နေ​ဟ​မိ 3:24-32 Common Language Bible (BCL)

24. ဟေ​န​ဒဒ်​၏​သား​ဗိန္နိ​သည်​နောက်​တစ်​ပိုင်း ကို​အာ​ဇ​ရိ​၏​နေ​အိမ်​မှ​မြို့​ထောင့်​တိုင် အောင်​တည်​ဆောက်​၏။

25-26. ဥ​ဇဲ​၏​သား​ပါ​လ​လ​သည်​မြို့​ရိုး​ထောင့်​နှင့် အ​စောင့်​တပ်​ဝင်း​အ​နီး​ရှိ အ​ထက်​နန်း​တော် အိုး​မှ​အ​စ​ပြု​၍​မြို့​ရိုး​နောက်​တစ်​ပိုင်း ကို​တည်​ဆောက်​၏။ပါ​ရုပ်​၏​သား​ပေ​ဒါ​ယ​သည်​နောက်​တစ်​ပိုင်း ကို အ​ရှေ့​ဘက်​ရှိ​ရေ​တံ​ခါး​နှင့်​ဗိ​မာန်​တော် အ​စောင့်​ပြ​အိုး​အ​နီး​သို့​တိုင်​အောင်​တည် ဆောက်​လေ​သည်။ (ဤ​နေ​ရာ​သည်​ဗိ​မာန်​တော် အ​လုပ်​သ​မား​များ​နေ​ထိုင်​ရာ ယေ​ရု​ရှ​လင် မြို့​ရှိ​သြ​ဖေ​လ​ဟု​နာ​မည်​တွင်​သော ရပ်​ကွက်​တွင်​ရှိ​သ​တည်း။)

27. တေ​ကော​မြို့​သား​တို့​သည်​ဒု​တိ​ယ​အ​ကြိမ် မြို့​ရိုး​နောက်​တစ်​ပိုင်း​ကို ဗိ​မာန်​တော်​အ​စောင့် မျှော်​စင်​ကြီး​ရှေ့​မှ​နေ​၍​သြ​ဖေ​လ​အ​ရပ် မြို့​ရိုး​အ​ထိ​တည်​ဆောက်​ကြ​၏။

28. နောက်​တစ်​ပိုင်း​ကို​ယဇ်​ပု​ရော​ဟိတ်​တစ်​စု​က မြင်း​တံ​ခါး​မှ​သည်​မြောက်​ဘက်​သို့ မိ​မိ​တို့ နေ​အိမ်​အ​သီး​သီး​ရှေ့​တွင်​တည်​ဆောက်​ကြ လေ​သည်။

29. ဣ​မေ​ရ​၏​သား​ဇာ​ဒုတ်​သည် မိ​မိ​၏​အိမ်​ရှေ့​၌ နောက်​တစ်​ပိုင်း​ကို​တည်​ဆောက်​၏။ထို​နောက်​ရှေ​က​နိ​၏​သား၊ အ​ရှေ့​တံ​ခါး​မှူး ရှေ​မာ​ယ​သည် မြို့​ရိုး​တစ်​ပိုင်း​ကို​ဆက်​လက် တည်​ဆောက်​၏။

30. ရှေ​လ​မိ​၏​သား​ဟာ​န​နိ​နှင့်​ဇာ​လပ်​၏​ဆ​ဋ္ဌ မ​သား​ဟာ​နုန်​တို့​သည် ဒု​တိ​ယ​အ​ကြိမ်​မြို့ ရိုး​နောက်​တစ်​ပိုင်း​ကို​တည်​ဆောက်​ကြ​၏။နောက်​တစ်​ပိုင်း​ကို​ဗေ​ရ​ခိ​၏​သား​မေ​ရှု​လံ သည် မိ​မိ​၏​အိမ်​ရှေ့​တွင်​တည်​ဆောက်​လေ​သည်။

31. ပန်း​ထိမ်​သ​မား​မာ​လ​ခိ​သည်​နောက်​တစ်​ပိုင်း ကို​ဗိ​မာန်​တော်​မိ​ဖ​ကဒ်​တံ​ခါး​နှင့် မြို့​ရိုး​၏ အ​ရှေ့​မြောက်​ထောင့်​ထိပ်​တွင်​ရှိ​သော​အ​ခန်း အ​နီး၊ ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​နှင့် ကုန်​သည်​တို့​အ​သုံး​ပြု​ရာ​အ​ဆောက်​အ​အုံ တိုင်​အောင်​တည်​ဆောက်​၏။

32. နောက်​ဆုံး​အ​ပိုင်း​ကို​ပန်း​ထိမ်​သ​မား​များ နှင့်​ကုန်​သည်​များ​က​ထို​မြို့​ရိုး​ထောင့်​ခန်း မှ​သိုး​တံ​ခါး​တိုင်​အောင်​တည်​ဆောက်​ကြ သ​တည်း။

နေ​ဟ​မိ 3