7. အို အရှင်ဘုရား၊ ကိုယ်တော်သည်အခါခပ် သိမ်းဖြောင့်မှန်ရာကိုပြုတော်မူပါ၏။ သို့ ရာတွင်အကျွန်ုပ်တို့သည်မိမိတို့ကိုယ်ကို အသရေပျက်စေကြပါ၏။ ယုဒပြည် ၌လည်းကောင်း၊ ယေရုရှလင်မြို့၌လည်း ကောင်း နေထိုင်သူများနှင့်ကိုယ်တော်အား သစ္စာဖောက်သဖြင့် ရပ်နီးရပ်ဝေးတိုင်းပြည် များသို့နှင်ထုတ်တော်မူခြင်းကိုခံရသော ဣသရေလအမျိုးသားအပေါင်းတို့သည် လည်းကောင်း ဤနည်းအတိုင်းပင်မိမိတို့ ကိုယ်ကိုအသရေပျက်စေကြပါ၏။-
8. အို အရှင်ဘုရားအကျွန်ုပ်တို့၏ဘုရင်များ၊ မင်းညီမင်းသားများနှင့်ဘိုးဘေးများသည် ရှက်ကြောက်ဖွယ်ရာအမှုတို့ကိုပြုကျင့် လျက်ကိုယ်တော်အားပြစ်မှားကြပါပြီ။-
9. အကျွန်ုပ်တို့သည်ကိုယ်တော်အားပုန်ကန်ကြ သော်လည်း ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် ကရုဏာထားတော်မူ၍အကျွန်ုပ် တို့၏အပြစ်များကိုဖြေလွှတ်တော်မူပါ၏။-
10. အို အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့အား မိမိ၏အစေခံပရောဖက်များမှတစ်ဆင့် ပေးအပ်တော်မူသောပညတ်တော်များ အတိုင်းလိုက်နာရန်မိန့်ကြားသော်လည်း အကျွန်ုပ်တို့သည်နားမထောင်ခဲ့ကြပါ။-
11. ဣသရေလအမျိုးသားတစ်ရပ်လုံးပင် လျှင် ကိုယ်တော်ရှင်ပညတ်တော်တို့ကိုချိုး ဖောက်၍အမိန့်တော်ကိုမလိုက်နာကြပါ။ အကျွန်ုပ်တို့သည်ကိုယ်တော်ကိုပြစ်မှား ကြသည်ဖြစ်၍ ကိုယ်တော့်အစေခံမောရှေ ၏ပညတ်ကျမ်းတွင်ရေးသားဖော်ပြထား သည့်ကျိန်စာများသင့်စေတော်မူပါ၏။-
12. ကိုယ်တော်သည်မိမိမိန့်တော်မူခဲ့သည် အတိုင်း အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ကို အုပ်စိုးသူတို့အား အပြစ်ဒဏ်ပေးတော် မူပါပြီ။ ယေရုရှလင်မြို့အားကမ္ဘာပေါ် ရှိအခြားမြို့များထက်ပို၍ ပြင်းထန်စွာ အပြစ်ပေးတော်မူပါ၏။-
13. အကျွန်ုပ်တို့သည်မောရှေ၏ပညတ်တရား တွင် ဖော်ပြပါရှိသမျှသောအပြစ်ဒဏ် များကိုခံရကြပါ၏။ သို့ရာတွင်အကျွန်ုပ် တို့၏ဘုရားသခင်ထာဝရဘုရား၊ ယခု အခါ၌ပင်လျှင်အကျွန်ုပ်တို့သည်ကိုယ် တော်နှစ်သက်တော်မူစေရန်ကြိုးစား၍ အပြစ်ဒုစရိုက်ကိုရှောင်ခြင်း၊ သမ္မာတရား တော်ကိုလိုက်လျှောက်ကျင့်သုံးခြင်းအမှု တို့ကိုမပြုမလုပ်ကြသေးပါ။-
14. အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့အားဒဏ်ပေးရန် အသင့်ရှိသည်အတိုင်းဒဏ်ပေးတော်မူပါ၏။ အဘယ်ကြောင့်ဆိုသော်ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားသည် အစဉ်ဖြောင့်မှန် ရာကိုပြုတော်မူတတ်သော်လည်း အကျွန်ုပ် တို့သည်ကိုယ်တော်၏စကားကိုနားမ ထောင်ခဲ့ကြသောကြောင့်ဖြစ်ပါ၏။
