14. မြို့ကိုအဝိုင်းခံနိုင်ရန်ရေများကိုခပ်ထားလော့။ ခံတပ်များကိုအားဖြည့်ထားကြလော့။ အုတ်ဖုတ် ရန်ရွှံ့စေးကိုနင်းနယ်၍အုတ်သွန်းပုံများကို အသင့်ပြုလုပ်လော့။-
15. သင်သည်အဘယ်သို့ပင်ပြုသော်လည်းမီးသင့် လောင်ပြီးစစ်ပွဲတွင်ကျဆုံး၍သေလိမ့်မည်။ ကျိုင်းကောင်များကိုက်ဖျက်လိုက်သည့်အသီး အနှံများကဲ့သို့သင်သည်အစတုန်း၍သွား လိမ့်မည်။သင်သည်ကျိုင်းကောင်များကဲ့သို့လူဦးရေ တိုးပွားစေခဲ့၏။-
16. မိုးကောင်းကင်ကြယ်တာရာများထက်ပင်ပို မိုများပြားသည့်ကုန်သည်များကိုမွေးထုတ် ပေးခဲ့၏။ သို့ရာတွင်မိမိတို့အတောင်ကိုဖြန့် ၍ပျံသွားသောကျိုင်းကောင်များကဲ့သို့ ထို သူတို့သည်ထွက်သွားကြလေပြီ။-
17. သင်၏အစောင့်များနှင့်မှူးမတ်များသည်ချမ်း ဧချိန်ညဥ့်အခါနံရံများတွင်နားနေပြီး လျှင် နေထွက်သည်နှင့်ပျံထွက်သွားသဖြင့် အဘယ်အရပ်သို့ရောက်ရှိနေမှန်းမသိရ သည့်ကျိုင်းကောင်အုပ်နှင့်တူကြ၏။
18. အို အာရှုရိဘုရင်သင်၏ဘုရင်ခံများသည် အိပ်ငိုက်ကြလေပြီ။ သင်၏မှူးမတ်များသည် လည်းထာဝရအိပ်ပျော်လျက်နေကုန်၏။ သင် ၏ပြည်သူတို့သည်တောင်များပေါ်တွင်ကွဲ လွင့်လျက်ရှိရာသူတို့အားမိမိတို့ပြည် သို့တစ်ဖန်ပြန်လည်ခေါ်ဆောင်ပေးမည့်သူ တစ်ဦးတစ်ယောက်မျှမရှိတော့ပေ။-
19. သင်၏အနာများအတွက်ဆေးမရှိ။ သင် ၏ဒဏ်ရာများကိုလည်းပျောက်ကင်းအောင် ကုသ၍မရနိုင်။ သင်ဆုံးပါးပျက်စီး သည့်သတင်းကိုကြားသိကြသူအပေါင်း တို့သည်ဝမ်းမြောက်ဝမ်းသာလက်ခုပ်တီး ကြ၏။ အဘယ်သူမျှသင်၏အတိုင်းမသိ ရက်စက်ကြမ်းကြုတ်မှုနှင့်ကင်းလွတ်ခဲ့သည် ဟူ၍မရှိ။ ပရောဖက်နာဟုံစီရင်ရေးထားသော အနာဂတ္တိကျမ်းပြီး၏။