5. သင်တို့သည်တံပိုးခရာမှုတ်သံကိုကြား ရပြီးနောက်ပလွေ၊ ပတ်သာ၊ စောင်းကြီး၊ စောင်း ငယ်တို့ကိုတီးမှုတ်သံကိုလည်းကောင်း၊ ထို နောက်အခြားတူရိယာများတီးမှုတ်သံ ကိုလည်းကောင်းကြားကြလိမ့်မည်။ တူရိယာ တီးမှုတ်သံစသည်နှင့်တစ်ပြိုင်နက် နေဗုခဒ် နေဇာမင်းတည်ထားသည့်ရွှေရုပ်ကြီးကို သင်တို့ဦးညွှတ်ရှိခိုးကြစေ။-
6. ဦးညွှတ်ရှိခိုးခြင်းမပြုသူမည်သူမဆို ပြင်းစွာအလျှံထလျက်နေသော မီးဖိုကြီး ထဲသို့ချက်ချင်းပစ်ချခြင်းကိုခံစေ'' ဟု အသံကျယ်စွာကြေညာလေသည်။-
7. သို့ဖြစ်၍ဘာသာစကားအမျိုးမျိုးပြော ဆိုသောလူမျိုးအသီးသီးနှင့် နိုင်ငံအသီး သီးကလူတို့သည်တူရိယာတီးမှုတ်သံ ကိုကြားသည်နှင့်တစ်ပြိုင်နက် နေဗုခဒ် နေဇာတည်ထားသည့်ရွှေရုပ်ကြီးကိုဦး ညွှတ်ရှိခိုးကြကုန်၏။
8. ဗာဗုလုန်ပြည်သားအချို့တို့သည်ယုဒ အမျိုးသားတို့အား ပြစ်တင်ပြောဆိုရန် အခွင့်ကောင်းကိုယူ၍၊-
9. နေဗုခဒ်နေဇာမင်းအား``အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ။-