သမားမာလခိသည်နောက်တစ်ပိုင်း ကိုဗိမာန်တော်မိဖကဒ်တံခါးနှင့် မြို့ရိုး၏ အရှေ့မြောက်ထောင့်ထိပ်တွင်ရှိသောအခန်း အနီး၊ ဗိမာန်တော်အလုပ်သမားများနှင့် ကုန်သည်တို့အသုံးပြုရာအဆောက်အအုံ တိုင်အောင်တည်ဆောက်၏။
32. နောက်ဆုံးအပိုင်းကိုပန်းထိမ်သမားများ နှင့်ကုန်သည်များကထိုမြို့ရိုးထောင့်ခန်း မှသိုးတံခါးတိုင်အောင်တည်ဆောက်ကြ သတည်း။