1. မြို့ရိုးကိုပြန်လည်တည်ဆောက်ကြပုံကား ဤ သို့တည်း။ ယဇ်ပုရောဟိတ်မင်းဧလျာရှိပ်နှင့်သူ၏ အဖော်ယဇ်ပုရောဟိတ်တို့သည် သိုးတံခါး ကိုပြန်လည်တည်ဆောက်၍ဆက်ကပ်ပြီး လျှင် တံခါးရွက်များကိုတပ်ဆင်ကြ၏။ သူတို့သည်မြို့ရိုးကိုရာပြည့်ပြအိုးနှင့် ဟာနနေလပြအိုးတိုင်အောင်ဆက်ကပ် ကြ၏။
2. ယေရိခေါမြို့သားတို့သည်မြို့ရိုးနောက် တစ်ပိုင်းကိုတည်ဆောက်ကြ၍၊ဣမရိ၏သားဇက္ကုရသည် နောက်ထပ်တစ် ပိုင်းကိုတည်ဆောက်လေသည်။
3. ဟဿေနာသားချင်းစုသည်ငါးတံခါးကို တည်ဆောက်ပြီးလျှင်တံခါးထုပ်များ၊ တံခါး ရွက်များ၊ တံခါးပိတ်ရန်မင်းတုပ်များနှင့် ကန့်လန့်ကျင်တို့ကိုတပ်ဆင်ကြ၏။
4. မြို့ရိုးနောက်တစ်ပိုင်းကိုဟက္ကု၏မြေး၊ ဥရိယ၏သားမေရမုတ်တည်ဆောက်၍၊နောက်ထပ်တစ်ပိုင်းကိုမေရှဇဗေလ၏မြေး၊ ဗေရခိ၏သားမေရှုလံတည်ဆောက်လေ သည်။နောက်တစ်ပိုင်းကိုဗာနာ၏သားဇာဒုတ် တည်ဆောက်၏။
5. နောက်ထပ်တစ်ပိုင်းကိုတေကောမြို့သားတို့ တည်ဆောက်ကြလေသည်။ သို့ရာတွင်မြို့၏ အကြီးအကဲများကမူ မိမိတို့အားကြီး ကြပ်သူတို့ပေးအပ်သည့်ကာယအလုပ် ကိုငြင်းဆန်ကြ၏။
6. ပါသာ၏သားယောယဒနှင့်ဗေသောဒေယ ၏သားမေရှုလံတို့သည်ယေရှာနာတံခါး ကိုပြန်လည်တည်ဆောက်ကြပြီးလျှင်တံခါး ထုပ်များ၊ တံခါးရွက်များ၊ တံခါးပိတ်ရန်မင်း တုပ်များနှင့်ကန့်လန့်ကျင်တို့ကိုတပ်ဆင် ကြ၏။
7. မြို့ရိုးနောက်တစ်ပိုင်းကိုဂိဗောင်မြို့သားမေ လတိ၊ မေရောနုတ်မြို့သားယာဒုန်နှင့်ဂိဗောင် မြို့သား၊ မိဇပါမြို့သားတို့ကဥဖရတ်မြစ် အနောက်ဘက်ပြည်နယ်ဘုရင်ခံ၏အိမ်တော် တိုင်အောင်တည်ဆောက်ကြ၏။
8. နောက်တစ်ပိုင်းကိုဟာဟာယ၏သား၊ ပန်း ထိမ်သမားသြဇေလတည်ဆောက်၍ နောက် တစ်ပိုင်းကိုမြို့ရိုးကျယ်တိုင်အောင်နံ့သာ ဆီထုတ်လုပ်သူဟာနနိတည်ဆောက်လေ သည်။
9. ဟုရ၏သား၊ ယေရုရှလင်နယ်တစ်ပိုင်းကို အုပ်ချုပ်ရသူ ရေဖာယသည်မြို့ရိုးနောက် တစ်ပိုင်းကိုတည်ဆောက်၏။
10. ဟာရုမပ်၏သားယေဒါယသည်မိမိနေ အိမ်အနီးရှိမြို့ရိုးတစ်ပိုင်းကိုတည်ဆောက်၍၊ဟာရှဗာနိ၏သားဟတ္တုတ်သည်နောက်တစ် ပိုင်းကိုတည်ဆောက်လေသည်။
11. ဟာရိမ်၏သားမာလခိယနှင့်ပါတတ်မောဘ ၏သားဟာရှုတ်တို့သည် မြို့ရိုးနောက်တစ်ပိုင်း နှင့်မုန့်ဖိုပြအိုးကိုတည်ဆောက်ကြ၏။
12. ဟာလောဟတ်၏သား၊ ယေရုရှလင်နယ်ကျန် တစ်ဝက်ကိုအုပ်ချုပ်ရသူရှလ္လုံသည် နောက်တစ် ပိုင်းကိုတည်ဆောက်၏။ (တည်ဆောက်မှုတွင် သူ၏သမီးများကဝိုင်းဝန်းကူညီကြ လေသည်။)