24. ယုဒအနွယ်၊ ဇာရသားချင်းစုဝင်၊ မေရှဇ ဗေလ၏သားပေသဟိသည်ဣသရေလ အမျိုးတို့အမှုအရေးရှိသမျှနှင့်ဆိုင် ၍ ပေရသိဘုရင်မင်းအပါးတော်တွင် ခစားခဲ့၏။
25. လူအမြောက်အမြားပင်မိမိတို့လယ်ယာ များအနီးရှိမြို့တို့တွင်နေထိုင်ကြလေ သည်။ ယုဒအနွယ်ဝင်တို့သည်ကိရယ သာဘမြို့၊ ဒိဘုန်မြို့နှင့်ယေကပ်ဇေလမြို့ တို့၌လည်းကောင်း၊ ထိုမြို့များအနီးရှိ ကျေးရွာများ၌လည်းကောင်းနေထိုင်ကြ၏။-
26. သူတို့သည်ယေရွှ၊ မောလဒ၊ ဗက်ပါလက်၊-
27. ဟာဇာရွာလ၊ ဗေရရှေဘမြို့နှင့်ထိုမြို့တို့ ၏အနီးအနားဝန်းကျင်ရှိကျေးရွာများ ၌လည်းနေထိုင်ကြလေသည်။-
28. သူတို့သည်ဇိကလတ်မြို့၊ မေကောနမြို့နှင့် ထိုမြို့အနီးကျေးရွာများတွင်လည်းကောင်း၊-
29. အင်ရိမ္မုန်မြို့၊ ဇာရမြို့၊ ယာမုတ်မြို့၊