1. ရှာလသေလ၏သားဇေရုဗဗေလ၊ ယဇ်ပုရောဟိတ်မင်းယောရှုတို့နှင့်အတူပြည်နှင်ဒဏ်သင့်ရာမှပြန်လာကြသူယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်များ၏စာရင်းကိုဖော်ပြပေအံ့။စရာယ၊ယေရမိ၊ဧဇရ၊အာမရိ၊မလ္လုတ်၊ဟတ္ထုတ်၊ရှေခနိ၊ရေဟုံ၊မေရမုတ်၊ဣဒေါ၊ဂိန္နေသုန်၊အဘိယ၊မိညာမိန်၊မာဒျာ၊ဗိလဂ၊ရှေမာယ၊ယောယရိပ်၊ယေဒါယ၊သလ္လု၊အာမောက်၊ဟိလခိ၊ယေဒါယ။ထိုသူတို့သည်ယောရှု၏လက်ထက်၌ မိမိတို့၏အဖော်ယဇ်ပုရောဟိတ်တို့၏ခေါင်းဆောင်များဖြစ်ကြ၏။အောက်ပါတို့သည်ကျေးဇူးတော်ချီးမွမ်းရာဋ္ဌမ္မသီချင်းများသီဆိုမှုတွင်တာဝန်ယူဆောင်ရွက်ရသူများဖြစ်ကြသည်။ယောရှု၊ဗိနွိ၊ကပ်မျေလ၊ရှေရဘိ၊ယုဒနှင့်မဿနိ၊
9. အောက်ပါတို့သည်တုန့်ပြန်သီဆိုမှုကိုပြုရသည့်သီချင်းသည်များဖြစ်ကြ၏။ ဗာကဗုကိ၊ ဥနိနှင့်အဖော်လေဝိအနွယ်ဝင်များ။
10. ယောရှု၏သားသည်ယောယကိမ်၊ ယောယကိမ်၏သားမှာဧလျာရှိပ်၊ ဧလျာရှိပ်၏သားကားယောယဒဖြစ်၏။
11. ယောယဒ၏သားသည်ယောနသန်၊ ယောနသန်၏သားမှာယာဒွါဖြစ်၏။