6. ငါသည်စက်ဆုပ်ရွံရှာမှုနှင့်သင့်ကိုဆက်ဆံ၍ အညစ်အကြေးများဖြင့်ဖုံးအုပ်မည်။လူတို့သည်သင့်အားအော့နှလုံးနာလျက် ငေး၍ကြည့်ကြလိမ့်မည်။
7. သင့်ကိုမြင်သူအပေါင်းတို့သည်နောက်သို့ တွန့်ဆုတ်သွားလိမ့်မည်။သူတို့က``နိနေဝေမြို့သည်ယိုယွင်း ပျက်စီးလျက်နေလေပြီ။ထိုမြို့အားအဘယ်သူကကရုဏာသက် ပါလိမ့်မည်နည်း။အဘယ်သူသည်နှစ်သိမ့်မှုကိုပေးလို ပါမည်နည်း'' ဟုဆိုကြလိမ့်မည်။
8. အို နိနေဝေမြို့၊ သင်သည်အီဂျစ်ပြည်၏မြို့ တော်သီဘီမြို့ထက်သာလွန်ကောင်းမွန်ပါ သလော။ ထိုမြို့တွင်လည်းမြို့ရိုးသဖွယ်ကာ ကွယ်မှုကိုပေးသည့်မြစ်တစ်ခုရှိပေသည်။ နိုင်းမြစ်ကားထိုမြို့၏ကွယ်ကာရာပင်တည်း။-
9. သီဘီမြို့သည်ဆူဒန်နှင့်အီဂျစ်ကိုအုပ်စိုးသည်။ တိုင်းမသိသောတန်ခိုးအာဏာနှင့်ပြည့်စုံပေ သည်။ လိဗုပြည်သည်အီဂျစ်ပြည်၏မဟာ မိတ်ဖြစ်သော်လည်း၊-
10. သီဘီမြို့သူမြို့သားတို့သည်ပြည်နှင်ဒဏ်သင့် ကြလျက်သူတို့၏သားသမီးများသည်လမ်း ဆုံလမ်းခွတိုင်း၌အရိုက်အနှက်ခံရကြ၏။ သူတို့အထဲမှဂုဏ်အသရေရှိသူများကို သံကြိုးများနှင့်ချည်နှောင်ခေါ်ဆောင်ကာ မိမိတို့အချင်းချင်းမဲချ၍ခွဲဝေယူကြ၏။
11. အို နိနေဝေမြို့၊ သင်သည်မူးယစ်ထုံထိုင်း လျက်ရန်သူများ၏လက်မှလွတ်မြောက် ရန်ကြိုးစားလိမ့်မည်။-
12. သင်၏ခံတပ်မှန်သမျှသည်အသီးမှည့်များ ရှိသည့်သဖန်းပင်များနှင့်တူ၍ အပင်ကို လှုပ်လိုက်လျှင်စားချင်သူ၏ခံတွင်းသို့ အသီးများကျလာလိမ့်မည်။-
13. သင်၏စစ်သည်တပ်သားတို့သည်အမျိုးသမီး များသဖွယ်ဖြစ်၍ သင်၏ပြည်ရှိတံခါးများ သည်လည်းရန်သူများရှေ့တွင်ခုခံကာကွယ် နိုင်စွမ်းကင်းမဲ့လျက်ပွင့်နေ၏။ သင်၏မြို့ တံခါးကန့်လန့်ကျင်တို့သည်မီးလောင် ကျွမ်း၍သွားလိမ့်မည်။-
14. မြို့ကိုအဝိုင်းခံနိုင်ရန်ရေများကိုခပ်ထားလော့။ ခံတပ်များကိုအားဖြည့်ထားကြလော့။ အုတ်ဖုတ် ရန်ရွှံ့စေးကိုနင်းနယ်၍အုတ်သွန်းပုံများကို အသင့်ပြုလုပ်လော့။-