နေ​ဟ​မိ 3:2-9 Common Language Bible (BCL)

2. ယေ​ရိ​ခေါ​မြို့​သား​တို့​သည်​မြို့​ရိုး​နောက် တစ်​ပိုင်း​ကို​တည်​ဆောက်​ကြ​၍၊ဣ​မ​ရိ​၏​သား​ဇက္ကု​ရ​သည် နောက်​ထပ်​တစ် ပိုင်း​ကို​တည်​ဆောက်​လေ​သည်။

3. ဟ​ဿေ​နာ​သား​ချင်း​စု​သည်​ငါး​တံ​ခါး​ကို တည်​ဆောက်​ပြီး​လျှင်​တံ​ခါး​ထုပ်​များ၊ တံ​ခါး ရွက်​များ၊ တံ​ခါး​ပိတ်​ရန်​မင်း​တုပ်​များ​နှင့် ကန့်​လန့်​ကျင်​တို့​ကို​တပ်​ဆင်​ကြ​၏။

4. မြို့​ရိုး​နောက်​တစ်​ပိုင်း​ကို​ဟက္ကု​၏​မြေး၊ ဥ​ရိ​ယ​၏​သား​မေ​ရ​မုတ်​တည်​ဆောက်​၍၊နောက်​ထပ်​တစ်​ပိုင်း​ကို​မေ​ရှ​ဇ​ဗေ​လ​၏​မြေး၊ ဗေ​ရ​ခိ​၏​သား​မေ​ရှု​လံ​တည်​ဆောက်​လေ သည်။နောက်​တစ်​ပိုင်း​ကို​ဗာ​နာ​၏​သား​ဇာ​ဒုတ် တည်​ဆောက်​၏။

5. နောက်​ထပ်​တစ်​ပိုင်း​ကို​တေ​ကော​မြို့​သား​တို့ တည်​ဆောက်​ကြ​လေ​သည်။ သို့​ရာ​တွင်​မြို့​၏ အ​ကြီး​အ​ကဲ​များ​က​မူ မိ​မိ​တို့​အား​ကြီး ကြပ်​သူ​တို့​ပေး​အပ်​သည့်​ကာ​ယ​အ​လုပ် ကို​ငြင်း​ဆန်​ကြ​၏။

6. ပါ​သာ​၏​သား​ယော​ယ​ဒ​နှင့်​ဗေ​သော​ဒေ​ယ ၏​သား​မေ​ရှု​လံ​တို့​သည်​ယေ​ရှာ​နာ​တံ​ခါး ကို​ပြန်​လည်​တည်​ဆောက်​ကြ​ပြီး​လျှင်​တံ​ခါး ထုပ်​များ၊ တံခါး​ရွက်​များ၊ တံ​ခါး​ပိတ်​ရန်​မင်း တုပ်​များ​နှင့်​ကန့်​လန့်​ကျင်​တို့​ကို​တပ်​ဆင် ကြ​၏။

7. မြို့​ရိုး​နောက်​တစ်​ပိုင်း​ကို​ဂိ​ဗောင်​မြို့​သား​မေ လ​တိ၊ မေ​ရော​နုတ်​မြို့​သား​ယာ​ဒုန်​နှင့်​ဂိ​ဗောင် မြို့​သား၊ မိ​ဇ​ပါ​မြို့​သား​တို့​က​ဥ​ဖ​ရတ်​မြစ် အ​နောက်​ဘက်​ပြည်​နယ်​ဘု​ရင်​ခံ​၏​အိမ်​တော် တိုင်​အောင်​တည်​ဆောက်​ကြ​၏။

8. နောက်​တစ်​ပိုင်း​ကို​ဟာ​ဟာ​ယ​၏​သား၊ ပန်း ထိမ်​သ​မား​သြ​ဇေ​လ​တည်​ဆောက်​၍ နောက် တစ်​ပိုင်း​ကို​မြို့​ရိုး​ကျယ်​တိုင်​အောင်​နံ့​သာ ဆီ​ထုတ်​လုပ်​သူ​ဟာ​န​နိ​တည်​ဆောက်​လေ သည်။

9. ဟု​ရ​၏​သား၊ ယေ​ရု​ရှ​လင်​နယ်​တစ်​ပိုင်း​ကို အုပ်​ချုပ်​ရ​သူ ရေ​ဖာ​ယ​သည်​မြို့​ရိုး​နောက် တစ်​ပိုင်း​ကို​တည်​ဆောက်​၏။

25-26. ဥ​ဇဲ​၏​သား​ပါ​လ​လ​သည်​မြို့​ရိုး​ထောင့်​နှင့် အ​စောင့်​တပ်​ဝင်း​အ​နီး​ရှိ အ​ထက်​နန်း​တော် အိုး​မှ​အ​စ​ပြု​၍​မြို့​ရိုး​နောက်​တစ်​ပိုင်း ကို​တည်​ဆောက်​၏။ပါ​ရုပ်​၏​သား​ပေ​ဒါ​ယ​သည်​နောက်​တစ်​ပိုင်း ကို အ​ရှေ့​ဘက်​ရှိ​ရေ​တံ​ခါး​နှင့်​ဗိ​မာန်​တော် အ​စောင့်​ပြ​အိုး​အ​နီး​သို့​တိုင်​အောင်​တည် ဆောက်​လေ​သည်။ (ဤ​နေ​ရာ​သည်​ဗိ​မာန်​တော် အ​လုပ်​သ​မား​များ​နေ​ထိုင်​ရာ ယေ​ရု​ရှ​လင် မြို့​ရှိ​သြ​ဖေ​လ​ဟု​နာ​မည်​တွင်​သော ရပ်​ကွက်​တွင်​ရှိ​သ​တည်း။)

နေ​ဟ​မိ 3