1. ဗေလရှာဇာမင်းနန်းစံတတိယနှစ်၌ငါ ဒံယေလသည် ဒုတိယဗျာဒိတ်ရူပါရုံ ကိုမြင်ရ၏။-
2. ထိုဗျာဒိတ်ရူပါရုံထဲတွင်ငါသည်ဧလံ ပြည်နယ်မြို့ရိုးများကာရံထားသော ရှုရှန် မြို့တွင်းသို့ရုတ်တရက်ရောက်ရှိနေသည် ကိုတွေ့ရ၏။ ငါသည်ဥလဲမြစ်အနီးတွင် ရပ်၍၊-
3. မျှော်ကြည့်လိုက်ရာမြစ်အနီးတွင်ရပ်နေ သောသိုးထီးတစ်ကောင်ကိုမြင်ရ၏။ ထိုသိုး မှာဦးချိုရှည်ကြီးနှစ်ချောင်းရှိ၍တစ်ချောင်း မှာအခြားတစ်ချောင်းထက်ပိုရှည်၍နောက် မှပေါက်သောချိုဖြစ်သည်။-
4. ထိုသိုးသည်ဦးချိုဖြင့်အနောက်၊ တောင်၊ မြောက် အရပ်သုံးမျက်နှာသို့ခတ်ဝှေ့၍နေသည် ကိုငါကြည့်လျက်နေမိ၏။ သူ့အားအဘယ် တိရစ္ဆာန်မျှမဆီးတားနိုင်။ သူ၏လက်တွင်း မှလွတ်မြောက်အောင်လည်းမတတ်နိုင်။ သူ သည်မိမိအလိုရှိသည်အတိုင်းပြုကာ မာန်မာနထောင်လွှားလာလေသည်။
5. ငါသည်ဤအခြင်းအရာ၏အနက်အဋ္ဌိပ္ပါယ် ကိုစဉ်းစားတွေးတောလျက်နေစဉ် အနောက် အရပ်မှဆိတ်တစ်ကောင်သည်ပြေး၍ထွက် လာ၏။ သူသည်အရှိန်ပြင်းလှသဖြင့်မြေ ကိုပင်မနင်းမိချေ။ သူ၏မျက်လုံးများ အကြားတွင်ငေါ၍ထွက်နေသောဦးချို တစ်ချောင်းရှိ၏။-