နေ​ဟ​မိ 1:4-7 Common Language Bible (BCL)

4. ထို​စ​ကား​ကို​ကြား​သော​အ​ခါ​ငါ​သည် ထိုင်​၍​ငို​ကြွေး​၏။ငါ​သည်​ရက်​ပေါင်း​များ​စွာ​ငို​ကြွေး​မြည် တမ်း​လျက်​အ​စာ​ရှောင်​ပြီး​လျှင်၊-

5. ဘု​ရား​သ​ခင်​အား``အို ကောင်း​ကင်​ဘုံ​ရှင် ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည်​ကြီး​မြတ် တော်​မူ​သ​ဖြင့် အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော် ကို​ကြောက်​ရွံ့​ရို​သေ​ရ​ကြ​ပါ​၏။ ကိုယ်​တော် သည်​ကိုယ်​တော်​ကို​ချစ်​မြတ်​နိုး​၍​အ​မိန့် တော်​ကို​လိုက်​နာ​သူ​များ​နှင့်​ပြု​တော်​မူ သည့်​ပ​ဋိ​ညာဉ်​တော်​ကို​စောင့်​ထိန်း​တော် မူ​ပါ​၏။-

6. အို ထာ​ဝ​ရ​ဘု​ရား​အ​ကျွန်ုပ်​ကို​ကြည့်​တော် မူ​၍ ကိုယ်​တော်​၏​အ​စေ​ခံ​ဣ​သ​ရေ​လ အ​မျိုး​သား​များ​အ​တွက် နေ့​ည​မ​ပြတ် အ​ကျွန်ုပ်​တောင်း​လျှောက်​သော​ဆု​တောင်း ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပါ။ ဣ​သ​ရေ​လ အ​မျိုး​သား​များ​ဖြစ်​သူ​အ​ကျွန်ုပ်​တို့​သည် လည်း​ကောင်း၊ အ​ပြစ်​ကူး​လွန်​သူ​များ​ဖြစ် ကြောင်း​အ​ကျွန်ုပ်​၏​ဘိုး​ဘေး​တို့​သည်​လည်း ကောင်း​ဝန်​ခံ​ပါ​၏။ အ​ကျွန်ုပ်​တို့​သည်​အ​ပြစ် ကူး​လွန်​မိ​ပါ​ပြီ။-

7. အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​အား​ဆိုး​သွမ်း စွာ​ပြစ်​မှား​ကြ​ပါ​ပြီ။ ကိုယ်​တော်​၏​အ​မိန့် တော်​များ​ကို​မ​လိုက်​နာ​ကြ​ပါ။ ကိုယ်​တော် ၏​အ​စေ​ခံ​မော​ရှေ​မှ​တစ်​ဆင့်​ပေး​အပ်​တော် မူ​သည့်​ပ​ညတ်​တော်​တို့​ကို​မ​စောင့်​ထိန်း ကြ​ပါ။-

နေ​ဟ​မိ 1