ဒံ​ယေ​လ 4:35-37 Common Language Bible (BCL)

35. ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​သည်​ရှေ့ တော်​၌ အ​မှု​မ​ထား​လောက်​သ​ကဲ့​သို့​ဖြစ်​ပါ​၏။ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​ရှိ ကောင်း​ကင်​တ​မန်​များ​ကို​လည်း​ကောင်း၊ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​တို့​ကို​လည်း​ကောင်း စိုး​မိုး​အုပ်​ချုပ်​တော်​မူ​ပါ​၏။အ​ဘယ်​သူ​မျှ​ကိုယ်​တော်​၏​အ​လို​တော်​ကို မ​ဆန့်​ကျင်​နိုင်​ပါ။ကိုယ်​တော်​အ​ဘယ်​သို့​ပြု​တော်​မူ​သည်​ကို လည်း မ​စစ်​ဆေး​မ​မေး​မြန်း​နိုင်​ပါ။

36. ``ငါ​သည်​လူ့​စိတ်​ကို​ပြန်​၍​ရ​ရှိ​လာ​သော အ​ခါ ငါ့​နိုင်​ငံ​၏​ဘုန်း​အ​သ​ရေ​ကို​လည်း ကောင်း၊ ငါ့​ဂုဏ်​အ​သ​ရေ​နှင့်​ဘုန်း​အာ​နု ဘော်​တော်​ကို​လည်း​ကောင်း ပြန်​၍​ရ​ရှိ​လာ လေ​သည်။ ငါ​၏​အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​များ နှင့်​မှူး​မတ်​တို့​သည်​လည်း ငါ့​အား​ပြန်​၍ လက်​ခံ​ကြ​ပါ​၏။ ယ​ခင်​အ​ခါ​က​ထက် ပင်​ကြီး​မြတ်​သည့်​ဂုဏ်​အ​သ​ရေ​နှင့်​တ​ကွ ငါ့​အား​ရာ​ဇ​အာ​ဏာ​ကို​ပြန်​လည်​ပေး အပ်​ကြ​ပေ​သည်။

37. ``သို့​ဖြစ်​၍​ငါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည် ကောင်း​ကင်​ဘုံ​ရှင်​ဘု​ရင်​မင်း​အား​ထော​မ​နာ ပြု​ပါ​၏။ ဂုဏ်​တော်​နှင့်​ဘုန်း​အ​သ​ရေ​တော် ကို​လည်း​ချီး​မွမ်း​ပါ​၏။ ကိုယ်​တော်​ပြု​လေ သ​မျှ​သော​အ​မှု​တို့​သည်​မှန်​ကန်​ပါ​ပေ သည်။ ကိုယ်​တော်​သည်​အ​စဉ်​ပင်​တ​ရား​မျှ တ​တော်​မူ​၍​မာန်​မာ​န​ထောင်​လွှား​သူ​တို့ အား​နိမ့်​ကျ​စေ​တော်​မူ​ပါ​၏'' ဟု​ရေး သား​ဖော်​ပြ​တော်​မူ​လေ​သည်။

ဒံ​ယေ​လ 4