15. ငါဒံယေလသည်ဗျာဒိတ်ရူပါရုံ၏အနက် ကိုသိရှိနိုင်ရန်ကြိုးစားလျက်နေစဉ် လူ့ သဏ္ဌာန်ကိုဆောင်သူတစ်ဦးသည်ငါ၏ရှေ့ တွင်ရပ်၍နေသည်ကိုမြင်ရ၏။-
16. ထိုအချိန်၌``အချင်းဂါဗြေလ၊ ထိုသူအား ရူပါရုံ၏အနက်ကိုဖော်ပြလော့'' ဟူ၍ဥလဲ မြစ်ဘက်မှလူ့အသံနှင့်ဟစ်၍ပြောဆိုသည် ကိုငါကြားရ၏။-
17. ဂါဗြေလသည်ငါ၏အနီးသို့လာ၍ရပ် လိုက်သောအခါငါသည်လွန်စွာထိတ်လန့် သွားသဖြင့်မြေသို့လဲကျလေသည်။ဂါဗြေလက``အချင်းလူသား၊ ရူပါရုံ၏ အနက်ကိုနားလည်လော့။ ထိုရူပါရုံသည် ကပ်ကမ္ဘာကုန်ဆုံးချိန်နှင့်သက်ဆိုင်၏'' ဟု ငါ့အားဆို၏။-
18. သူဤသို့ပြောနေစဉ်ငါသည်မေ့မြော၍ မြေပေါ်သို့လဲကျသွားလေသည်။ သို့ရာ တွင်သူသည်ငါ့အားဆွဲကိုင်ထူမပြီး လျှင်၊-
19. ``ထာဝရဘုရားအမျက်တော်၏အကျိုး ဆက်ကား အဘယ်သို့ဖြစ်မည်ကိုသင့်အား ငါဖော်ပြနေခြင်းဖြစ်၏။ ရူပါရုံသည် အဆုံးစွန်သောကာလနှင့်သက်ဆိုင်၏။
20. ``သင်မြင်ရသောဦးချိုနှစ်ချောင်းရှိသည့် သိုးသည် မေဒိနှင့်ပါရှနိုင်ငံများကိုဆို လို၏။-