19. အို အရှင်ဘုရား၊ နားထောင်တော်မူပါ။ အို အရှင်ဘုရား၊ အကျွန်ုပ်တို့၏အပြစ်များ ကိုဖြေလွှတ်တော်မူပါ။ အို အရှင်ဘုရား၊ အကျွန်ုပ်တို့လျှောက်ထားချက်ကိုနား ထောင်တော်မူ၍အရေးယူတော်မူပါ။ အို အကျွန်ုပ်တို့၏ဘုရားသခင်ဖင့်နွဲ တော်မမူပါနှင့်။ သို့မှသာလျှင်ကိုယ်တော် သည်ဘုရားသခင်ဖြစ်တော်မူကြောင်း ကိုလူတိုင်းသိရှိပါလိမ့်မည်။ ဤမြို့ နှင့်ဤလူမျိုးတော်ကိုကိုယ်တော်ပိုင် တော်မူပါ၏'' ဟုဆုတောင်းပတ္ထနာပြု၏။
20. ငါသည်ဆက်လက်၍ဆုတောင်းပတ္ထနာပြု ကာ မိမိ၏အပြစ်များကိုလည်းကောင်း၊ မိမိ ၏လူမျိုးဖြစ်သောဣသရေလအမျိုးသား တို့၏အပြစ်များကိုလည်းကောင်းဖော်ပြ ဝန်ခံလျက် ကိုယ်တော်၏သန့်ရှင်းမြင့်မြတ် သောဗိမာန်တော်ကိုပြန်လည်တည်ဆောက် ပေးတော်မူရန် ငါ၏ဘုရားသခင်ထာဝရ ဘုရားအားအသနားခံလျက်နေ၏။-
21. ယင်းသို့ငါဆုတောင်းပတ္ထနာပြုလျက်နေ စဉ် ယခင်ဗျာဒိတ်ရူပါရုံတွင်ငါတွေ့မြင် ခဲ့သူ၊ ဂါဗြေလသည်ငါရှိရာသို့ပျံဝဲ ဆင်းသက်လာ၏။ ထိုအချိန်ကားညဥ့်ဦး ယံယဇ်ပူဇော်ရာအချိန်ဖြစ်၏။-
22. ဂါဗြေလက``ဒံယေလ၊ ငါသည်ဗျာဒိတ် ရူပါရုံကိုသင်သိရှိနားလည်နိုင်ရေး အတွက်အကူအညီပေးရန် ဤအရပ် သို့ရောက်ရှိလာခြင်းဖြစ်၏။-