1. လေးလမျှကုန်လွန်ပြီးနောက်၊ တစ်နေ့သော အခါ၌ဧကရာဇ်မင်းအာတဇေရဇ်သည် ပွဲတော်တည်လျက်နေစဉ် ငါသည်သူ၏ထံ သို့သွား၍စပျစ်ရည်ကိုဆက်လေ၏။ မင်း ကြီးသည်ယခင်အဘယ်အခါ၌မျှငါ ၏မျက်နှာညှိုးငယ်သည်ကိုမတွေ့မမြင် ဘူးသဖြင့်၊-
2. ငါ့အား``သင်သည်အဘယ်ကြောင့်ဤမျှ မျက်နှာညှိုးငယ်ပါသနည်း။ သင့်မှာဖျား နာမှုလည်းမရှိသဖြင့် သင်သည်စိတ် မချမ်းမသာဖြစ်၍မျက်နှာညှိုးငယ် ခြင်းဖြစ်ရမည်'' ဟုဆို၏။ဤသို့မင်းကြီးဆိုသောအခါငါသည် ထိတ်လန့်ပြီးလျှင်၊-