ဒံ​ယေ​လ 4:10-25 Common Language Bible (BCL)

10. ``ငါ​သည်​အိပ်​ပျော်​လျက်​နေ​စဉ်​ကမ္ဘာ​မြေ ပြင်​၏​အ​ထက်​ဗ​ဟို​၌​ရှိ​သော​သစ်​ပင် မြင့်​ကြီး​တစ်​ပင်​ကို​အိပ်​မက်​မြင်​မက်​၏။-

11. ထို​သစ်​ပင်​သည်​ကမ္ဘာ​မြေ​ပေါ်​တွင်​ရှိ​သ​မျှ သော​လူ​အ​ပေါင်း​တို့​မြင်​ရ​ကြ​သည်​တိုင် အောင် မိုး​ကောင်း​ကင်​အ​ထိ​မြင့်​မား​လာ လေ​သည်။-

12. ထို​သစ်​ပင်​၏​အ​ကိုင်း​အ​ခက်​တို့​သည်​လှ​ပ ဝေ​ဆာ​လျက် အ​သီး​လည်း​ပေါ​များ​သ​ဖြင့် တစ်​ကမ္ဘာ​လုံး​စား​သုံး​နိုင်​၏။ တော​တိ​ရစ္ဆာန် တို့​သည်​ထို​အ​ပင်​၏​အ​ရိပ်​တွင်​နား​နေ​ကြ​၏။ ငှက်​တို့​သည်​အ​ကိုင်း​အ​ခက်​များ​တွင်​အ​သိုက် လုပ်​ကြ​၏။ သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည် ထို​အ​ပင်​၏​အ​သီး​ကို​စား​ကြ​၏။

13. ``ငါ​သည်​ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင်​တွေ့​မြင် ရ​ပုံ​ကို​စဉ်း​စား​ဆင်​ခြင်​လျက်​နေ​စဉ် နိုး ကြား​စောင့်​ကြည့်​သူ​ကောင်း​ကင်​တ​မန်​တစ် ပါး​ဆင်း​သက်​လာ​သည်​ကို​မြင်​ရ​၏။-

14. ကောင်း​ကင်​တ​မန်​က`ဤ​သစ်​ပင်​ကို​ခုတ်​ချ ၍​အ​ကိုင်း​တို့​ကို​ဖြတ်​တောက်​ပစ်​လော့။ အရွက် တို့​ကို​ချွေ​၍​အ​သီး​တို့​ကို​ကြဲ​ဖြန့်​ပစ်​လော့။ တိရစ္ဆာန်​တို့​ကို​ထို​သစ်​ပင်​ရိပ်​မှ​လည်း​ကောင်း၊ ငှက်​တို့​ကို​အ​ကိုင်း​အ​ခက်​များ​မှ​လည်း ကောင်း​မောင်း​ထုတ်​လော့။-

15. သို့​ရာ​တွင်​မြေ​တွင်​ရှိ​သည့်​သစ်​ငုပ်​ကို​မူ သံ​ကြိုး၊ ကြေး​ဝါ​ကြိုး​တို့​ဖြင့်​ချည်​နှောင် ၍​ကွင်း​ထဲ​၌​မြက်​တော​တွင်​ထား​ခဲ့​လော့။` ``ထို​သူ​အား​ဆီး​နှင်း​ထဲ​တွင်​တိ​ရစ္ဆာန်​များ၊ အ​ပင်​ငယ်​များ​နှင့်​အ​တူ​နေ​စေ​လော့။-

16. သူ​သည်​လူ​စိတ်​ပျောက်​လျက်​ခု​နစ်​နှစ်​တိုင် တိုင် တိ​ရစ္ဆာန်​စိတ်​ပေါက်​၍​နေ​လိမ့်​မည်။-