15. အို အကျွန်ုပ်တို့၏အရှင်ဘုရားသခင်၊ ကိုယ် တော်သည်မိမိ၏လူမျိုးတော်အားအီဂျစ် ပြည်မှထုတ်ဆောင်တော်မူခဲ့ခြင်းအားဖြင့် တန်ခိုးတော်ကိုပြတော်မူပါ၏။ အကျွန်ုပ် တို့သည်ကိုယ်တော်၏တန်ခိုးတော်ကို ယခု ထက်တိုင်အောက်မေ့သတိရလျက်နေကြ ပါ၏။ အကျွန်ုပ်တို့သည်အပြစ်ကူးမိ ကြပါပြီ။ အမှားကိုပြုမိကြပါပြီ။-
16. အို အရှင်ဘုရား၊ ကိုယ်တော်သည်အတိတ် ကာလက အကျွန်ုပ်တို့အားကာကွယ်စောင့် ရှောက်တော်မူခဲ့ပါ၏။ သို့ဖြစ်၍ယေရုရှလင် မြို့ကိုဆက်လက်၍ အမျက်ဒေါသထွက်တော် မမူပါနှင့်။ ထိုမြို့သည်ကိုယ်တော်၏မြို့တော်၊ ကိုယ်တော်၏သန့်ရှင်းသောတောင်တော်ဖြစ် ပါ၏။ အကျွန်ုတို့၏အပြစ်ဒုစရိုက်များ နှင့်ဘိုးဘေးတို့ပြုခဲ့သည့်မကောင်းမှုများ ကြောင့် အိမ်နီးချင်းတိုင်းပြည်များရှိလူ အပေါင်းတို့သည် ယေရုရှလင်မြို့နှင့်ကိုယ် တော်၏လူမျိုးတော်အားအထင်အမြင် သေးကြပါ၏။-
17. အို ကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်၏ ကျွန်တို့၏ဆုတောင်းပတ္ထနာနှင့်အသနား ခံချက်ကိုနားထောင်တော်မူပါ။ ကိုယ်တော် သည်ဘုရားသခင်ဖြစ်တော်မူကြောင်း လူ တိုင်းသိကြစေရန် ဖြိုဖျက်ခြင်းခံရသည့် ကိုယ်တော်၏ဗိမာန်တော်ကိုပြန်လည်တည် ဆောက်တော်မူပါ။-
18. အို ဘုရားသခင်၊ အကျွန်ုပ်တို့၏လျှောက် ထားချက်ကိုနားထောင်တော်မူပါ။ အကျွန်ုပ် တို့အားကြည့်တော်မူ၍ကိုယ်တော်ရှင့်နာမ တော်ကိုခံယူထားသည့်မြို့၏ဝေဒနာကို ရှုမှတ်တော်မူပါ။ အကျွန်ုပ်တို့သည်မိမိတို့ ကောင်းမွန်၊ မှန်ကန်မှုကိုအမှီမပြု၊ ကိုယ် တော်၏ကြီးမြတ်သောကရုဏာကို အမှီပြု၍ဆုတောင်းပါ၏။-
19. အို အရှင်ဘုရား၊ နားထောင်တော်မူပါ။ အို အရှင်ဘုရား၊ အကျွန်ုပ်တို့၏အပြစ်များ ကိုဖြေလွှတ်တော်မူပါ။ အို အရှင်ဘုရား၊ အကျွန်ုပ်တို့လျှောက်ထားချက်ကိုနား ထောင်တော်မူ၍အရေးယူတော်မူပါ။ အို အကျွန်ုပ်တို့၏ဘုရားသခင်ဖင့်နွဲ တော်မမူပါနှင့်။ သို့မှသာလျှင်ကိုယ်တော် သည်ဘုရားသခင်ဖြစ်တော်မူကြောင်း ကိုလူတိုင်းသိရှိပါလိမ့်မည်။ ဤမြို့ နှင့်ဤလူမျိုးတော်ကိုကိုယ်တော်ပိုင် တော်မူပါ၏'' ဟုဆုတောင်းပတ္ထနာပြု၏။
20. ငါသည်ဆက်လက်၍ဆုတောင်းပတ္ထနာပြု ကာ မိမိ၏အပြစ်များကိုလည်းကောင်း၊ မိမိ ၏လူမျိုးဖြစ်သောဣသရေလအမျိုးသား တို့၏အပြစ်များကိုလည်းကောင်းဖော်ပြ ဝန်ခံလျက် ကိုယ်တော်၏သန့်ရှင်းမြင့်မြတ် သောဗိမာန်တော်ကိုပြန်လည်တည်ဆောက် ပေးတော်မူရန် ငါ၏ဘုရားသခင်ထာဝရ ဘုရားအားအသနားခံလျက်နေ၏။-
21. ယင်းသို့ငါဆုတောင်းပတ္ထနာပြုလျက်နေ စဉ် ယခင်ဗျာဒိတ်ရူပါရုံတွင်ငါတွေ့မြင် ခဲ့သူ၊ ဂါဗြေလသည်ငါရှိရာသို့ပျံဝဲ ဆင်းသက်လာ၏။ ထိုအချိန်ကားညဥ့်ဦး ယံယဇ်ပူဇော်ရာအချိန်ဖြစ်၏။-
22. ဂါဗြေလက``ဒံယေလ၊ ငါသည်ဗျာဒိတ် ရူပါရုံကိုသင်သိရှိနားလည်နိုင်ရေး အတွက်အကူအညီပေးရန် ဤအရပ် သို့ရောက်ရှိလာခြင်းဖြစ်၏။-