13. ဟာနုန်နှင့်ဇာနောမြို့သားတို့သည် ချိုင့် တံခါးကိုပြန်လည်တည်ဆောက်ပြီးလျှင် တံခါးရွက်များ၊ တံခါးပိတ်ရန်မင်းတုပ် များနှင့်ကန့်လန့်ကျင်များကိုတပ်ဆင်ကြ၏။ ထို့နောက်မြို့ရိုးပေတစ်ထောင့်ငါးရာကို အမှိုက်ပုံတံခါးတိုင်အောင်ပြင်ဆင်ကြ၏။
14. ရေခပ်၏သားဗေသက္ကရင်နယ်ကိုအုပ်ချုပ်ရ သူမာလခိယသည် အမှိုက်ပုံတံခါးကိုပြန် လည်တည်ဆောက်၍တံခါးရွက်များ၊ မင်းတုပ် များနှင့်ကန့်လန့်ကျင်များကိုတပ်ဆင်လေ သည်။
15. ကောလဟောဇ၏သား၊ မိဇပါနယ်ကိုအုပ် ချုပ်ရသူရှလ္လုံသည် စမ်းရေတွင်းတံခါးကို ပြန်လည်တည်ဆောက်ကာအမိုးမိုး၍တံခါး ရွက်များ၊ မင်းတုပ်များနှင့်ကန့်လန့်ကျင် များကိုတပ်ဆင်၏။ သူသည်ဘုရင်ဥယျာဉ် အနီး၊ ရှိလောင်ရေကန်မြို့ရိုးကိုဒါဝိဒ်မြို့ တော်လှေကားတိုင်အောင်တည်ဆောက်လေ သည်။
16. အာဇဗုတ်၏သားဗက်ဇုရနယ်တစ်ဝက် ကိုအုပ်ချုပ်ရသူနေဟမိသည် မြို့ရိုးနောက် တစ်ပိုင်းကိုဒါဝိဒ်သင်္ချိုင်း၊ ရေကန်နှင့်စစ် တန်းလျားများတိုင်အောင်ဆောက်လုပ်၏။
17. အောက်ပါလေဝိအနွယ်ဝင်တို့သည် မြို့ရိုး တည်ဆောက်မှုတွင်ပါဝင်ကူညီကြလေ သည်။ဗာနိ၏သားရေဟုံသည်မြို့ရိုးနောက်တစ် ပိုင်းကိုတည်ဆောက်၍၊ကိလနယ်တစ်ဝက်ကိုအုပ်ချုပ်ရသူဟာ ရှဘိသည် နောက်တစ်ပိုင်းကိုမိမိနယ်ကိုယ် စားတည်ဆောက်၏။
18. နောက်တစ်ပိုင်းကိုဟေနဒဒ်၏သား၊ ကိလ နယ်အခြားတစ်ဝက်ကိုအုပ်ချုပ်ရသူ ဗာဝဲတည်ဆောက်၏။
19. ယောရှ၏သား၊ မိဇပါမြို့ကိုအုပ်ချုပ်ရသူ ဧဇေရသည် လက်နက်တိုက်ရှေ့ရှိမြို့ရိုးကို မြို့ထောင့်တိုင်အောင်တည်ဆောက်လေသည်။
20. နောက်တစ်ပိုင်းကိုဇဗ္ဗဲ၏သားဗာရုတ်သည် ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်၏အိမ် တော်အဝင်ဝတိုင်အောင်တည်ဆောက်၏။
21. နောက်တစ်ပိုင်းကိုဟက္ကုတ်၏မြေး၊ ဥရိယ ၏သားမေရမုတ်သည် ဧလျာရှိပ်၏အိမ် တော်အစွန်ဆုံးတိုင်အောင်တည်ဆောက် သတည်း။
22. အောက်ပါယဇ်ပုရောဟိတ်တို့သည် မြို့ရိုးတည် ဆောက်မှုတွင်ပါဝင်ကူညီကြလေသည်။ယေရုရှလင်မြို့အနီးတစ်ဝိုက်ရှိနယ်မြေမှ ယဇ်ပုရောဟိတ်များသည်မြို့ရိုးနောက်တစ် ပိုင်းကိုတည်ဆောက်ကြ၏။
