နေ​ဟ​မိ 11:1-5 Common Language Bible (BCL)

1. ခေါင်း​ဆောင်​များ​သည်​ယေ​ရု​ရှ​လင်​မြို့​တွင် နေ​ထိုင်​ကြ​၏။ အ​ခြား​သူ​တို့​မူ​ကား​ဆယ် အိမ်​ထောင်​လျှင် တစ်​အိမ်​ထောင်​ကျ​သန့်​ရှင်း သော​ယေ​ရု​ရှ​လင်​မြို့​တော်​တွင်​လည်း​ကောင်း၊ ကျန်​သော​သူ​တို့​ကို​အ​ခြား​မြို့​ရွာ​များ တွင်​လည်း​ကောင်း​နေ​ထိုင်​စေ​ရန်​မဲ​ချ​၍ ဆုံး​ဖြတ်​ကြ​၏။-

2. ယေ​ရု​ရှ​လင်​မြို့​တွင်​မိ​မိ​တို့​အ​လို​အ​လျောက် နေ​ထိုင်​သူ​တို့​အား​ပြည်​သူ​တို့​က​ချီး​ကူး ကြ​၏။-

3. အ​ခြား​မြို့​ရွာ​များ​တွင်​ဣ​သ​ရေ​လ​အ​မျိုး သား​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ် ဝင်​များ၊ ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ၊ ရှော လ​မုန်​၏​အ​စေ​ခံ​များ​မှ​ဆင်း​သက်​လာ သူ​များ​သည်​ကိုယ်​ပိုင်​အိမ်​များ​တွင်​နေ​ထိုင် ကြ​လေ​သည်။ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သော​ယု​ဒ​ပြည် နယ်​အ​ကြီး​အ​ကဲ​များ​ကို​ဖော်​ပြ​အံ့။ဇာ​ခ​ရိ​၏​မြေး၊ သြ​ဇိ​၏​သား​အ​သာ​ယ။ သူ​၏ အ​ခြား​ဘိုး​ဘေး​များ​တွင်​ယု​ဒ​၏​သား​ဖာ​ရက် မှ​ဆင်း​သက်​သူ​အာ​မ​ရိ၊ ရှေ​ဖ​တိ​နှင့်​မ​ဟာ လေ​လ​တို့​ပါ​ဝင်​သည်။

5. ကော​လ​ဟော​ဇ​၏​မြေး၊ ဗာ​ရုတ်​၏​သား​မာ​သေ​ယ။ သူ​၏​အ​ခြား​ဘိုး​ဘေး​များ​တွင်​ရှေ​လ​၏​သား ယု​ဒ​မှ​ဆင်း​သက်​သူ​ဟ​ဇာ​ယ၊ အ​ဒါ​ယ၊ ယော​ယ​ရိပ်​နှင့်​ဇာ​ခ​ရိ​တို့​ပါ​ဝင်​သည်။

32-35. အာ​န​သုတ်​မြို့၊ နော​ဗ​မြို့၊ အာ​န​နိ​မြို့၊- ဟာ​ဇော်​မြို့၊ ရာ​မ​မြို့၊ ဂိတ္တိမ်​မြို့၊- ဟာ​ဒိဒ်​မြို့၊ ဇေ​ဘိုင်​မြို့၊ နေ​ဗလ္လတ်​မြို့၊ လော​ဒ​မြို့၊သြ​နော​မြို့​နှင့်​လက်​မှု​ပ​ညာ သည်​ချိုင့်​ဝှမ်း​တွင်​လည်း​ကောင်း​နေ​ထိုင်​ကြ​၏။-

နေ​ဟ​မိ 11