22. ယေရုရှလင်မြို့တွင်နေထိုင်သူလေဝိအနွယ် ဝင်တို့ကို ကွပ်ကဲအုပ်ချုပ်သူမှာဟာရှဘိ၏ မြေး၊ ဗာနိ၏သားသြဇိဖြစ်၏။ သူ၏ဘိုးဘေး များတွင်မဿနိနှင့်မိက္ခာတို့ပါဝင်၏။ သူသည် ဗိမာန်တော်ဝတ်ပြုကိုးကွယ်မှုဆိုင်ရာဂီတ တာဝန်ခံဖြစ်သည့်အာသပ်သားချင်းစု ဝင်ဖြစ်ပေသည်။-
23. သားချင်းစုတို့သည်ဗိမာန်တော်တွင်သီဆို တီးမှုတ်မှုကို နေ့စဉ်အဘယ်သို့အလှည့် ကျဦးဆောင်ရကြမည်ကိုဖော်ပြသည့် ဘုရင့်ညွှန်ကြားချက်များရှိ၏။
24. ယုဒအနွယ်၊ ဇာရသားချင်းစုဝင်၊ မေရှဇ ဗေလ၏သားပေသဟိသည်ဣသရေလ အမျိုးတို့အမှုအရေးရှိသမျှနှင့်ဆိုင် ၍ ပေရသိဘုရင်မင်းအပါးတော်တွင် ခစားခဲ့၏။
25. လူအမြောက်အမြားပင်မိမိတို့လယ်ယာ များအနီးရှိမြို့တို့တွင်နေထိုင်ကြလေ သည်။ ယုဒအနွယ်ဝင်တို့သည်ကိရယ သာဘမြို့၊ ဒိဘုန်မြို့နှင့်ယေကပ်ဇေလမြို့ တို့၌လည်းကောင်း၊ ထိုမြို့များအနီးရှိ ကျေးရွာများ၌လည်းကောင်းနေထိုင်ကြ၏။-