နေ​ဟ​မိ 13:9-21 Common Language Bible (BCL)

9. အ​ခန်း​များ​ကို​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​မှု​ကို​ပြု​စေ​၍​ဗိ​မာန်​တော်​အ​သုံး အ​ဆောင်​များ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​များ နှင့်​နံ့​သာ​ပေါင်း​တို့​ကို​ပြန်​သွင်း​ရန်​အ​မိန့် ပေး​၏။

10. လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​ဗိ​မာန်​တော်​ဂီ​တ ပ​ညာ​သည်​များ​သည်​ရိက္ခာ​အ​လုံ​အ​လောက် မ​ရ​ကြ​သ​ဖြင့် မိ​မိ​တို့​၏​လယ်​ယာ​များ​ရှိ ရာ​သို့​ပြန်​သွား​ကြ​ကြောင်း​ကို​ငါ​ကြား သိ​ရ​၏။-

11. ယင်း​သို့​ဗိ​မာန်​တော်​ကို​စွန့်​ပစ်​ထား​ခဲ့​ရန် ခွင့်​ပြု​သူ​အုပ်​ချုပ်​ရေး​မှူး​တို့​အား ငါ​သည် ပြစ်​တင်​ပြော​ဆို​ကာ​လေ​ဝိ​အ​နွယ်​ဝင်​များ နှင့်​ဂီ​တ​ပ​ညာ​သည်​များ​ကို​ဗိ​မာန်​တော် သို့​ခေါ်​ယူ​ပြီး​လျှင်​အ​မှု​တော်​ကို​တစ်​ဖန် ပြန်​လည်​ထမ်း​ဆောင်​စေ​၏။-

12. ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် မိ​မိ​တို့​၏​ဆယ်​ဖို့​တစ်​ဖို့​အ​လှူ​ဖြစ် သည့်​ဆန်​စ​ပါး၊ စ​ပျစ်​ရည်​နှင့်​သံ​လွင်​ဆီ​ကို ဗိ​မာန်​တော်​ပစ္စည်း​သို​လှောင်​ခန်း​များ​သို့​ယူ ဆောင်​လာ​ကြ​လေ​သည်။-

13. ငါ​သည်​ယဇ်​ပု​ရော​ဟိတ်​ရှေ​လ​မိ၊ ပ​ညတ် ကျမ်း​တတ်​မြောက်​သူ​ဇာ​ဒုတ်​နှင့်​လေ​ဝိ​အ​နွယ် ဝင်​ပေ​ဒါ​ယ​တို့​အား​တာ​ဝန်​ခံ​ပစ္စည်း​ထိန်း များ​အ​ဖြစ်​ခန့်​ထား​၏။ မ​ဿ​နိ​၏​မြေး၊ ဇက္ကု​ရ ၏​သား​ဟာ​နန်​အား​ထို​သူ​တို့​၏​လက်​ထောက် အ​ဖြစ်​ခန့်​ထား​၏။ ဤ​သူ​တို့​သည်​မိ​မိ​တို့ ၏​လုပ်​ဖော်​ဆောင်​ဘက်​များ​အား​သစ္စာ​ရှိ​စွာ ရိက္ခာ​ဖြန့်​ဖြူး​ပေး​မည့်​သူ​များ​ဖြစ်​ကြောင်း ငါ​စိတ်​ချ​ယုံ​ကြည်​၏။

14. အို အ​ကျွန်ုပ်​၏​ဘု​ရား​သ​ခင်၊ကိုယ်​တော်​၏​ဗိ​မာန် တော်​အ​တွက်​နှင့်​ဗိ​မာန်​တော်​တွင်​ဝတ်​ပြု​ကိုး ကွယ်​မှု​အ​တွက်​အ​ကျွန်ုပ်​ပြု​ခဲ့​သ​မျှ​သော အ​မှု​တို့​ကို​သ​တိ​ရ​တော်​မူ​ပါ။

