ဒံ​ယေ​လ 6:13-24 Common Language Bible (BCL)

13. ထို​အ​ခါ​သူ​တို့​သည်​မင်း​ကြီး​အား``ယု​ဒ ပြည်​မှ​ဖမ်း​ဆီး​ခဲ့​သူ​များ​အ​နက်​တစ်​ဦး ဖြစ်​သူ​ဒံ​ယေ​လ​သည်​အ​ရှင်​မင်း​ကြီး အား​ရို​သေ​လေး​စား​မှု​မ​ရှိ။ အ​ရှင်​ထုတ် ပြန်​သည့်​အ​မိန့်​တော်​ကို​လည်း​မ​လိုက်​နာ။ သူ​သည်​တစ်​နေ့​လျှင်​သုံး​ကြိမ်​တိုင်​တိုင် အ​ချိန်​မှန်​မှန်​ဆု​တောင်း​၍​နေ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။

14. ဤ​လျှောက်​ထား​ချက်​ကို​မင်း​ကြီး​ကြား တော်​မူ​လျှင် အ​လွန်​စိတ်​မ​ချမ်း​မ​သာ​ဖြစ် တော်​မူ​လျက်​ဒံ​ယေ​လ​အား​ကယ်​ဆယ်​ရန် နည်း​လမ်း​ကို​နေ​ဝင်​သည်​တိုင်​အောင်​အ​စွမ်း ကုန်​ကြိုး​စား​၍​ရှာ​ကြံ​တော်​မူ​၏။-

15. ထို​နောက်​မှူး​မတ်​အ​ရာ​ရှိ​တို့​သည်​အထံ​တော် သို့​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​ကာ``မေ​ဒိ နှင့်​ပါ​ရှ​လူ​မျိုး​တို့​၏​ဥ​ပ​ဒေ​များ​အ​ရ ဘု​ရင့်​အ​မိန့်​တော်​မည်​သည်​မှာ​ပြန်​လည် ပြင်​ဆင်​ပြောင်း​လဲ​၍​မ​ရ​နိုင်​ကြောင်း​အ​ရှင် မင်း​ကြီး​သိ​တော်​မူ​ပါ​၏'' ဟု​လျှောက် ထား​ကြ​၏။

16. ထို့​ကြောင့်​မင်း​ကြီး​၏​အ​မိန့်​အ​ရ​ဒံ​ယေ​လ အား​ခြင်္သေ့​လှောင်​ရာ​တွင်း​ထဲ​သို့​ပစ်​ချ​လိုက် ကြ​၏။ မင်း​ကြီး​က​ဒံ​ယေ​လ​အား``သင်​သစ္စာ ရှိ​စွာ​ကိုး​ကွယ်​သော​ဘု​ရား​သည်​သင့်​ကို ကယ်​ဆယ်​တော်​မူ​ပါ​စေ​သော'' ဟု​မိန့်​တော် မူ​၏။-

17. ကျောက်​ပြား​ဖြင့်​တွင်း​ဝ​ကို​ပိတ်​စေ​ပြီး နောက်​မင်း​ကြီး​သည် အ​ဘယ်​သူ​မျှ​ဒံ​ယေ​လ အား​မ​ကယ်​နိုင်​စေ​ရန် မိ​မိ​၏​တံ​ဆိပ်​တော် နှင့်​မှူး​မတ်​တို့​၏​တံ​ဆိပ်​များ​ကို ကျောက် ပြား​ပေါ်​တွင်​ခတ်​နှိပ်​၍​ထား​စေ​တော်​မူ​၏။-

18. မင်း​ကြီး​သည်​နန်း​တော်​သို့​ပြန်​တော်​မူ​၍ တစ်​ညဥ့်​လုံး​စား​တော်​မ​ခေါ်။ အ​ဘယ်​သို့ သော​ဖြေ​ဖျော်​မှု​ကို​မျှ​ခံ​ယူ​တော်​မ​မူ။ စက်​တော်​ခေါ်​၍​မ​ပျော်​နိုင်။

