ဒံ​ယေ​လ 8:1-8 Common Language Bible (BCL)

1. ဗေ​လ​ရှာ​ဇာ​မင်း​နန်း​စံ​တ​တိ​ယ​နှစ်​၌​ငါ ဒံ​ယေ​လ​သည် ဒု​တိ​ယ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ ကို​မြင်​ရ​၏။-

2. ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ထဲ​တွင်​ငါ​သည်​ဧ​လံ ပြည်​နယ်​မြို့​ရိုး​များ​ကာ​ရံ​ထား​သော ရှု​ရှန် မြို့​တွင်း​သို့​ရုတ်​တ​ရက်​ရောက်​ရှိ​နေ​သည် ကို​တွေ့​ရ​၏။ ငါ​သည်​ဥ​လဲ​မြစ်​အ​နီး​တွင် ရပ်​၍၊-

3. မျှော်​ကြည့်​လိုက်​ရာ​မြစ်​အ​နီး​တွင်​ရပ်​နေ သော​သိုး​ထီး​တစ်​ကောင်​ကို​မြင်​ရ​၏။ ထို​သိုး မှာ​ဦး​ချို​ရှည်​ကြီး​နှစ်​ချောင်း​ရှိ​၍​တစ်​ချောင်း မှာ​အ​ခြား​တစ်​ချောင်း​ထက်​ပို​ရှည်​၍​နောက် မှ​ပေါက်​သော​ချို​ဖြစ်​သည်။-

4. ထို​သိုး​သည်​ဦး​ချို​ဖြင့်​အ​နောက်၊ တောင်၊ မြောက် အ​ရပ်​သုံး​မျက်​နှာ​သို့​ခတ်​ဝှေ့​၍​နေ​သည် ကို​ငါ​ကြည့်​လျက်​နေ​မိ​၏။ သူ့​အား​အ​ဘယ် တိ​ရစ္ဆာန်​မျှ​မ​ဆီး​တား​နိုင်။ သူ​၏​လက်​တွင်း မှ​လွတ်​မြောက်​အောင်​လည်း​မ​တတ်​နိုင်။ သူ သည်​မိ​မိ​အ​လို​ရှိ​သည်​အ​တိုင်း​ပြု​ကာ မာန်​မာ​န​ထောင်​လွှား​လာ​လေ​သည်။

5. ငါ​သည်​ဤ​အ​ခြင်း​အ​ရာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​စဉ်း​စား​တွေး​တော​လျက်​နေ​စဉ် အ​နောက် အ​ရပ်​မှ​ဆိတ်​တစ်​ကောင်​သည်​ပြေး​၍​ထွက် လာ​၏။ သူ​သည်​အ​ရှိန်​ပြင်း​လှ​သ​ဖြင့်​မြေ ကို​ပင်​မ​နင်း​မိ​ချေ။ သူ​၏​မျက်​လုံး​များ အ​ကြား​တွင်​ငေါ​၍​ထွက်​နေ​သော​ဦး​ချို တစ်​ချောင်း​ရှိ​၏။-

6. သူ​သည်​ယ​ခင်​က​မြစ်​အ​နီး​တွင် ငါ​မြင် ခဲ့​သော​သိုး​၏​အ​နီး​သို့​ရောက်​လာ​သော အ​ခါ တစ်​ဟုန်​တည်း​ပြေး​၍​ဝှေ့​လေ​၏။-

7. ငါ​သည်​ဆိတ်​က​သိုး​အား​ဝှေ့​သည်​ကို​ကြည့် ၍​နေ​၏။ ဆိတ်​သည်​ပြင်း​စွာ​အ​မျက်​ထွက်​၍ သိုး​ကို​တ​အား​ကုန်​ဝှေ့​လိုက်​ရာ​သိုး​၏​ဦး ချို​နှစ်​ချောင်း​ကျိုး​လေ​၏။ သိုး​သည်​ပြန်​လည် ခု​ခံ​နိုင်​စွမ်း​မ​ရှိ​သ​ဖြင့်​မြေ​ပေါ်​သို့​လဲ ကျ​ကာ​ခြေ​နှင့်​အ​နင်း​ခံ​ရ​လေ​သည်။ အ​ဘယ်​သူ​မျှ​သူ့​အား​မ​ကယ်​နိုင်​တော့​ပေ။

8. ဆိတ်​သည်​ပို​၍​ပို​၍​မာန်​မာ​န​ထောင်​လွှား လာ​၏။ သို့​ရာ​တွင်​သူ​တန်​ခိုး​အ​ကြီး​ဆုံး အ​ချိန်​သို့​ရောက်​သော​အ​ခါ​သူ​၏​ဦး​ချို သည်​ကျိုး​သွား​ပြီး​လျှင် ထို​ဦး​ချို​၏​နေ​ရာ တွင်​အ​ရပ်​လေး​မျက်​နှာ​သို့​ငေါ​ထွက်​နေ သော​ဦး​ချို​လေး​ချောင်း​ပေါက်​၍​လာ​လေ သည်။-

ဒံ​ယေ​လ 8