22. ``အရှင်မင်းကြီး၊ အရှင်ကားထိုသစ်ပင်ကြီး ပင်ဖြစ်ပါ၏။ အရှင်သည်မိုးကောင်းကင်တိုင် အောင်မြင့်မားကြီးမြတ်တော်မူလျက်တန် ခိုးတော်သည်ကမ္ဘာတစ်ဝန်းလုံးကိုလွှမ်းမိုး ပါ၏။-
23. အရှင်မင်းကြီးကြည့်လျက်နေတော်မူစဉ် ကောင်းကင်ဘုံမှ ကောင်းကင်တမန်တစ်ပါး သည်သက်ဆင်းလာကာ`ထိုသစ်ပင်ကိုခုတ်လှဲ ဖျက်ဆီးပစ်လော့။ သို့ရာတွင်သစ်ငုတ်ကိုမူ ကားမြေတွင်ချန်ထားလော့။ ထိုငုတ်ကိုသံ ကြိုး၊ ကြေးဝါကြိုးနှင့်ချည်နှောင်၍ကွင်းထဲ ၌မြက်တောတွင်ထားခဲ့လော့။ ထိုသူအား ဆီးနှင်းများဖြင့်စိုစွတ်စေလျက်ခုနစ်နှစ် တိုင်တိုင်တိရစ္ဆာန်များနှင့်အတူနေစေလော့' ဟုမြွက်ဆိုခဲ့ပါ၏။
24. ``အရှင်မင်းကြီး၊ အမြင့်မြတ်ဆုံးသောဘုရားသခင်က အရှင်မင်းကြီးမည်သို့မည်ပုံဖြစ် ပျက်ရမည်ကိုမိန့်မြွက်ဖော်ပြတော်မူလေ ပြီ။ အိပ်မက်၏အနက်ကားဤသို့တည်း။-
25. အရှင်သည်လူ့အသိုင်းအဝိုင်းထဲမှနှင် ထုတ်ခြင်းကိုခံရ၍ တောတိရစ္ဆာန်များနှင့် အတူနေရလိမ့်မည်။ နွားကဲ့သို့မြက်ကို စားလျက်ခုနစ်နှစ်တိုင်တိုင်ဆီးနှင်းများ ဖြင့်စိုစွတ်ကာ အမိုးအကာမရှိသည့် အရပ်တွင်အိပ်စက်ရလိမ့်မည်။ ထိုနောက် အမြင့်မြတ်ဆုံးသောဘုရားသခင်သည် လောကီနိုင်ငံများကိုအစိုးရတော်မူ၍ မိမိအလိုရှိသူမည်သူကိုမဆိုမင်း မြှောက်တော်မူနိုင်ကြောင်းကိုအရှင် ဝန်ခံပါလိမ့်မည်။-
26. ကောင်းကင်တမန်များသည်သစ်ငုတ်ကို မြေတွင် ချန်ထားခဲ့ရန်အမိန့်ပေးသည်နှင့် အညီအရှင်သည် ကမ္ဘာကိုဘုရားသခင် အစိုးရကြောင်းသိမှတ်ဝန်ခံသောအခါ အရှင်၏ထီးနန်းကိုပြန်လည်ရရှိပါ လိမ့်မည်။-
27. ထိုကြောင့်အရှင်မင်းကြီး၊ အကျွန်ုပ်ပေး သည့်အကြံကိုနာယူတော်မူပါ။ အပြစ် ကူးမှုကိုရပ်စဲ၍တရားသောအမှုကို ပြုတော်မူပါ။ ဆင်းရဲသူတို့အားကရု ဏာထားတော်မူပါ။ ယင်းသို့ပြုပါလျှင် အရှင်သည်စည်းစိမ်ချမ်းသာတိုးပွား တော်မူပါလိမ့်မည်'' ဟုလျှောက်၏။
28. ဤသို့လျှောက်ထားသည်အတိုင်းဖြစ်ပျက် လာလေသည်။-
29. တစ်ဆယ့်နှစ်လမျှကြာသော်မင်းကြီးသည် ဗာဗုလုန်နန်းတော်ပေါ်တွင်စင်္ကြံကြွနေစဉ်၊-
30. ``ငါ၏ဘုန်းတန်ခိုးအာနုဘော်ထင်ရှားစေ ရန်နေပြည်တော်အဖြစ်ဖြင့် ငါတည်ထောင်ခဲ့ သောဗာဗုလုန်မြို့သည်လွန်စွာကြီးကျယ် ခမ်းနားလှပါသည်တကား'' ဟုမြွက်ဆို၏။
31. ဤသို့မြွက်ဆို၍စကားမဆုံးမီပင်လျှင်``အို နေဗုခဒ်နေဇာမင်း၊ ငါပြောသည်ကိုနား ထောင်လော့။ သင့်နိုင်ငံကိုသင်၏လက်မှ ယခုရုပ်သိမ်းလိုက်လေပြီ။-
