8. ကိုယ်တော်သည်အရှိန်ပြင်းစွာလွှမ်းမိုးသည့်မြစ်ရေကဲ့သို့ရန်သူတို့အားဆုံးပါး ပျက်စီးစေတော်မူ၏။မိမိကိုအတိုက်အခံပြုသူတို့အား သေရွာသို့ ပို့ဆောင်တော်မူ၏။
9. သင်သည်ထာဝရဘုရားအားဆန့်ကျင်၍ အဘယ်အမှုကိုကြံစည်လျက်နေပါသနည်း။ကိုယ်တော်သည်သင့်ကိုသုတ်သင်ဖျက်ဆီး တော်မူလိမ့်မည်။အဘယ်သူမျှကိုယ်တော်အားတစ်ကြိမ်ထက်ပို၍ အတိုက်အခံမပြုနိုင်။
10. သင်သည်ဆူးချုံမြက်ခြောက်သဖွယ် မီးလောင်ကျွမ်းသွားလိမ့်မည်။
11. အို နိနေဝေမြို့၊ စီမံကိန်းအမျိုးမျိုးဖြင့်ထာဝရ ဘုရားအား မကောင်းကြံစည်သူလူတစ်ယောက် သည်သင့်အထဲကထွက်ပေါ်လာလေပြီ။-
12. ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ဣသရေလအမျိုးသားတို့အား``အာရှုရိ အမျိုးသားတို့သည်ခွန်အားကြီး၍အရေ အတွက်အားဖြင့်များသော်လည်း သုတ်သင် ဖျက်ဆီးခြင်းကိုခံရကြလျက်ကွယ်ပျောက် သွားကြလိမ့်မည်။ အို ငါ၏လူမျိုးတော်၊ ငါ သည်သင်တို့အားဒုက္ခရောက်စေခဲ့ဖူးသော် လည်းနောက်တစ်ဖန်ထိုသို့ပြုတော့မည် မဟုတ်။-
13. သင်တို့အားအာရှုရိပြည်၏လက်အောက်မှ လွတ်မြောက်စေမည်။ သင်တို့ကိုချည်နှောင် ထားသည့်သံကြိုးများကိုဖြတ်တောက် ပစ်မည်'' ဟုမိန့်တော်မူ၏။
14. ထာဝရဘုရားသည်အာရှုရိအမျိုးသား တို့နှင့်ပတ်သက်၍``လူတို့သည်ထိုသူတို့ကို မေ့ပျောက်၍သွားလိမ့်မည်။ သူတို့၏ဗိမာန် တော်များရှိရုပ်တုတို့ကို ငါသုတ်သင်ဖျက် ဆီးမည်။ ငါသည်အာရှုရိအမျိုးသားတို့ အတွက်သင်္ချိုင်းကိုပြင်ဆင်မည်။ သူတို့သည် အသက်ရှင်ထိုက်သူများမဟုတ်'' ဟုအမိန့် စီရင်ချက်ချတော်မူ၏။
15. ကြည့်လော့၊ သတင်းကောင်းကိုယူဆောင်လာ သူစေတမန်သည်တောင်များကိုကျော်ဖြတ် လျက်နေ၏။ သူသည်အောင်ပွဲခံရသည့်သတင်း ကိုကြေညာရန်လာလျက်ရှိပေသည်။ အို ယုဒ ပြည်သားတို့သင်တို့၏ဋ္ဌမ္မပွဲသဘင်များ ကိုကျင်းပကြလော့။ ထာဝရဘုရားအား သင်တို့ဆက်ကပ်ပေးလှူကြလော့။ သူယုတ် မာများသည်သင်တို့ပြည်သို့နောက်တစ်ဖန် ချင်းနင်းဝင်ရောက်ရကြတော့မည်မဟုတ်။ သူတို့သည်လုံးဝဆုံးပါးပျက်စီးသွား ကြလေကုန်ပြီ။