ဒံ​ယေ​လ 4:1-11 Common Language Bible (BCL)

1. နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည်​ကမ္ဘာ​ပေါ်​ရှိ​ဘာ​သာ စ​ကား​အ​မျိုး​မျိုး​ကို ပြော​ဆို​သော​လူ​မျိုး အ​ပေါင်း​တို့​ထံ​သို့ သ​ဝဏ်​လွှာ​တစ်​စောင်​ကို အောက်​ပါ​အ​တိုင်း​ပေး​ပို့​တော်​မူ​၏။``သင်​တို့​သည်​ချမ်း​မြေ့​သာ​ယာ​ကြ​ပါ​စေ သော။-

2. ငါ့​အား​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင် ပြ​တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​များ​နှင့်​နိ​မိတ် လက္ခ​ဏာ​များ​အ​ကြောင်း​ကို​နား​ထောင်​ကြ လော့။

3. ``ငါ​တို့​အား​ဘု​ရား​သ​ခင်​ပြ​တော်​မူ​သောအံ​သြ​ဖွယ်​ရာ​တို့​သည်​လွန်​စွာ​ကြီး​မြတ် ပါ​သည်​တ​ကား။ကိုယ်​တော်​ပြ​တော်​မူ​သော​နိ​မိတ်​လက္ခ​ဏာ များ​သည်လွန်​စွာ​တန်​ခိုး​တော်​နှင့်​ပြည့်​စုံ​ပါ​သည်​တ​ကား။ဘု​ရား​သ​ခင်​သည်​ထာ​ဝ​စဉ်​ဘု​ရင်​ဖြစ်​တော် မူ​၏။ကိုယ်​တော်​သည်​လော​က​ကို​ကာ​လ​အ​စဉ် အုပ်​စိုး​တော်​မူ​လိမ့်​မည်။

4. ``ငါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​သည်​နန်း​တော်​တွင် ချမ်း​မြေ့​စွာ စံ​မြန်း​လျက်​နေ​တော်​မူ​စဉ်​အိပ် ပျော်​ချိန်​၌၊-

5. ကြောက်​မက်​ဖွယ်​ကောင်း​သော​အိပ်​မက်​ကို မြင်​မက်​၍ ထိတ်​လန့်​ဖွယ်​ရာ​ရူ​ပါ​ရုံ​များ ကို​မြင်​ရ​၏။-

6. ငါ​သည်​အိပ်​မက်​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မိ​မိ အား​ဖွင့်​ပြ​ရန် အ​တိုင်​ပင်​ခံ​အ​ရာ​ရှိ​အ​ပေါင်း တို့​ကို​ဆင့်​ခေါ်​ခဲ့​၏။-

7. ထို​အ​ခါ​ရှိ​ရှိ​သ​မျှ​သော​ဗေ​ဒင်​ဆ​ရာ၊ မျက် လှည့်​ဆ​ရာ၊ မှော်​ဆ​ရာ​နှင့်​နက္ခတ်​ဆ​ရာ​များ သည်​ရှေ့​တော်​သို့​ရောက်​ရှိ​လာ​ကြ​၏။ ငါ​သည် သူ​တို့​အား​ငါ​၏​အိပ်​မက်​ကို​ပြော​ပြ​သော် လည်း သူ​တို့​သည်​ထို​အိပ်​မက်​၏​အ​နက်​ကို မ​ဖော်​ပြ​နိုင်​ကြ​ပါ။-

8. ထို​နောက်(ငါ​ကိုး​ကွယ်​သော​ဘု​ရား​၏​နာ​မည် ဖြစ်​သည့်​ဗေ​လ​တ​ရှာ​ဇာ​ဟု​လည်း​နာ​မည် တွင်​သော) ဒံ​ယေ​လ​သည်​ငါ​၏​ရှေ့​တော်​သို့ ရောက်​ရှိ​လာ​လေ​သည်။ သန့်​ရှင်း​မြင့်​မြတ်​သည့် ဘု​ရား​တို့​၏​ဝိ​ညာဉ်​သည်​သူ​၏​အ​တွင်း​၌ ကိန်း​အောင်း​သ​ဖြင့် ငါ​သည်​သူ့​အား​ငါ​အ ဘယ်​သို့​အိပ်​မက်​မြင်​မက်​သည်​ကို​ပြော ပြ​၏။-

9. ငါ​က​သူ့​အား``ဗေ​ဒင်​ဆ​ရာ​တို့​၏​အကြီး အ​မှူး​ဖြစ်​သော​ဗေ​လ​တ​ရှာ​ဇာ၊ သင့်​အ​တွင်း ၌​သန့်​ရှင်း​မြင့်​မြတ်​သည့်​ဘု​ရား​တို့​၏​ဝိ​ညာဉ် ကိန်း​အောင်း​ကြောင်း​ကို​လည်း​ကောင်း၊ လျှို့​ဝှက် ခက်​ခဲ​သည့်​အ​ရာ​ခပ်​သိမ်း​ကို​သင်​နား​လည် ကြောင်း​ကို​လည်း​ကောင်း​ငါ​သိ​၏။ အိပ်​မက် တွင်​ငါ​တွေ့​မြင်​ရ​သည့်​ရူ​ပါ​ရုံ​အ​ကြောင်း ကို​နား​ထောင်​၍​အ​နက်​ကို​ငါ့​အား​ပြော ကြား​ပါ​လော့။

10. ``ငါ​သည်​အိပ်​ပျော်​လျက်​နေ​စဉ်​ကမ္ဘာ​မြေ ပြင်​၏​အ​ထက်​ဗ​ဟို​၌​ရှိ​သော​သစ်​ပင် မြင့်​ကြီး​တစ်​ပင်​ကို​အိပ်​မက်​မြင်​မက်​၏။-

11. ထို​သစ်​ပင်​သည်​ကမ္ဘာ​မြေ​ပေါ်​တွင်​ရှိ​သ​မျှ သော​လူ​အ​ပေါင်း​တို့​မြင်​ရ​ကြ​သည်​တိုင် အောင် မိုး​ကောင်း​ကင်​အ​ထိ​မြင့်​မား​လာ လေ​သည်။-

ဒံ​ယေ​လ 4