1. နေဗုခဒ်နေဇာမင်းသည်အမြင့်ပေကိုး ဆယ်၊ အနံကိုးပေရှိသောရွှေရုပ်ကြီးကို သွန်းလုပ်စေပြီးလျှင်ဗာဗုလုန်ဒုရလွင် ပြင်တွင်တည်ထားစေတော်မူ၏။-
2. မင်းကြီးသည်မင်းညီမင်းသားများ၊ ဘုရင်ခံ များ၊ ဒုတိယဘုရင်ခံများ၊ တိုင်းမင်းကြီး များ၊ ငွေတိုက်စိုးများ၊ တရားသူကြီးများ၊ ရဲမှူးများအစရှိသည့်အရာရှိအပေါင်း တို့အား မိမိတည်ထားသည့်ရွှေရုပ်ကြီး အနုမောဒနာပွဲကိုတက်ရောက်ကြရန် အမိန့်ပေးတော်မူ၏။-
3. အရာရှိအပေါင်းတို့သည်ရွှေရုပ်ကြီး ၏ရှေ့တွင်ရပ်နေကြသောအခါ၊-
4. သံတော်ဆင့်တစ်ဦးက``ဘာသာစကား အမျိုးမျိုးကိုပြောဆိုကြသောလူမျိုး အသီးသီးနှင့်နိုင်ငံအသီးသီးကလူ အပေါင်းတို့၊-