23. နောက်တစ်ပိုင်းကိုဗင်္ယာမိန်နှင့်ဟာရှုပ်တို့က မိမိတို့နေအိမ်များရှေ့တွင်တည်ဆောက် ကြ၍၊အာနနိ၏မြေးမာသေယ၏သားအာဇရိ က မိမိအိမ်ရှေ့၌နောက်တစ်ပိုင်းကိုတည် ဆောက်လေသည်။
24. ဟေနဒဒ်၏သားဗိန္နိသည်နောက်တစ်ပိုင်း ကိုအာဇရိ၏နေအိမ်မှမြို့ထောင့်တိုင် အောင်တည်ဆောက်၏။
25-26. ဥဇဲ၏သားပါလလသည်မြို့ရိုးထောင့်နှင့် အစောင့်တပ်ဝင်းအနီးရှိ အထက်နန်းတော် အိုးမှအစပြု၍မြို့ရိုးနောက်တစ်ပိုင်း ကိုတည်ဆောက်၏။ပါရုပ်၏သားပေဒါယသည်နောက်တစ်ပိုင်း ကို အရှေ့ဘက်ရှိရေတံခါးနှင့်ဗိမာန်တော် အစောင့်ပြအိုးအနီးသို့တိုင်အောင်တည် ဆောက်လေသည်။ (ဤနေရာသည်ဗိမာန်တော် အလုပ်သမားများနေထိုင်ရာ ယေရုရှလင် မြို့ရှိသြဖေလဟုနာမည်တွင်သော ရပ်ကွက်တွင်ရှိသတည်း။)
27. တေကောမြို့သားတို့သည်ဒုတိယအကြိမ် မြို့ရိုးနောက်တစ်ပိုင်းကို ဗိမာန်တော်အစောင့် မျှော်စင်ကြီးရှေ့မှနေ၍သြဖေလအရပ် မြို့ရိုးအထိတည်ဆောက်ကြ၏။
28. နောက်တစ်ပိုင်းကိုယဇ်ပုရောဟိတ်တစ်စုက မြင်းတံခါးမှသည်မြောက်ဘက်သို့ မိမိတို့ နေအိမ်အသီးသီးရှေ့တွင်တည်ဆောက်ကြ လေသည်။
29. ဣမေရ၏သားဇာဒုတ်သည် မိမိ၏အိမ်ရှေ့၌ နောက်တစ်ပိုင်းကိုတည်ဆောက်၏။ထိုနောက်ရှေကနိ၏သား၊ အရှေ့တံခါးမှူး ရှေမာယသည် မြို့ရိုးတစ်ပိုင်းကိုဆက်လက် တည်ဆောက်၏။
30. ရှေလမိ၏သားဟာနနိနှင့်ဇာလပ်၏ဆဋ္ဌ မသားဟာနုန်တို့သည် ဒုတိယအကြိမ်မြို့ ရိုးနောက်တစ်ပိုင်းကိုတည်ဆောက်ကြ၏။နောက်တစ်ပိုင်းကိုဗေရခိ၏သားမေရှုလံ သည် မိမိ၏အိမ်ရှေ့တွင်တည်ဆောက်လေသည်။
31. ပန်းထိမ်သမားမာလခိသည်နောက်တစ်ပိုင်း ကိုဗိမာန်တော်မိဖကဒ်တံခါးနှင့် မြို့ရိုး၏ အရှေ့မြောက်ထောင့်ထိပ်တွင်ရှိသောအခန်း အနီး၊ ဗိမာန်တော်အလုပ်သမားများနှင့် ကုန်သည်တို့အသုံးပြုရာအဆောက်အအုံ တိုင်အောင်တည်ဆောက်၏။
32. နောက်ဆုံးအပိုင်းကိုပန်းထိမ်သမားများ နှင့်ကုန်သည်များကထိုမြို့ရိုးထောင့်ခန်း မှသိုးတံခါးတိုင်အောင်တည်ဆောက်ကြ သတည်း။