2. ငါ့အား``သင်သည်အဘယ်ကြောင့်ဤမျှ မျက်နှာညှိုးငယ်ပါသနည်း။ သင့်မှာဖျား နာမှုလည်းမရှိသဖြင့် သင်သည်စိတ် မချမ်းမသာဖြစ်၍မျက်နှာညှိုးငယ် ခြင်းဖြစ်ရမည်'' ဟုဆို၏။ဤသို့မင်းကြီးဆိုသောအခါငါသည် ထိတ်လန့်ပြီးလျှင်၊-
3. ``အရှင်မင်းကြီးသည်ထာဝစဉ်သက် တော်ရှည်ပါစေသော။ ကျွန်တော်မျိုး၏ ဘိုးဘေးများအားသင်္ဂြိုဟ်ရာမြို့သည် ပျက်စီးယိုယွင်းလျက်မြို့တံခါးများ သည်လည်းမီးလောင်ကျွမ်းကုန်ပြီဖြစ် သဖြင့် ကျွန်တော်မျိုးသည်အဘယ်သို့ လျှင်မျက်နှာမညှိုးငယ်ဘဲနေနိုင်ပါ မည်နည်း'' ဟုပြန်လည်လျှောက်ထား၏။
4. ဧကရာဇ်မင်းက``အဘယ်အရာကိုတောင်း လိုပါသနည်း'' ဟုမေးတော်မူ၏။ငါသည်ကောင်းကင်ဘုံရှင်ဘုရားသခင် ထံတော်သို့ဆုတောင်းပတ္ထနာပြုပြီးမှ၊-
5. မင်းကြီးအား``အရှင်မင်းကြီး၊ အရှင်သည် ကျွန်တော်မျိုးအားစိတ်တော်နှင့်တွေ့တော်မူ ၍ ကျွန်တော်မျိုး၏ပန်ကြားချက်ကိုခွင့်ပြု ရန်အလိုရှိတော်မူပါလျှင်ကျွန်တော်မျိုး အားယုဒပြည်သို့သွားခွင့်ပြုတော်မူပါ။ ကျွန်တော်မျိုး၏ဘိုးဘေးများအားသင်္ဂြိုဟ် ရာမြို့ကိုပြန်လည်တည်ဆောက်ခွင့်ပြု တော်မူပါ'' ဟုလျှောက်၏။
6. မိဖုရားနှင့်ယှဉ်တွဲ၍ထိုင်လျက်နေသော ဧကရာဇ်မင်းသည် ငါ၏လျှောက်ထား ချက်ကိုခွင့်ပြုတော်မူပြီးလျှင် ငါ့အား``သင် သည်အဘယ်မျှကြာအောင်သွားလိုပါ သနည်း။ အဘယ်အခါ၌ပြန်လာပါမည် နည်း'' ဟုမေးတော်မူ၏။ ငါသည်ပြန်လာ မည့်အချိန်ကိုလျှောက်ထား၏။
7. ထိုနောက်ငါသည်ယုဒပြည်သို့ခရီးပြု ရာတွင် လိုအပ်သည့်အကူအညီပေးရန် အတွက်ဥဖရတ်မြစ်ကြီးအနောက်ဘက် ပြည်နယ်ဘုရင်ခံများထံသို့အမှာတော် စာကိုလည်းကောင်း၊-
8. ဗိမာန်တော်ရဲတိုက်ဝင်းတံခါးများ၊ မြို့ရိုး များနှင့်ငါ၏အိမ်အတွက်သစ်ပေးရန်ဘုရင့် သစ်တောဝန်အာသပ်ထံသို့ အမှာတော်စာ ကိုလည်းကောင်းသနားတော်မူရန်ပန်ကြား ၏။ ဘုရားသခင်သည်ငါနှင့်အတူရှိတော် မူသည်ဖြစ်၍ ဧကရာဇ်မင်းသည်ငါတောင်း သမျှသောအရာတို့ကိုပေးသနားတော် မူပေသည်။
9. မင်းကြီးသည်စစ်အရာရှိအချို့နှင့်မြင်း တပ်ကိုငါနှင့်အတူစေလွှတ်ပေးတော်မူ သဖြင့် ငါသည်ဥဖရတ်မြစ်ကြီးအနောက် ဘက်ပြည်နယ်သို့ခရီးပြုပြီးလျှင် ထို အရပ်ရှိဘုရင်ခံတို့အားမင်းကြီး၏ အမှာတော်စာများကိုပေး၏။-
10. သို့ရာတွင်ဗေသဟောရနိမြို့သားသမ္ဘာ လတ်နှင့်အမ္မုန်ပြည်နယ်မှအရာရှိတောဘိ တို့သည် ဣသရေလအမျိုးသားတို့အား အကျိုးပြုစုရန်လူတစ်ယောက်ရောက်ရှိ လာကြောင်းကြားသိကြသောအခါလွန် စွာအမျက်ထွက်ကြ၏။