ဒံ​ယေ​လ 8:20-26 Common Language Bible (BCL)

20. ``သင်​မြင်​ရ​သော​ဦး​ချို​နှစ်​ချောင်း​ရှိ​သည့် သိုး​သည် မေ​ဒိ​နှင့်​ပါ​ရှ​နိုင်​ငံ​များ​ကို​ဆို လို​၏။-

21. ဆိတ်​သည်​ဂ​ရိတ်​နိုင်​ငံ​ဖြစ်​၏။ သူ​၏​မျက်​စိ များ​အ​ကြား​မှ​ငေါ​၍​ထွက်​နေ​သော​ဦး​ချို ကား ထို​နိုင်​ငံ​၏​ပ​ထ​မ​မြောက်​ဘု​ရင်​ဖြစ်​၏။-

22. ထို​ဦး​ချို​ကျိုး​၍​သွား​သော​အ​ခါ​ပေါက်​လာ သည့်​ဦး​ချို​လေး​ချောင်း​တို့​မှာ ထို​နိုင်​ငံ​မှ​ကွဲ ပြား​ပေါ်​ပေါက်​လာ​မည့်​နိုင်​ငံ​လေး​ခု​ဖြစ်​၏။ သို့​ရာ​တွင်​ထို​နိုင်​ငံ​တို့​သည် ပ​ထ​မ​နိုင်​ငံ လောက်​အင်​အား​ကြီး​မား​ကြ​လိမ့်​မည် မ​ဟုတ်။

23. ``ထို​နိုင်​ငံ​များ​သည်​ပျက်​သုဉ်း​ချိန်​နီး​၍ အ​ပြစ်​ဒဏ်​သင့်​လောက်​အောင်​ယုတ်​မာ​လာ သော​အ​ခါ​ခေါင်း​မာ​ဆိုး​ညစ်၊ ကောက်​ကျစ် လိမ်​လည်​တတ်​သော​ဘု​ရင်​တစ်​ပါး​ပေါ် ပေါက်​လာ​လိမ့်​မည်။-

24. သူ​သည်​ကိုယ်​ပိုင်​စွမ်း​ရည်​မ​ရှိ​ဘဲ​တန်​ခိုး ကြီး​မား​၍​လာ​လိမ့်​မည်။ သူ​သည်​ကြောက်​မက် ဖွယ်​ကောင်း​သည့်​သတ်​ဖြတ်​ဖျက်​ဆီး​မှု​များ ကို​ပြု​၍ အ​ဘယ်​အမှု​ကိစ္စ​တွင်​မ​ဆို​အောင် မြင်​လိမ့်​မည်။ တန်​ခိုး​ကြီး​မား​သူ​များ​နှင့် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​တို့​ကို ဖျက်​ဆီး​လိမ့်​မည်။-

25. သူ​သည်​ပါး​နပ်​လိမ္မာ​သူ​ဖြစ်​သ​ဖြင့် လိမ် လည်​လှည့်​စား​မှု​တို့​တွင်​အောင်​မြင်​လိမ့်​မည်။ သူ​သည်​မာန်​မာ​န​ထောင်​လွှား​ကာ​လူ​အ မြောက်​အ​မြား​ကို​အ​မှတ်​မ​ထင်​သုတ်​သင် သတ်​ဖြတ်​လိမ့်​မည်။ သူ​သည်​ဘု​ရင်​တ​ကာ တို့​၏​ဘု​ရင်​ကို​ပင်​လျှင်​အံ​တု​လိမ့်​မည်။ သို့ ရာ​တွင်​သူ​သည်​လူ့​လက်​ဖြင့်​မ​ဟုတ်​ဘဲ သုတ်​သင်​ဖျက်​ဆီး​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။-

26. ညဥ့်​ဦး​ယံ၊ နံ​နက်​ယံ​ပူ​ဇော်​ရာ​ယဇ်​များ နှင့်​သက်​ဆိုင်​၍ သင့်​အား​ငါ​ရှင်း​လင်း​ပြ​သည့် ဤ​ရူ​ပါ​ရုံ​သည်​အ​ကောင်​အ​ထည်​ပေါ်​လာ လိမ့်​မည်။ သို့​ရာ​တွင်​ယင်း​သို့​အ​ကောင်​အ​ထည် ပေါ်​ရန်​အ​ချိန်​များ​စွာ​လို​သေး​သ​ဖြင့်​ထို ရူ​ပါ​ရုံ​ကို​လျှို့​ဝှက်​၍​ထား​လော့'' ဟု​ဆို​၏။

ဒံ​ယေ​လ 8