နေ​ဟ​မိ 11:8-17 Common Language Bible (BCL)

8. သလ္လု​၏​ဆွေ​မျိုး​ရင်း​ခြာ​များ​ဖြစ်​ကြ​သော ဂဗ္ဗဲ​နှင့်​သလ္လဲ။စု​စု​ပေါင်း ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ကိုး​ရာ​နှစ်​ဆယ့် ရှစ်​ယောက်​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ ထိုင်​ကြ​၏။-

9. ဇိ​ခ​ရိ​၏​သား​ယော​လ​သည်​သူ​တို့​၏​ခေါင်း ဆောင်​ဖြစ်​၍ သေ​နွာ​၏​သား​ယု​ဒ​သည်​ဒု​တိ​ယ ခေါင်း​ဆောင်​ဖြစ်​၏။ယော​ယ​ရိပ်​၏​သား​ယေ​ဒါ​ယ၊ ယာ​ခိန်။

11. မေ​ရှု​လံ​၏​မြေး၊ ဟိ​လ​ခိ​၏​သား​စ​ရာ​ယ။ သူ​၏​ဘိုး​ဘေး​များ​တွင်​ဇာ​ဒုတ်၊ မ​ရာ​ယုတ် နှင့်​ယဇ်​ပု​ရော​ဟိတ်​မင်း​အ​ဟိ​တုပ်​တို့​ပါ ဝင်​သည်။-

12. ဤ​သား​ချင်း​စု​မှ​လူ​စု​စု​ပေါင်း​ရှစ်​ရာ​နှစ် ဆယ့်​နှစ်​ယောက်​တို့​သည်​ဗိ​မာန်​တော်​တွင် အ​မှု​ထမ်း​ကြ​၏။ပေ​လ​လိ​၏​မြေး၊ ယေ​ရော​ဟံ​၏​သား​အ​ဒါ​ယ။ သူ​၏​ဘိုး​ဘေး​များ​တွင်​အာ​မ​ဇိ၊ ဇာ​ခ​ရိ၊ ပါ​ရှု​ရ၊ မာ​လ​ခိ​တို့​ပါ​ဝင်​သည်။-

13. ဤ​သား​ချင်း​စု​မှ​လူ​ပေါင်း​နှစ်​ရာ​လေး​ဆယ် နှစ်​ယောက်​တို့​သည်​အိမ်​ထောင်​ဦး​စီး​များ​ဖြစ် ကြ​၏။အ​ဟ​ဇိ​၏​မြေး၊အာ​ဇ​ရေ​လ​၏​သား​အာ​မ​ရှဲ။ သူ​၏​ဘိုး​ဘေး​များ​တွင်​မေ​ရှိ​လ​မုတ်​နှင့် ဣ​မေ​ရ​တို့​ပါ​ဝင်​သည်။-

14. ဤ​သား​ချင်း​စု​တွင်​ထူး​ချွန်​သော​စစ်​သူ​ရဲ တစ်​ရာ​နှစ်​ဆယ့်​ရှစ်​ယောက်​ရှိ​၏။ သူ​တို့​၏​ခေါင်း ဆောင်​မှာ​အ​ရေး​ပါ​အ​ရာ​ရောက်​သည့်​အိမ် ထောင်​စု​ဝင် ဇာ​ဗ​ဒေ​လ​ဖြစ်​၏။အာ​ဇ​ရိ​ကံ​၏​မြေး၊ ဟာ​ရှုပ်​၏​သား​ရှေ​မာ​ယ။ သူ​၏​ဘိုး​ဘေး​များ​တွင်​ဟာ​ရှ​ဘိ​နှင့်​ဗုန္နိ​တို့ ပါ​ဝင်​သည်။

16. ဗိ​မာန်​တော်​အ​ပြင်​မှု​ကြီး​ကြပ်​သူ​လေ​ဝိ အ​နွယ်​ဝင်​အ​ကြီး​အ​ကဲ​များ​ဖြစ်​ကြ​သော ရှဗ္ဗေ​သဲ​နှင့်​ယော​ဇ​ဗဒ်။

17. ဇာ​ဗ​ဒိ​၏​မြေး၊ မိက္ခာ​၏​သား​မ​ဿ​နိ။ သူ​သည် အာ​သပ်​မှ​ဆင်း​သက်​လာ​သူ​ဖြစ်​၏။ သူ​သည် ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ဆု​တောင်း​ပတ္ထ​နာ သီ​ချင်း​ကို​သီ​ဆို​ရာ​တွင်​ဗိ​မာန်​တော်​သီ ချင်း​အ​ဖွဲ့​ခေါင်း​ဆောင်​အ​ဖြစ်​ဆောင်​ရွက် သူ​ဖြစ်​၏။မ​ဿ​နိ​၏​လက်​ထောက်​ဗာ​က​ဗု​ကိ။ဂ​လာ​လ​၏​မြေး၊ ရှ​မွာ​၏​သား​သြ​ဗ​ဒိ။ သူ သည်​ယေ​ဒု​သုန်​မှ​ဆင်း​သက်​လာ​သူ​ဖြစ်​၏။

နေ​ဟ​မိ 11