ဒံ​ယေ​လ 4:23-28 Common Language Bible (BCL)

23. အ​ရှင်​မင်း​ကြီး​ကြည့်​လျက်​နေ​တော်​မူ​စဉ် ကောင်း​ကင်​ဘုံ​မှ ကောင်း​ကင်​တ​မန်​တစ်​ပါး သည်​သက်​ဆင်း​လာ​ကာ`ထို​သစ်​ပင်​ကို​ခုတ်​လှဲ ဖျက်​ဆီး​ပစ်​လော့။ သို့​ရာ​တွင်​သစ်​ငုတ်​ကို​မူ ကား​မြေ​တွင်​ချန်​ထား​လော့။ ထို​ငုတ်​ကို​သံ ကြိုး၊ ကြေး​ဝါ​ကြိုး​နှင့်​ချည်​နှောင်​၍​ကွင်း​ထဲ ၌​မြက်​တော​တွင်​ထား​ခဲ့​လော့။ ထို​သူ​အား ဆီး​နှင်း​များ​ဖြင့်​စို​စွတ်​စေ​လျက်​ခု​နစ်​နှစ် တိုင်​တိုင်​တိရစ္ဆာန်​များ​နှင့်​အ​တူ​နေ​စေ​လော့' ဟု​မြွက်​ဆို​ခဲ့​ပါ​၏။

24. ``အ​ရှင်​မင်း​ကြီး၊ အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​က အ​ရှင်​မင်း​ကြီး​မည်​သို့​မည်​ပုံ​ဖြစ် ပျက်​ရ​မည်​ကို​မိန့်​မြွက်​ဖော်​ပြ​တော်​မူ​လေ ပြီ။ အိပ်​မက်​၏​အ​နက်​ကား​ဤ​သို့​တည်း။-

25. အ​ရှင်​သည်​လူ့​အ​သိုင်း​အ​ဝိုင်း​ထဲ​မှ​နှင် ထုတ်​ခြင်း​ကို​ခံ​ရ​၍ တော​တိ​ရစ္ဆာန်​များ​နှင့် အ​တူ​နေ​ရ​လိမ့်​မည်။ နွား​ကဲ့​သို့​မြက်​ကို စား​လျက်​ခု​နစ်​နှစ်​တိုင်​တိုင်​ဆီး​နှင်း​များ ဖြင့်​စို​စွတ်​ကာ အ​မိုး​အ​ကာ​မ​ရှိ​သည့် အ​ရပ်​တွင်​အိပ်​စက်​ရ​လိမ့်​မည်။ ထို​နောက် အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​သည် လော​ကီ​နိုင်​ငံ​များ​ကို​အ​စိုး​ရ​တော်​မူ​၍ မိ​မိ​အ​လို​ရှိ​သူ​မည်​သူ​ကို​မ​ဆို​မင်း မြှောက်​တော်​မူ​နိုင်​ကြောင်း​ကို​အ​ရှင် ဝန်​ခံ​ပါ​လိမ့်​မည်။-

26. ကောင်း​ကင်​တ​မန်​များ​သည်​သစ်​ငုတ်​ကို မြေ​တွင် ချန်​ထား​ခဲ့​ရန်​အ​မိန့်​ပေး​သည်​နှင့် အ​ညီ​အ​ရှင်​သည် ကမ္ဘာ​ကို​ဘုရား​သ​ခင် အ​စိုး​ရ​ကြောင်း​သိ​မှတ်​ဝန်​ခံ​သော​အ​ခါ အ​ရှင်​၏​ထီး​နန်း​ကို​ပြန်​လည်​ရ​ရှိ​ပါ လိမ့်​မည်။-

27. ထို​ကြောင့်​အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​ပေး သည့်​အ​ကြံ​ကို​နာ​ယူ​တော်​မူ​ပါ။ အ​ပြစ် ကူး​မှု​ကို​ရပ်​စဲ​၍​တ​ရား​သော​အ​မှု​ကို ပြု​တော်​မူ​ပါ။ ဆင်း​ရဲ​သူ​တို့​အား​က​ရု ဏာ​ထား​တော်​မူ​ပါ။ ယင်း​သို့​ပြု​ပါ​လျှင် အ​ရှင်​သည်​စည်း​စိမ်​ချမ်း​သာ​တိုး​ပွား တော်​မူ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။

28. ဤ​သို့​လျှောက်​ထား​သည်​အ​တိုင်း​ဖြစ်​ပျက် လာ​လေ​သည်။-

ဒံ​ယေ​လ 4