2. ယင်းသို့သောက်လျက်နေစဉ်ယေရုရှလင် မြို့ဗိမာန်တော်မှခမည်းတော်နေဗုခဒ် နေဇာမင်းသိမ်းယူခဲ့သည့် ရွှေဖလား၊ ငွေ ဖလားများကိုရှေ့တော်သို့ဆောင်ယူခဲ့ရန် မိန့်တော်မူ၏။ မိမိနှင့်တကွမှူးမတ်များ၊ မိဖုရားများနှင့်မောင်းမမိဿံများစပျစ် ရည်သောက်ရန်ထိုဖလားများကိုယူခဲ့ရန် အမိန့်ပေး၏။-
3. ချက်ချင်းပင်ရွှေဖလားများရောက်ရှိလာ သောအခါ သူတို့သည်ထိုဖလားတို့ဖြင့် သောက်လျက်၊-
4. ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်နှင့် ပြုလုပ်သောဘုရားတို့ကိုထောမနာပြု ကြ၏။
5. ထိုအခါလူ၏လက်တစ်ဖက်သည်ရုတ် တရက်ပေါ်လာပြီးလျှင် မီးအလင်းရောင် အများဆုံးရရှိသည့်နန်းတော်နံရံတွင် စာတန်းတစ်ခုကိုရေးသားလေ၏။ ယင်း သို့ရေးသားနေသည်ကိုမင်းကြီးမြင် တော်မူလျှင်၊-
6. မျက်နှာညှိုးငယ်၍သွားတော်မူ၏။ သူသည် အလွန်ကြောက်လန့်ကာမျက်နှာဖြူဖတ်ဖြူ ရော်ဖြစ်လျက်ဒူးများပင်ခိုက်ခိုက်တုန်၍ လာ၏။-
7. သို့ဖြစ်၍ပယောဂဆရာများ၊ မှော်ဆရာ များနှင့်နက္ခတ်ဆရာများကိုခေါ်သွင်းရန် ဟစ်အော်၍ မင်းချင်းတစ်ယောက်အားစေခိုင်း တော်မူ၏။ ထိုသူတို့ရောက်ရှိလာကြသော အခါမင်းကြီးက``ထိုစာတန်းကိုဖတ်၍ အနက်ကိုငါ့အားပြောကြားနိုင်သူအား တော်ဝင်ခရမ်းရောင်ဝတ်လုံကိုဝတ်စေမည်။ ဂုဏ်ထူးဆောင်ရွှေစလွယ်တော်ကိုလည်းဆွဲ စေလျက်နိုင်ငံတော်တွင်တတိယတန်ခိုး အကြီးဆုံးသောသူအဖြစ်ငါခန့်ထား မည်'' ဟုမိန့်တော်မူ၏။-