ဒံ​ယေ​လ 7:12-16 Common Language Bible (BCL)

12. အ​ခြား​သား​ရဲ​တို့​သည်​မိ​မိ​တို့​၏​တန်​ခိုး​အာ​ဏာ​များ​ရုပ်​သိမ်း​ခြင်း​ခံ​ကြ​ရ​သော်​လည်း အ​ချိန်​အ​ကန့်​အ​သတ်​နှင့်​ဆက်​လက်​၍​အ​သက်​ရှင်​ခွင့်​ရ​ရှိ​ကြ​လေ​သည်။

13. ညဥ့်​အ​ခါ​ထို​ရူ​ပါ​ရုံ​တွင်​ငါ​သည်​လူ​သား​နှင့်​တူ​သူ​တစ်​ဦး​ကို​မြင်​ရ​၏။ သူ​သည်​မိုး​တိမ်​ခြံ​ရံ​ကာ​ငါ့​ထံ​သို့​ချဉ်း​ကပ်​လာ​၏။ ထို​နောက်​ထာ​ဝ​စဉ်​အ​သက်​ရှင်​တော်​မူ​သော​အ​ရှင်​၏​ထံ​တော်​သို့​ရောက်​ရှိ​သွား​သ​ဖြင့်​သူ​သည်​ကိုယ်​တော်​၏​ရှေ့​တော်​သို့​ဝင်​ခွင့်​ရ​လေ​သည်။-

14. ထို​အ​ခါ​ဘာ​သာ​စ​ကား​အ​မျိုး​မျိုး​ပြော​ဆို​သော​လူ​မျိုး​ဟူ​သ​မျှ​သည်​သူ​၏​အ​မှု​ကို​ထမ်း​ရွက်​စေ​ခြင်း​ငှာ​ကိုယ်​တော်​သည်​သူ့​အား​စိုး​ပိုင်​ခွင့်​နှင့်​ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ ရာ​ဇ​တန်​ခိုး​အာ​ဏာ​ကို​လည်း​ကောင်း​ပေး​အပ်​တော်​မူ​၏။ သူ​၏​အာ​ဏာ​စက်​သည်​ကာ​လ​အ​စဉ်​အ​ဆက်​တည်​မြဲ​၍ သူ​၏​နိုင်​ငံ​တော်​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ​ပျက်​သုဉ်း​ရ​လိမ့်​မည်​မ​ဟုတ်။

15. ငါ​မြင်​ရ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကြောင့် ငါ​သည်​ထိတ်​လန့်​၍​လာ​သ​ဖြင့်​စိတ်​ချောက်​ချား​ကာ၊-

16. ထို​နေ​ရာ​တွင်​ရပ်​နေ​သူ​တစ်​ဦး​ထံ​သို့​သွား​၍ ထို​အ​ရာ​တို့​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မေး​မြန်း​ရာ​ထို​သူ​က​ငါ့​အား​ရှင်း​ပြ​လေ​သည်။-

ဒံ​ယေ​လ 7