13. ဤသားချင်းစုမှလူပေါင်းနှစ်ရာလေးဆယ် နှစ်ယောက်တို့သည်အိမ်ထောင်ဦးစီးများဖြစ် ကြ၏။အဟဇိ၏မြေး၊အာဇရေလ၏သားအာမရှဲ။ သူ၏ဘိုးဘေးများတွင်မေရှိလမုတ်နှင့် ဣမေရတို့ပါဝင်သည်။-
14. ဤသားချင်းစုတွင်ထူးချွန်သောစစ်သူရဲ တစ်ရာနှစ်ဆယ့်ရှစ်ယောက်ရှိ၏။ သူတို့၏ခေါင်း ဆောင်မှာအရေးပါအရာရောက်သည့်အိမ် ထောင်စုဝင် ဇာဗဒေလဖြစ်၏။အာဇရိကံ၏မြေး၊ ဟာရှုပ်၏သားရှေမာယ။ သူ၏ဘိုးဘေးများတွင်ဟာရှဘိနှင့်ဗုန္နိတို့ ပါဝင်သည်။
16. ဗိမာန်တော်အပြင်မှုကြီးကြပ်သူလေဝိ အနွယ်ဝင်အကြီးအကဲများဖြစ်ကြသော ရှဗ္ဗေသဲနှင့်ယောဇဗဒ်။
17. ဇာဗဒိ၏မြေး၊ မိက္ခာ၏သားမဿနိ။ သူသည် အာသပ်မှဆင်းသက်လာသူဖြစ်၏။ သူသည် ကျေးဇူးတော်ချီးမွမ်းရာဆုတောင်းပတ္ထနာ သီချင်းကိုသီဆိုရာတွင်ဗိမာန်တော်သီ ချင်းအဖွဲ့ခေါင်းဆောင်အဖြစ်ဆောင်ရွက် သူဖြစ်၏။မဿနိ၏လက်ထောက်ဗာကဗုကိ။ဂလာလ၏မြေး၊ ရှမွာ၏သားသြဗဒိ။ သူ သည်ယေဒုသုန်မှဆင်းသက်လာသူဖြစ်၏။
18. လေဝိအနွယ်ဝင်စုစုပေါင်းနှစ်ရာရှစ်ဆယ် လေးယောက်တို့သည်သန့်ရှင်းသောယေရု ရှလင်မြို့တော်တွင်နေထိုင်ကြလေသည်။အက္ကုပ်၊တာလမုန်နှင့်သူ၏ဆွေမျိုးများဖြစ် ၍စုစုပေါင်းတစ်ရာခုနစ်ဆယ်နှစ်ယောက် ရှိသတည်း။
20. ကျန်ဣသရေလအမျိုးသားများ၊ ပုရောဟိတ် များနှင့်လေဝိအနွယ်ဝင်များသည်အခြား ယုဒမြို့ရွာတို့တွင်ကိုယ်ပိုင်မြေရာတွင်နေ ထိုင်ကြ၏။
21. ဗိမာန်တော်အလုပ်သမားများသည် ယေရု ရှလင်မြို့သြဖေလဟုအမည်တွင်သော အရပ်တွင်နေထိုင်၍ ဇိဟနှင့်ဂိသပတို့ ၏ကွပ်ကဲမှုအောက်တွင်အလုပ်လုပ်ကြ လေသည်။
22. ယေရုရှလင်မြို့တွင်နေထိုင်သူလေဝိအနွယ် ဝင်တို့ကို ကွပ်ကဲအုပ်ချုပ်သူမှာဟာရှဘိ၏ မြေး၊ ဗာနိ၏သားသြဇိဖြစ်၏။ သူ၏ဘိုးဘေး များတွင်မဿနိနှင့်မိက္ခာတို့ပါဝင်၏။ သူသည် ဗိမာန်တော်ဝတ်ပြုကိုးကွယ်မှုဆိုင်ရာဂီတ တာဝန်ခံဖြစ်သည့်အာသပ်သားချင်းစု ဝင်ဖြစ်ပေသည်။-
23. သားချင်းစုတို့သည်ဗိမာန်တော်တွင်သီဆို တီးမှုတ်မှုကို နေ့စဉ်အဘယ်သို့အလှည့် ကျဦးဆောင်ရကြမည်ကိုဖော်ပြသည့် ဘုရင့်ညွှန်ကြားချက်များရှိ၏။
24. ယုဒအနွယ်၊ ဇာရသားချင်းစုဝင်၊ မေရှဇ ဗေလ၏သားပေသဟိသည်ဣသရေလ အမျိုးတို့အမှုအရေးရှိသမျှနှင့်ဆိုင် ၍ ပေရသိဘုရင်မင်းအပါးတော်တွင် ခစားခဲ့၏။
25. လူအမြောက်အမြားပင်မိမိတို့လယ်ယာ များအနီးရှိမြို့တို့တွင်နေထိုင်ကြလေ သည်။ ယုဒအနွယ်ဝင်တို့သည်ကိရယ သာဘမြို့၊ ဒိဘုန်မြို့နှင့်ယေကပ်ဇေလမြို့ တို့၌လည်းကောင်း၊ ထိုမြို့များအနီးရှိ ကျေးရွာများ၌လည်းကောင်းနေထိုင်ကြ၏။-
26. သူတို့သည်ယေရွှ၊ မောလဒ၊ ဗက်ပါလက်၊-
27. ဟာဇာရွာလ၊ ဗေရရှေဘမြို့နှင့်ထိုမြို့တို့ ၏အနီးအနားဝန်းကျင်ရှိကျေးရွာများ ၌လည်းနေထိုင်ကြလေသည်။-
28. သူတို့သည်ဇိကလတ်မြို့၊ မေကောနမြို့နှင့် ထိုမြို့အနီးကျေးရွာများတွင်လည်းကောင်း၊-
29. အင်ရိမ္မုန်မြို့၊ ဇာရမြို့၊ ယာမုတ်မြို့၊
30. ဇာနောမြို့၊အဒုံလံမြို့နှင့်ထိုမြို့များအနီး ရှိကျေးရွာများတွင်လည်းကောင်း၊ လာခိရှ မြို့နှင့်အနီးအနားရှိလယ်ယာများ၊ အဇေ ကာမြို့နှင့်အနီးအနားရှိကျေးရွာများ တွင်လည်းကောင်းနေထိုင်ကြ၏။ အချုပ်အား ဖြင့်ဆိုသော်ယုဒပြည်သူတို့သည်တောင် ဘက်ရှိဗေရရှေဘမြို့နှင့်မြောက်ဘက်ဟိန္နုံ ချိုင့်ဝှမ်းစပ်ကြားရှိနယ်မြေတွင်နေထိုင် ကြသတည်း။