10. ``အို ထာဝရဘုရားဤသူတို့သည်ကိုယ် တော်၏လူမျိုးတော်၊ ကိုယ်တော်၏အစေခံ များဖြစ်ကြပါ၏။ သူတို့အားကိုယ်တော် သည်မဟာတန်ခိုးတော်၊ အားကြီးသော လက်ရုံးတော်ဖြင့်ကယ်ဆယ်တော်မူခဲ့ပါ၏။-
11. အကျွန်ုပ်၏ဆုတောင်းပတ္ထနာကိုလည်းကောင်း၊ ကိုယ်တော်အားရိုသေသောကိုယ်တော့်ကျွန် များ၏ဆုတောင်းပတ္ထနာကိုလည်းကောင်း နားညောင်းတော်မူပါ။ ယနေ့အကျွန်ုပ်အား အောင်မြင်ခွင့်ကိုပေးတော်မူပါ။ ဧကရာဇ် မင်းအားအကျွန်ုပ်၏အပေါ်တွင်ကရုဏာ ထားစေတော်မူပါ'' ဟုငါသည်ဘုရားသခင်ထံတော်သို့ဆုတောင်းပတ္ထနာပြု၏။ထိုစဉ်အခါကငါသည်ဧကရာဇ်မင်း ကြီးအားစပျစ်ရည်ဆက်သရသူဖြစ်၏။