17. ဤ​ကား​နိုး​ကြား​စောင့်​ကြည့်​သူ​ကောင်း​ကင် တ​မန်​များ​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​တည်း။ သို့ ဖြစ်​၍​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင် သည် လော​ကီ​နိုင်​ငံ​များ​အ​ပေါ်​သို့​တန်​ခိုး အာ​ဏာ​လွှမ်း​မိုး​တော်​မူ​နိုင်​ကြောင်း​ကို​လည်း ကောင်း၊ ကိုယ်​တော်​သည်​အ​သိမ်​ငယ်​ဆုံး​သော သူ​ကို​ပင်​လျှင်​ရွေး​ချယ်​၍​မင်း​မြှောက်​တော် မူ​နိုင်​ကြောင်း​ကို​လည်း​ကောင်း အ​ရပ်​တ​ကာ ရှိ​လူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​စေ' ဟု​အ​သံ ကျယ်​စွာ​ကြွေး​ကြော်​၏။

18. နေ​ဗု​ခဒ်​နေ​ဇာ​မင်း​က``ဤ​ကား​ငါ​မြင်​မက် သည့်​အိပ်​မက်ဖြစ်​၏။ အ​ချင်း​ဗေ​လ​တ​ရှာ​ဇာ၊ ယ​ခု​ငါ့​အား​ထို​အိပ်​မက်​၏​အ​နက်​ကို​ဖော် ပြ​ပါ​လော့။ ယင်း​ကို​ငါ​၏​အ​တိုင်​ပင်​ခံ အ​ရာ​ရှိ​တစ်​ယောက်​မျှ​မ​ဖော်​ပြ​နိုင်​ပါ။ သို့​ရာ​တွင်​သန့်​ရှင်း​မြင့်​မြတ်​သည့်​ဘုရား​တို့ ၏​ဝိ​ညာဉ်​သည်​သင့်​၏​အ​ထဲ​၌​ကိန်း​အောင်း သည်​ဖြစ်​၍​သင်​သည်​ထို​အိပ်​မက်​၏​အ​နက် ကို​ဖော်​ပြ​နိုင်​ပါ​၏'' ဟု​မိန့်​တော်​မူ​၏။

19. ထို​အ​ခါ​ဗေ​လ​တ​ရှာ​ဇာ​ဟု​လည်း​နာ​မည် တွင်​သော​ဒံ​ယေ​လ​သည် အ​လွန်​ထိတ်​လန့် သွား​သ​ဖြင့်​စ​ကား​ပင်​မ​ပြော​နိုင်​ဘဲ​နေ ၏။ မင်း​ကြီး​က``အ​ချင်း​ဗေ​လ​တ​ရှာ​ဇာ၊ အိပ်​မက်​နှင့်​အိပ်​မက်​၏​အ​နက်​ကြောင့်​ထိတ် လန့်​ခြင်း​မ​ရှိ​နှင့်'' ဟု​မိန့်​တော်​မူ​လျှင်၊ဗေ​လ​တ​ရှာ​ဇာ​က``အ​ရှင်​မင်း​ကြီး၊ ထို​အိပ် မက်​နှင့်​အ​နက်​သည်​အ​ရှင်​၏​အ​တွက်​မ​ဟုတ် ဘဲ​အ​ရှင်​၏​ရန်​သူ​များ​အ​တွက်​ဖြစ်​ပါ​စေ သော။-

20. မြင့်​မား​ထွား​ကြိုင်း​သည့်​သစ်​ပင်​သည်​မိုး ကောင်း​ကင်​အ​ထိ​ရောက်​ရှိ​၍ ကမ္ဘာ​ပေါ်​ရှိ​လူ အ​ပေါင်း​တို့​သည်​ထို​အ​ပင်​ကို​မြင်​ကြ​၏။-