32. သင်သည်လူအသိုင်းအဝိုင်းမှအနှင်ခံရ ၍တောတိရစ္ဆာန်များနှင့်အတူနေရလတ္တံ့။ ခုနစ်နှစ်တိုင်တိုင်နွားကဲ့သို့မြက်ကိုစား ရလတ္တံ့။ ထိုအခါဘုရားသခင်သည်လော ကီနိုင်ငံများကိုအစိုးရတော်မူ၍ ယင်း တို့ကိုမိမိအလိုရှိသူအားပေးပိုင် ကြောင်းကိုသင်ဝန်ခံလိမ့်မည်'' ဟုကောင်း ကင်မှအသံထွက်ပေါ်လာလေသည်။
33. ထိုဗျာဒိတ်စကားအတိုင်းချက်ချင်းပင် ဖြစ်ပျက်လာ၏။ နေဗုခဒ်နေဇာမင်းသည် လူအသိုင်းအဝိုင်းမှ အနှင်ခံရ၍နွားကဲ့ သို့မြက်ကိုစားရ၏။ သူ၏ကိုယ်ခန္ဓာအပေါ် သို့လည်းဆီးနှင်းများကျလာလေသည်။ သူ ၏ဆံပင်သည်လင်းယုန်၏အမွေးအတောင် ကဲ့သို့လည်းကောင်း၊ သူ၏လက်သည်းခြေ သည်းတို့သည်လည်းငှက်ခြေသည်းများ ကဲ့သို့လည်းကောင်းရှည်လာလေသည်။
34. မင်းကြီးက``ငါသည်ခုနစ်နှစ်ကာလကုန် ဆုံးသွားသောအခါ မိုးကောင်းကင်သို့မြော် ကြည့်လိုက်ရာလူ့စိတ်ပြန်ရသဖြင့် အမြင့် မြတ်ဆုံးသောဘုရားသခင်အားထောမနာ ပြု၍ ထာဝရကာလပတ်လုံးအသက်ရှင် တော်မူသောဘုရား၏ဂုဏ်တော်၊ ဘုန်း အသရေတော်ကိုချီးမွမ်းပါ၏။``ကိုယ်တော်သည်လောကကိုထာဝစဉ် အုပ်စိုးတော်မူလိမ့်မည်။ကိုယ်တော်၏နိုင်ငံတော်သည်ကာလ အစဉ်အဆက်တည်လိမ့်မည်။
35. ကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည်ရှေ့ တော်၌ အမှုမထားလောက်သကဲ့သို့ဖြစ်ပါ၏။ကိုယ်တော်သည်ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များကိုလည်းကောင်း၊ကမ္ဘာမြေပေါ်ရှိလူတို့ကိုလည်းကောင်း စိုးမိုးအုပ်ချုပ်တော်မူပါ၏။အဘယ်သူမျှကိုယ်တော်၏အလိုတော်ကို မဆန့်ကျင်နိုင်ပါ။ကိုယ်တော်အဘယ်သို့ပြုတော်မူသည်ကို လည်း မစစ်ဆေးမမေးမြန်းနိုင်ပါ။
36. ``ငါသည်လူ့စိတ်ကိုပြန်၍ရရှိလာသော အခါ ငါ့နိုင်ငံ၏ဘုန်းအသရေကိုလည်း ကောင်း၊ ငါ့ဂုဏ်အသရေနှင့်ဘုန်းအာနု ဘော်တော်ကိုလည်းကောင်း ပြန်၍ရရှိလာ လေသည်။ ငါ၏အတိုင်ပင်ခံအရာရှိများ နှင့်မှူးမတ်တို့သည်လည်း ငါ့အားပြန်၍ လက်ခံကြပါ၏။ ယခင်အခါကထက် ပင်ကြီးမြတ်သည့်ဂုဏ်အသရေနှင့်တကွ ငါ့အားရာဇအာဏာကိုပြန်လည်ပေး အပ်ကြပေသည်။
37. ``သို့ဖြစ်၍ငါနေဗုခဒ်နေဇာမင်းသည် ကောင်းကင်ဘုံရှင်ဘုရင်မင်းအားထောမနာ ပြုပါ၏။ ဂုဏ်တော်နှင့်ဘုန်းအသရေတော် ကိုလည်းချီးမွမ်းပါ၏။ ကိုယ်တော်ပြုလေ သမျှသောအမှုတို့သည်မှန်ကန်ပါပေ သည်။ ကိုယ်တော်သည်အစဉ်ပင်တရားမျှ တတော်မူ၍မာန်မာနထောင်လွှားသူတို့ အားနိမ့်ကျစေတော်မူပါ၏'' ဟုရေး သားဖော်ပြတော်မူလေသည်။