ဒံ​ယေ​လ 9:20-24 Common Language Bible (BCL)

20. ငါ​သည်​ဆက်​လက်​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု ကာ မိ​မိ​၏​အ​ပြစ်​များ​ကို​လည်း​ကောင်း၊ မိ​မိ ၏​လူ​မျိုး​ဖြစ်​သော​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​အ​ပြစ်​များ​ကို​လည်း​ကောင်း​ဖော်​ပြ ဝန်​ခံ​လျက် ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ် သော​ဗိ​မာန်​တော်​ကို​ပြန်​လည်​တည်​ဆောက် ပေး​တော်​မူ​ရန် ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အား​အ​သ​နား​ခံ​လျက်​နေ​၏။-

21. ယင်း​သို့​ငါ​ဆု​တောင်း​ပတ္ထနာ​ပြု​လျက်​နေ စဉ် ယ​ခင်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​ငါ​တွေ့​မြင် ခဲ့​သူ၊ ဂါ​ဗြေ​လ​သည်​ငါ​ရှိ​ရာ​သို့​ပျံ​ဝဲ ဆင်း​သက်​လာ​၏။ ထို​အ​ချိန်​ကား​ညဥ့်​ဦး ယံ​ယဇ်​ပူ​ဇော်​ရာ​အ​ချိန်​ဖြစ်​၏။-

22. ဂါ​ဗြေ​လ​က``ဒံ​ယေ​လ၊ ငါ​သည်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​ကို​သင်​သိ​ရှိ​နား​လည်​နိုင်​ရေး အ​တွက်​အ​ကူ​အ​ညီ​ပေး​ရန် ဤ​အ​ရပ် သို့​ရောက်​ရှိ​လာ​ခြင်း​ဖြစ်​၏။-

23. သင်​သည်​ဘု​ရား​သ​ခင်​အား​စ​တင်​အ​သ နား​ခံ​သော​အ​ခါ ကိုယ်​တော်​သည်​သင့်​ပတ္ထ​နာ ကို​နား​ထောင်​တော်​မူ​၏။ ကိုယ်​တော်​သည်​သင့် အား​ချစ်​မြတ်​နိုး​တော်​မူ​သည်​ဖြစ်​၍ ကိုယ် တော်​၏​ဖြေ​ကြား​ချက်​ကို​သင့်​အား​ဖော် ပြ​ရန် ငါ့​ကို​စေ​လွှတ်​တော်​မူ​သည်။ ဗျာ​ဒိတ် ရူ​ပါ​ရုံ​အ​ကြောင်း​ကို​ငါ​ရှင်း​လင်း​ဖော်​ပြ နေ​စဉ်​ဂ​ရု​ပြု​၍​နား​ထောင်​လော့။

24. ``ခု​နစ်​ဆယ်​ခု​နစ်​လီ​နှစ်​ကာ​လ​သည်​ကား သင်​၏​အ​မျိုး​သား​များ​နှင့် သင်​၏​သန့်​ရှင်း မြင့်​မြတ်​သော​မြို့​တော်​အား အ​ပြစ်​ဒု​စ​ရိုက် နှင့်​မ​ကောင်း​မှု​များ​မှ​လွတ်​မြောက်​စေ​ရန် ဘု​ရား​သ​ခင်​သတ်​မှတ်​ပေး​တော်​မူ​သည့် အ​ချိန်​ကာ​လ​ဖြစ်​၏။ ရူ​ပါ​ရုံ​နှင့်​ဗျာ​ဒိတ် တော်​အ​ကောင်​အ​ထည်​ပေါ်​လာ​စေ​ရန်​နှင့် အ​သန့်​ရှင်း​ဆုံး​ဗိ​မာန်​တော်​ကို​ပြန်​လည် ဆက်​ကပ်​နိုင်​ရေး​အ​တွက် ဘု​ရား​သ​ခင် သည်​ထို​သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ လွှတ်​တော်​မူ​၍ ထာ​ဝ​စဉ်​တ​ရား​မျှ​တ မှု​စိုး​မိုး​ရာ​ခေတ်​ကို​တည်​ထောင်​တော် မူ​လိမ့်​မည်။-

ဒံ​ယေ​လ 9