နေ​ဟ​မိ 2:14-19 Common Language Bible (BCL)

14. ထို​နောက်​မြို့​၏​အ​ရှေ့​ဘက်​မှ​နေ​၍​စမ်း​ရေ တွင်း​တံ​ခါး​နှင့် ဘု​ရင့်​ရေ​ကန်​ရှိ​ရာ​မြောက် ဘက်​သို့​သွား​၏။ ငါ​စီး​သည့်​မြည်း​သည် ကျောက်​အုတ်​ကျိုး​များ​အ​ကြား​တွင်​လမ်း ရှာ​၍​မ​ရ​သ​ဖြင့်၊-

15. ငါ​သည်​ကေ​ဒြုန်​ချိုင့်​ဝှမ်း​ထဲ​သို့​ဆင်း​၍ မြည်း​စီး​ပြီး​လျှင်​မြို့​ရိုး​ကို​စစ်​ဆေး ကြည့်​ရှု​၏။ ထို​နောက်​လာ​လမ်း​အ​တိုင်း ပြန်​ပြီး​လျှင်​ချိုင့်​ဝှမ်း​တံ​ခါး​မှ​နေ​၍ မြို့​ထဲ​သို့​ဝင်​၏။

16. အ​ဘယ်​အ​ရပ်​သို့​ငါ​သွား​ရောက်​ခဲ့​သည်၊ အ​ဘယ်​အ​မှု​ကို​ပြု​ခဲ့​သည်​တို့​ကို​မြို့​ထဲ မှာ​အ​ဘယ်​အ​ရာ​ရှိ​မျှ​မ​သိ​ချေ။ ယ​နေ့ တိုင်​အောင်​ငါ​သည်​ဤ​အမှု​ကိစ္စ​အ​ကြောင်း ကို​မျှ​ယု​ဒ​အ​မျိုး​သား​များ​ဖြစ်​ကြ သော​ယဇ်​ပု​ရော​ဟိတ်​များ၊ ခေါင်း​ဆောင်​များ၊ အ​ရာ​ရှိ​များ၊ ငါ​၏​အ​လုပ်​တွင်​ပါ​ဝင် ဆောင်​ရွက်​ကြ​မည့်​အ​ခြား​သူ​များ​အား ပြော​မ​ပြ​ရ​သေး။-

17. သို့​ရာ​တွင်​ယ​ခု​ငါ​သည်​သူ​တို့​အား``ယေ​ရု ရှ​လင်​မြို့​သည်​ယို​ယွင်း​ပျက်​စီး​လျက်​မြို့​ရိုး များ​သည်​လည်း​ပြို​ကျ​လျက်​နေ​သ​ဖြင့် ငါ တို့​အ​ဘယ်​သို့​ဒုက္ခ​ရောက်​နေ​သည်​ကို​သင် တို့​သိ​ကြ​၏။ ငါ​တို့​ဆက်​လက်​၍​အ​ရှက်​ကွဲ ခြင်း​မ​ခံ​ရ​စေ​ရန်​မြို့​ရိုး​တို့​ကို​ပြန်​လည် ပြု​ပြင်​ကြ​ကုန်​အံ့'' ဟု​ပြော​ဆို​ပြီး​လျှင်၊-

18. ထာ​ဝ​ရ​ဘုရား​သည်​ငါ​နှင့်​အ​ဘယ်​သို့​အ​တူ ရှိ​တော်​မူ​ခဲ့​၍ ငါ့​အား​ကူ​မ​တော်​မူ​ခဲ့​ကြောင်း ကို​လည်း​ကောင်း၊ ငါ့​အား​ဧ​က​ရာဇ်​မင်း​ကြီး အ​ဘယ်​သို့​အ​မိန့်​ရှိ​တော်​မူ​ခဲ့​ကြောင်း​ကို လည်း​ကောင်း​ဖော်​ပြ​၏။ထို​သူ​တို့​က``ပြန်​လည်​တည်​ဆောက်​မှု​ကို​ငါ တို့​အ​စ​ပြု​ကြ​ကုန်​အံ့'' ဟု​ဆို​ကာ​အ​လုပ် စ​ရန်​အ​သင့်​ပြင်​ဆင်​ကြ​လေ​သည်။

19. ထို​သ​တင်း​ကို​သမ္ဘာ​လတ်၊ တော​ဘိ​နှင့်​အာ​ရပ် အ​မျိုး​သား​ဂေ​ရှင်​တို့​ကြား​ကြ​သော​အ​ခါ ငါ​တို့​အား​လှောင်​ပြောင်​ကြ​၏။ သူ​တို့​က``သင် တို့​၏​အ​ကြံ​အ​စည်​ကား​အ​ဘယ်​သို့​နည်း။ ဧ​က​ရာဇ်​ဘု​ရင်​အား​သင်​တို့​ပုန်​ကန်​ကြ မည်​လော'' ဟု​ဆို​ကြ​၏။

နေ​ဟ​မိ 2