1. တစ်ညသ၌ဗေလရှာဇာမင်းသည်ညစာ စားပွဲကြီးသို့မှူးမတ်တစ်ထောင်ကိုဖိတ် ကြားပြီးလျှင် သူတို့နှင့်အတူစပျစ်ရည် သောက်တော်မူသည်။-
2. ယင်းသို့သောက်လျက်နေစဉ်ယေရုရှလင် မြို့ဗိမာန်တော်မှခမည်းတော်နေဗုခဒ် နေဇာမင်းသိမ်းယူခဲ့သည့် ရွှေဖလား၊ ငွေ ဖလားများကိုရှေ့တော်သို့ဆောင်ယူခဲ့ရန် မိန့်တော်မူ၏။ မိမိနှင့်တကွမှူးမတ်များ၊ မိဖုရားများနှင့်မောင်းမမိဿံများစပျစ် ရည်သောက်ရန်ထိုဖလားများကိုယူခဲ့ရန် အမိန့်ပေး၏။-
3. ချက်ချင်းပင်ရွှေဖလားများရောက်ရှိလာ သောအခါ သူတို့သည်ထိုဖလားတို့ဖြင့် သောက်လျက်၊-
4. ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်နှင့် ပြုလုပ်သောဘုရားတို့ကိုထောမနာပြု ကြ၏။
5. ထိုအခါလူ၏လက်တစ်ဖက်သည်ရုတ် တရက်ပေါ်လာပြီးလျှင် မီးအလင်းရောင် အများဆုံးရရှိသည့်နန်းတော်နံရံတွင် စာတန်းတစ်ခုကိုရေးသားလေ၏။ ယင်း သို့ရေးသားနေသည်ကိုမင်းကြီးမြင် တော်မူလျှင်၊-
6. မျက်နှာညှိုးငယ်၍သွားတော်မူ၏။ သူသည် အလွန်ကြောက်လန့်ကာမျက်နှာဖြူဖတ်ဖြူ ရော်ဖြစ်လျက်ဒူးများပင်ခိုက်ခိုက်တုန်၍ လာ၏။-
7. သို့ဖြစ်၍ပယောဂဆရာများ၊ မှော်ဆရာ များနှင့်နက္ခတ်ဆရာများကိုခေါ်သွင်းရန် ဟစ်အော်၍ မင်းချင်းတစ်ယောက်အားစေခိုင်း တော်မူ၏။ ထိုသူတို့ရောက်ရှိလာကြသော အခါမင်းကြီးက``ထိုစာတန်းကိုဖတ်၍ အနက်ကိုငါ့အားပြောကြားနိုင်သူအား တော်ဝင်ခရမ်းရောင်ဝတ်လုံကိုဝတ်စေမည်။ ဂုဏ်ထူးဆောင်ရွှေစလွယ်တော်ကိုလည်းဆွဲ စေလျက်နိုင်ငံတော်တွင်တတိယတန်ခိုး အကြီးဆုံးသောသူအဖြစ်ငါခန့်ထား မည်'' ဟုမိန့်တော်မူ၏။-
8. ဘုရင့်အတိုင်ပင်ခံအရာရှိအပေါင်းတို့ သည်ရှေ့တော်သို့ရောက်ရှိလာကြသော်လည်း အဘယ်သူမျှထိုစာတန်းကိုမဖတ်နိုင်။ ထို စာတန်း၏အနက်ကိုလည်းမင်းကြီးအား မဖော်ပြနိုင်ကြ။-
9. ထိုအခါဗေလရှာဇာမင်းသည်လွန်စွာပူပင် သောကရောက်တော်မူသဖြင့် ပို၍ပင်မျက်နှာ ညှိုးငယ်လာလေသည်။ မှူးမတ်တို့သည်လည်း မှိုင်တွေလျက်နေကြ၏။
10. မယ်တော်မိဖုရားကြီးသည်မင်းကြီးနှင့်မှူး မတ်တို့ပြောဆိုကြသည့်စကားကိုကြား သဖြင့် စားသောက်ပွဲကျင်းပရာအခန်းထဲ သို့ဝင်လာပြီးလျှင်``အရှင်မင်းကြီး၊ သက် တော်ရာကျော်ရှည်ပါစေ။ ဤမျှစိတ်အနှောင့် အယှက်ဖြစ်၍မနေပါနှင့်။ ဤမျှမျက်နှာ ညှိုးငယ်၍လည်းမနေပါနှင့်။-
11. သင်၏နိုင်ငံတော်တွင်သန့်ရှင်းမြင့်မြတ်သော ဘုရားတို့၏ဝိညာဉ်ဖြင့်ပြည့်ဝသူလူတစ် ယောက်ရှိပါ၏။ သင်၏ခမည်းတော်နန်းစံစဉ် အခါက ထိုသူ၌အသိပညာနှင့်အမြော် အမြင်၊ ဘုရားကဲ့သို့ပညာဉာဏ်ရှိကြောင်း ထင်ရှားခဲ့ပါ၏။ သင်၏ခမည်းတော်နေဗုခဒ် နေဇာမင်းသည်သူ့အားဗေဒင်ဆရာ၊ မှော် ဆရာ၊ ပယောဂဆရာနှင့်နက္ခတ်ဆရာတို့ ၏အကြီးအမှူးအဖြစ်ဖြင့်ခန့်ထားတော် မူခဲ့ပါ၏။-
12. သူသည်အိပ်မက်များ၏အနက်ကိုပြန်ဆိုမှု၊ ခက်ခဲသောအမေးပုစ္ဆာများကိုဖြေရှင်းမှု၊ လျှို့ဝှက်နက်နဲသောအရာများကိုထုတ်ဖော် မှုတို့တွင်အထူးတတ်ကျွမ်းသူဖြစ်ပါ၏။ သို့ ဖြစ်၍ဗေလတရှာဇာဟူသောဘွဲ့နာမကို ခမည်းတော်ပေးအပ်တော်မူခဲ့သူဒံယေလ အားဆင့်ခေါ်ပါ။ သူသည်စာတန်း၏အနက် ကိုဖော်ပြပါလိမ့်မည်'' ဟုဆို၏။
13. သူတို့သည်ဒံယေလအားချက်ချင်းပင်ဘုရင့် ရှေ့တော်သို့သွင်းကြသောအခါ မင်းကြီးက ဒံယေလအား``သင်သည်ယုဒပြည်မှငါ၏ ခမည်းတော်ဘုရင်မင်းခေါ်ဆောင်ခဲ့သည့် ယုဒအမျိုးသားသုံ့ပန်းတစ်ယောက်ဖြစ် သူဒံယေလဆိုသူပေလော။-