21. ထို​အ​ပင်​၏​အ​ကိုင်း​အ​ခက်​များ​သည်​လှ​ပ ဝေ​ဆာ​လျက် အ​သီး​လည်း​ပေါ​များ​သ​ဖြင့် ကမ္ဘာ​တစ်​ဝန်း​လုံး​စား​သုံး​နိုင်​၏။ ထို​အ​ပင် အောက်​တွင်​တော​တိ​ရစ္ဆာန်​များ​နား​နေ​ကြ​၏။ အကိုင်း​အ​ခက်​များ​တွင်​ငှက်​တို့​အ​သိုက်​လုပ် ကြ​၏။

22. ``အ​ရှင်​မင်း​ကြီး၊ အ​ရှင်​ကား​ထို​သစ်​ပင်​ကြီး ပင်​ဖြစ်​ပါ​၏။ အ​ရှင်​သည်​မိုး​ကောင်း​ကင်​တိုင် အောင်​မြင့်​မား​ကြီး​မြတ်​တော်​မူ​လျက်​တန် ခိုး​တော်​သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​ကို​လွှမ်း​မိုး ပါ​၏။-

23. အ​ရှင်​မင်း​ကြီး​ကြည့်​လျက်​နေ​တော်​မူ​စဉ် ကောင်း​ကင်​ဘုံ​မှ ကောင်း​ကင်​တ​မန်​တစ်​ပါး သည်​သက်​ဆင်း​လာ​ကာ`ထို​သစ်​ပင်​ကို​ခုတ်​လှဲ ဖျက်​ဆီး​ပစ်​လော့။ သို့​ရာ​တွင်​သစ်​ငုတ်​ကို​မူ ကား​မြေ​တွင်​ချန်​ထား​လော့။ ထို​ငုတ်​ကို​သံ ကြိုး၊ ကြေး​ဝါ​ကြိုး​နှင့်​ချည်​နှောင်​၍​ကွင်း​ထဲ ၌​မြက်​တော​တွင်​ထား​ခဲ့​လော့။ ထို​သူ​အား ဆီး​နှင်း​များ​ဖြင့်​စို​စွတ်​စေ​လျက်​ခု​နစ်​နှစ် တိုင်​တိုင်​တိရစ္ဆာန်​များ​နှင့်​အ​တူ​နေ​စေ​လော့' ဟု​မြွက်​ဆို​ခဲ့​ပါ​၏။

24. ``အ​ရှင်​မင်း​ကြီး၊ အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​က အ​ရှင်​မင်း​ကြီး​မည်​သို့​မည်​ပုံ​ဖြစ် ပျက်​ရ​မည်​ကို​မိန့်​မြွက်​ဖော်​ပြ​တော်​မူ​လေ ပြီ။ အိပ်​မက်​၏​အ​နက်​ကား​ဤ​သို့​တည်း။-

25. အ​ရှင်​သည်​လူ့​အ​သိုင်း​အ​ဝိုင်း​ထဲ​မှ​နှင် ထုတ်​ခြင်း​ကို​ခံ​ရ​၍ တော​တိ​ရစ္ဆာန်​များ​နှင့် အ​တူ​နေ​ရ​လိမ့်​မည်။ နွား​ကဲ့​သို့​မြက်​ကို စား​လျက်​ခု​နစ်​နှစ်​တိုင်​တိုင်​ဆီး​နှင်း​များ ဖြင့်​စို​စွတ်​ကာ အ​မိုး​အ​ကာ​မ​ရှိ​သည့် အ​ရပ်​တွင်​အိပ်​စက်​ရ​လိမ့်​မည်။ ထို​နောက် အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​သည် လော​ကီ​နိုင်​ငံ​များ​ကို​အ​စိုး​ရ​တော်​မူ​၍ မိ​မိ​အ​လို​ရှိ​သူ​မည်​သူ​ကို​မ​ဆို​မင်း မြှောက်​တော်​မူ​နိုင်​ကြောင်း​ကို​အ​ရှင် ဝန်​ခံ​ပါ​လိမ့်​မည်။-

ဒံ​ယေ​လ 4