23. ကောင်းကင်ဘုံရှင်ကိုဆန့်ကျင်ဘက်ပြု၍ ဗိမာန်တော်မှရွှေဖလားများကိုရှေ့တော် သို့ယူစေတော်မူခဲ့ပါ၏။ အရှင်နှင့်တကွ အရှင့်မှူးမတ်များ၊ မိဖုရားများ၊ မောင်း မမိဿံများသည်ထိုရွှေဖလားများတွင် စပျစ်ရည်ကိုထည့်၍သောက်ပြီးလျှင် မျက်စိ မမြင်၊ နားမကြား၊ အဘယ်အရာကိုမျှ မသိသောရွှေ၊ ငွေ၊ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်တို့နှင့်လုပ်သောဘုရားများကို ထောမနာပြုကြပေသည်။ သို့ရာတွင် အရှင်သည်မိမိ၏အသက်ကိုလည်းကောင်း၊ မိမိပြုသောအမှုကိစ္စမှန်သမျှကို လည်းကောင်းစိုးပိုင်တော်မူသောဘုရားသခင်၏ဂုဏ်တော်ကိုကားချီးမွမ်းတော် မမူပါ။-
24. သို့ဖြစ်၍ဘုရားသခင်သည်လက်ကို စေလွှတ်၍ ဤစာတန်းကိုရေးစေတော်မူ ပါ၏။
25. ``ရေးထားသောစာကား`ရေတွက်၊ ရေတွက်၊ အလေးချိန်၊ ခွဲဝေ' ဟူ၍ဖြစ်သတည်း။-
26. ရေတွက်ဟူသောစကား၏အနက်အဋ္ဌိပ္ပါယ် မှာ အရှင့်နိုင်ငံသက်တမ်းကိုဘုရားသခင် ရေတွက်၍ ဆုံးခန်းတိုင်ရောက်စေတော်မူ ပြီဟူ၍ဖြစ်ပါ၏။-
27. အလေးချိန်ဟူသောစကား၏အနက်အဋ္ဌိပ္ပါယ် မှာ အရှင့်အားချိန်ခွင်တွင်ချိန်တွယ်၍ အလေး ချိန်လျော့နည်းနေကြောင်းတွေ့ရှိတော်မူပြီ ဟူ၍ဖြစ်ပါ၏။-
28. ခွဲဝေဟူသောစကား၏အနက်အဋ္ဌိပ္ပါယ်မှာ အရှင်၏နိုင်ငံတော်ကိုမေဒိအမျိုးသား များနှင့်ပါရှအမျိုးသားတို့အားခွဲဝေ ပေးတော်မူပြီဟူ၍ဖြစ်ပါ၏'' ဟုလျှောက် ထား၏။
29. ထိုအခါချက်ချင်းပင်ဗေလရှာဇာမင်း သည် ဒံယေလအားတော်ဝင်ခရမ်းရောင် ဝတ်လုံကိုဝတ်ဆင်စေ၍ လည်ပင်း၌ဂုဏ် ထူးဆောင်ရွှေစလွယ်ကိုဆွဲစေပြီးနောက် ဒံယေလအားနိုင်ငံတော်တွင်တတိယ တန်ခိုးအကြီးဆုံးရာထူးတွင်ခန့်ထား တော်မူ၏။-
30. ထိုည၌ပင်လျှင်ဗာဗုလုန်ပြည်ဘုရင်၊ ဗေလရှာဇာသည်လုပ်ကြံခြင်းကိုခံ ရ၍၊-
31. အသက်ခြောက်ဆယ့်နှစ်နှစ်ရှိသောမေဒိ လူမျိုးဒါရိမင်းသည်နိုင်ငံကိုသိမ်းယူ လေသည်။