1. ခေါင်းဆောင်များသည်ယေရုရှလင်မြို့တွင် နေထိုင်ကြ၏။ အခြားသူတို့မူကားဆယ် အိမ်ထောင်လျှင် တစ်အိမ်ထောင်ကျသန့်ရှင်း သောယေရုရှလင်မြို့တော်တွင်လည်းကောင်း၊ ကျန်သောသူတို့ကိုအခြားမြို့ရွာများ တွင်လည်းကောင်းနေထိုင်စေရန်မဲချ၍ ဆုံးဖြတ်ကြ၏။-
2. ယေရုရှလင်မြို့တွင်မိမိတို့အလိုအလျောက် နေထိုင်သူတို့အားပြည်သူတို့ကချီးကူး ကြ၏။-
3. အခြားမြို့ရွာများတွင်ဣသရေလအမျိုး သားများ၊ ယဇ်ပုရောဟိတ်များ၊ လေဝိအနွယ် ဝင်များ၊ ဗိမာန်တော်အလုပ်သမားများ၊ ရှော လမုန်၏အစေခံများမှဆင်းသက်လာ သူများသည်ကိုယ်ပိုင်အိမ်များတွင်နေထိုင် ကြလေသည်။ယေရုရှလင်မြို့တွင်နေထိုင်သောယုဒပြည် နယ်အကြီးအကဲများကိုဖော်ပြအံ့။ဇာခရိ၏မြေး၊ သြဇိ၏သားအသာယ။ သူ၏ အခြားဘိုးဘေးများတွင်ယုဒ၏သားဖာရက် မှဆင်းသက်သူအာမရိ၊ ရှေဖတိနှင့်မဟာ လေလတို့ပါဝင်သည်။
5. ကောလဟောဇ၏မြေး၊ ဗာရုတ်၏သားမာသေယ။ သူ၏အခြားဘိုးဘေးများတွင်ရှေလ၏သား ယုဒမှဆင်းသက်သူဟဇာယ၊ အဒါယ၊ ယောယရိပ်နှင့်ဇာခရိတို့ပါဝင်သည်။
6. ဖရက်၏သားမြေးများအနက်သူရဲကောင်း လေးရာခြောက်ဆယ်ရှစ်ယောက်တို့သည် ယေရုရှလင်မြို့တွင်နေထိုင်ကြ၏။ယောဒ၏မြေး၊ မေရှုလံ၏သားသလ္လု။ သူ ၏အခြားဘိုးဘေးများတွင်ပေဒါယ၊ ကောလာယ၊ မာသေယ၊ ဣသေလ၊ ယေရှာယ တို့ပါဝင်သည်။
8. သလ္လု၏ဆွေမျိုးရင်းခြာများဖြစ်ကြသော ဂဗ္ဗဲနှင့်သလ္လဲ။စုစုပေါင်း ဗင်္ယာမိန်အနွယ်ဝင်ကိုးရာနှစ်ဆယ့် ရှစ်ယောက်တို့သည်ယေရုရှလင်မြို့တွင်နေ ထိုင်ကြ၏။-
32-35. အာနသုတ်မြို့၊ နောဗမြို့၊ အာနနိမြို့၊- ဟာဇော်မြို့၊ ရာမမြို့၊ ဂိတ္တိမ်မြို့၊- ဟာဒိဒ်မြို့၊ ဇေဘိုင်မြို့၊ နေဗလ္လတ်မြို့၊ လောဒမြို့၊သြနောမြို့နှင့်လက်မှုပညာ သည်ချိုင့်ဝှမ်းတွင်လည်းကောင်းနေထိုင်ကြ၏။-