19. မိုး​သောက်​ချိန်​၌​မင်း​ကြီး​သည်​ထ​၍ ခြင်္သေ့​တွင်း​သို့​အ​လျင်​အ​မြန်​ကြွ တော်​မူ​၏။-

20. ခြင်္သေ့​တွင်း​သို့​ရောက်​သော​အ​ခါ​စိုး​ရိမ်​ပူ ပန်​သော​အ​သံ​နှင့်``အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​၏​အ​စေ​ခံ၊ ဒံ​ယေ​လ၊ သင်​သစ္စာ​ရှိ စွာ​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင်​သည်​သင့် အား​ခြင်္သေ့​များ​၏​ဘေး​မှ​ကယ်​တော်​မူ နိုင်​ပါ​၏​လော'' ဟု​မေး​တော်​မူ​၏။

21. ဒံ​ယေ​လ​က``အ​ရှင်​မင်း​ကြီး​သက်​တော်​ရာ ကျော်​ရှည်​တော်​မူ​ပါ​စေ​သော။-

22. ခြင်္သေ့​တို့​သည်​အ​ကျွန်ုပ်​အား​ဘေး​အန္တ​ရာယ် မ​ပြု​နိုင်​စေ​ရန်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏ ကောင်း​ကင်​တ​မန်​ကို​စေ​လွှတ်​၍​ခြင်္သေ့​တို့ ၏​နှုတ်​ကို​ပိတ်​ထား​တော်​မူ​ပါ​၏။ ဤ​ကဲ့​သို့ ပြု​တော်​မူ​ခြင်း​မှာ​အ​ကျွန်ုပ်​၌​အ​ပြစ်​မ ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ကျွန်ုပ်​သည် အ​ရှင်​မင်း​ကြီး​အား​မ​ပြစ်​မှား​ခဲ့​ကြောင်း ကို​လည်း​ကောင်း​သိ​တော်​မူ​သော​ကြောင့် ဖြစ်​ပါ​၏'' ဟု​လျှောက်​လေ​၏။

23. မင်း​ကြီး​သည်​လွန်​စွာ​ဝမ်း​မြောက်​အား​ရ တော်​မူ​သ​ဖြင့် ဒံ​ယေ​လ​အား​ခြင်္သေ့​တွင်း မှ​ဆွဲ​တင်​ကြ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။ သို့ ဖြစ်​၍​လူ​တို့​သည်​ဆွဲ​တင်​ကြ​ရာ​ဒံ​ယေ​လ သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​ကိုး​စား​သူ ဖြစ်​သ​ဖြင့် မည်​သို့​မျှ​ဘေး​အန္တ​ရာယ်​မ​ဖြစ် ဘဲ​ရှိ​သည်​ကို​တွေ့​မြင်​ကြ​၏။-

24. ထို​နောက်​မင်း​ကြီး​သည်​ဒံ​ယေ​လ​အား​ပြစ် တင်​စွပ်​စွဲ​ကြ​သူ​အ​ပေါင်း​တို့​ကို​ဖမ်း​ဆီး စေ​ပြီး​လျှင် သူ​တို့​၏​သား​မ​ယား​များ​နှင့် တ​ကွ​ခြင်္သေ့​တွင်း​ထဲ​သို့​ပစ်​ချ​ရန်​အ​မိန့် ပေး​တော်​မူ​၏။ မြေ​သို့​မ​ရောက်​ရှိ​မီ​ပင်​သူ တို့​အား​ခြင်္သေ့​တို့​သည်​ခုန်​အုပ်​ပြီး​လျှင် အ​ရိုး​ပါ​မ​ကျန်​ကိုက်​စား​လိုက်​ကြ​လေ သည်။

ဒံ​ယေ​လ 6