15. ထို​ကာ​လ​ယု​ဒ​ပြည်​သူ​အ​ချို့​တို့​သည် ဥ​ပုသ် နေ့​၌​စ​ပျစ်​သီး​များ​နယ်​လျက်​နေ​ကြ​သည် ကို​လည်း​ကောင်း၊ အ​ချို့​တို့​သည်​ဂျုံ​စ​ပါး၊ စ​ပျစ်​ရည်၊ စ​ပျစ်​သီး၊ သ​ဖန်း​သီး​အ​စ​ရှိ သည်​တို့​ကို မိ​မိ​တို့​၏​မြည်း​များ​ပေါ်​တင်​ပြီး လျှင်​ယေ​ရု​ရှ​လင်​မြို့​သို့​သယ်​ဆောင်​လျက် နေ​ကြ​သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏။ သို့ ဖြစ်​၍​ဥ​ပုသ်​နေ့​တွင်​မည်​သည့်​အ​ရာ​ကို မျှ​မ​ရောင်း​ချ​ရန်​သူ​တို့​အား​ငါ​သ​တိ ပေး​၏။-

16. ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​တု​ရု​မြို့ သား​အ​ချို့​တို့​သည်​ငါး​နှင့်​အ​ခြား​ပစ္စည်း အ​မျိုး​မျိုး​ကို ငါ​တို့​အ​မျိုး​သား​များ​အား ဥ​ပုသ်​နေ့​တွင်​ရောင်း​ချ​ရန်​ယူ​ဆောင်​လာ ကြ​၏။-

17. ထို​အ​ခါ​ငါ​သည်​ယု​ဒ​ခေါင်း​ဆောင်​များ အား``သင်​တို့​ပြု​လျက်​ရှိ​သည့်​ဒု​စ​ရိုက်​ကို ကြည့်​ကြ​လော့။ သင်​တို့​သည်​ဥ​ပုသ်​နေ့​ကို ညစ်​ညမ်း​စေ​ကြ​၏။-

18. သင်​တို့​၏​ဘိုး​ဘေး​များ​သည်​ဒု​စ​ရိုက်​ကို ပြု​သ​ဖြင့် ဘု​ရား​သ​ခင်​သည်​ဤ​မြို့​ကို ဖျက်​ဆီး​စေ​ခြင်း​အား​ဖြင့်​သူ​တို့​အား​ဒဏ် ခတ်​တော်​မူ​၏။ သို့​ပါ​လျက်​သင်​တို့​သည် ဥ​ပုသ်​နေ့​ကို​ညစ်​ညမ်း​စေ​သော​အား​ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​သို့ ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ကို ပို​မို ပြင်း​ထန်​စွာ​သက်​ရောက်​စေ​ကြ​မည်​လော'' ဟု​ပြစ်​တင်​ပြော​ဆို​၏။

19. ထို​နောက်​ငါ​သည်​အ​ဖိတ်​နေ့​နေ​ဝင်​ချိန်​မှ ဥ​ပုသ်​နေ့​ကုန်​အ​ထိ​မြို့​တံ​ခါး​များ​ကို​ပိတ် ထား​ရန်​အ​မိန့်​ပေး​၏။ ဥ​ပုသ်​နေ့​၌​အ​ဘယ် ကုန်​စည်​ကို​မျှ​မြို့​ထဲ​သို့​မ​သွင်း​စေ​ရန်​ငါ သည်​လူ​အ​ချို့​တို့​အား​မြို့​တံ​ခါး​များ တွင်​အ​စောင့်​ချ​ထား​၏။-

20. ကုန်​ပစ္စည်း​အ​မျိုး​မျိုး​ရောင်း​ချ​သူ​ကုန်​သည် အ​ချို့​တို့​သည်​သော​ကြာ​နေ့​ည​၌​မြို့​တံ​ခါး ပြင်​တွင်​လာ​၍​အိပ်​ကြ​၏။ သူ​တို့​သည်​ယင်း​သို့ တစ်​ကြိမ်​နှစ်​ကြိမ်​ပြု​ကြ​၏။-

21. ငါ​သည်​သူ​တို့​အား``သင်​တို့​သည်​မိုး​လင်း​ချိန် ကို​မြို့​ပြင်​မှ​စောင့်​ဆိုင်း​လျက်​နေ​သော်​လည်း အ​ချည်း​နှီး​သာ​လျှင်​ဖြစ်​၏။ သင်​တို့​နောက် တစ်​ကြိမ်​ဤ​သို့​ပြု​ကြ​လျှင် ငါ​သည်​သင် တို့​အား​အ​ကြမ်း​ဖက်​၍​နှင်​ထုတ်​ရ​လိမ့်​မည်'' ဟု​သ​တိ​ပေး​၏။ ထို​အ​ခါ​မှ​အ​စ​ပြု​၍ သူ​တို့​သည်​ဥ​ပုသ်​နေ့​၌​မ​လာ​ကြ​တော့ ပေ။-

နေ​ဟ​မိ 13