နေ​ဟ​မိ 11:22-36 Common Language Bible (BCL)

22. ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​လေ​ဝိ​အ​နွယ် ဝင်​တို့​ကို ကွပ်​ကဲ​အုပ်​ချုပ်​သူ​မှာ​ဟာ​ရှ​ဘိ​၏ မြေး၊ ဗာ​နိ​၏​သား​သြ​ဇိ​ဖြစ်​၏။ သူ​၏​ဘိုး​ဘေး များ​တွင်​မ​ဿ​နိ​နှင့်​မိက္ခာ​တို့​ပါ​ဝင်​၏။ သူ​သည် ဗိ​မာန်​တော်​ဝတ်​ပြု​ကိုး​ကွယ်​မှု​ဆိုင်​ရာ​ဂီ​တ တာ​ဝန်​ခံ​ဖြစ်​သည့်​အာ​သပ်​သား​ချင်း​စု ဝင်​ဖြစ်​ပေ​သည်။-

23. သား​ချင်း​စု​တို့​သည်​ဗိ​မာန်​တော်​တွင်​သီ​ဆို တီး​မှုတ်​မှု​ကို နေ့​စဉ်​အ​ဘယ်​သို့​အ​လှည့် ကျ​ဦး​ဆောင်​ရ​ကြ​မည်​ကို​ဖော်​ပြ​သည့် ဘု​ရင့်​ညွှန်​ကြား​ချက်​များ​ရှိ​၏။

24. ယု​ဒ​အ​နွယ်၊ ဇာ​ရ​သား​ချင်း​စု​ဝင်၊ မေ​ရှ​ဇ ဗေ​လ​၏​သား​ပေ​သ​ဟိ​သည်​ဣ​သ​ရေ​လ အ​မျိုး​တို့​အ​မှု​အ​ရေး​ရှိ​သ​မျှ​နှင့်​ဆိုင် ၍ ပေ​ရ​သိ​ဘု​ရင်​မင်း​အ​ပါး​တော်​တွင် ခ​စား​ခဲ့​၏။

25. လူ​အ​မြောက်​အ​မြား​ပင်​မိ​မိ​တို့​လယ်​ယာ များ​အ​နီး​ရှိ​မြို့​တို့​တွင်​နေ​ထိုင်​ကြ​လေ သည်။ ယု​ဒ​အ​နွယ်​ဝင်​တို့​သည်​ကိ​ရ​ယ သာ​ဘ​မြို့၊ ဒိ​ဘုန်​မြို့​နှင့်​ယေ​ကပ်​ဇေ​လ​မြို့ တို့​၌​လည်း​ကောင်း၊ ထို​မြို့​များ​အ​နီး​ရှိ ကျေး​ရွာ​များ​၌​လည်း​ကောင်း​နေ​ထိုင်​ကြ​၏။-

26. သူ​တို့​သည်​ယေ​ရွှ၊ မော​လ​ဒ၊ ဗက်​ပါ​လက်၊-

27. ဟာ​ဇာ​ရွာ​လ၊ ဗေ​ရ​ရှေ​ဘ​မြို့​နှင့်​ထို​မြို့​တို့ ၏​အ​နီး​အ​နား​ဝန်း​ကျင်​ရှိ​ကျေး​ရွာ​များ ၌​လည်း​နေ​ထိုင်​ကြ​လေ​သည်။-

28. သူ​တို့​သည်​ဇိ​က​လတ်​မြို့၊ မေ​ကော​န​မြို့​နှင့် ထို​မြို့​အ​နီး​ကျေး​ရွာ​များ​တွင်​လည်း​ကောင်း၊-

29. အင်​ရိမ္မုန်​မြို့၊ ဇာ​ရ​မြို့၊ ယာ​မုတ်​မြို့၊

30. ဇာ​နော​မြို့၊အ​ဒုံ​လံ​မြို့​နှင့်​ထို​မြို့​များ​အ​နီး ရှိ​ကျေး​ရွာ​များ​တွင်​လည်း​ကောင်း၊ လာ​ခိ​ရှ မြို့​နှင့်​အ​နီး​အ​နား​ရှိ​လယ်​ယာ​များ၊ အ​ဇေ ကာ​မြို့​နှင့်​အ​နီး​အ​နား​ရှိ​ကျေး​ရွာ​များ တွင်​လည်း​ကောင်း​နေ​ထိုင်​ကြ​၏။ အ​ချုပ်​အား ဖြင့်​ဆို​သော်​ယု​ဒ​ပြည်​သူ​တို့​သည်​တောင် ဘက်​ရှိ​ဗေ​ရ​ရှေ​ဘ​မြို့​နှင့်​မြောက်​ဘက်​ဟိန္နုံ ချိုင့်​ဝှမ်း​စပ်​ကြား​ရှိ​နယ်​မြေ​တွင်​နေ​ထိုင် ကြ​သ​တည်း။

31. ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့​သည်​ဂေ​ဗ​မြို့၊ မိတ် မတ်​မြို့၊ အာ​ဣ​မြို့၊ ဗေ​သ​လ​မြို့​နှင့်​အ​နီး အ​နား​ရှိ​ကျေး​ရွာ​များ​တွင်​လည်း​ကောင်း၊-

32-35. အာ​န​သုတ်​မြို့၊ နော​ဗ​မြို့၊ အာ​န​နိ​မြို့၊- ဟာ​ဇော်​မြို့၊ ရာ​မ​မြို့၊ ဂိတ္တိမ်​မြို့၊- ဟာ​ဒိဒ်​မြို့၊ ဇေ​ဘိုင်​မြို့၊ နေ​ဗလ္လတ်​မြို့၊ လော​ဒ​မြို့၊သြ​နော​မြို့​နှင့်​လက်​မှု​ပ​ညာ သည်​ချိုင့်​ဝှမ်း​တွင်​လည်း​ကောင်း​နေ​ထိုင်​ကြ​၏။-

36. ယု​ဒ​နယ်​မြေ​တွင်​နေ​ထိုင်​ခဲ့​သူ​လေ​ဝိ​အ​နွယ် ဝင်​အ​ချို့​တို့​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ နှင့်​အ​တူ​နေ​ထိုင်​ရ​ကြ​လေ​သည်။

နေ​ဟ​မိ 11