ဒံ​ယေ​လ 2:9-16 Common Language Bible (BCL)

9. အ​ကယ်​၍​ငါ​၏​အိပ်​မက်​ကို​သင်​တို့​မ​ဖော် ပြ​နိုင်​ပါ​က သင်​တို့​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​ကာ သင်​တို့​အိမ်​များ​ကို​ပြာ​ပုံ​ဖြစ်​စေ​ရန်​ငါ စိတ်​ပိုင်း​ဖြတ်​ထား​ပြီ။ သင်​တို့​သည်​နောင်​အ​ခါ ၌​အ​ခြေ​အ​နေ​ပြောင်း​လဲ​လာ​လိမ့်​မည်​ဟု မျှော်​လင့်​ကာ ငါ့​အား​လိမ်​လည်​ပြော​ဆို​ရန် အ​ချင်း​ချင်း​တိုင်​ပင်​ထား​ကြ​ပြီ။ ငါ​၏ အိပ်​မက်​ကို​ငါ့​အား​ဖော်​ပြ​ကြ​လော့။ ထို သို့​ဖော်​ပြ​နိုင်​လျှင်​အိပ်​မက်​၏​အ​နက်​ကို လည်း​သင်​တို့​ဖွင့်​နိုင်​ကြောင်း​ငါ​သိ​ရှိ​ရ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

10. ဘု​ရင့်​အ​တိုင်​ပင်​ခံ​တို့​က``အ​ရှင်​မင်း​ကြီး သိ​လို​သော​အ​ရာ​ကို ပြော​ပြ​နိုင်​သူ​တစ်​ဦး တစ်​ယောက်​မျှ​ကမ္ဘာ​ပေါ်​တွင်​မ​ရှိ​ပါ။ အ​ဘယ် တန်​ခိုး​ကြီး​သည့်​ဘု​ရင်​မျှ မိ​မိ​၏​နက္ခ​ဟော ဆ​ရာ​များ၊ ပ​ယော​ဂ​ဆ​ရာ​များ​နှင့်​မှော် ဆ​ရာ​များ​အား​ဤ​သို့​ဆင့်​ဆို​စေ​ခိုင်း​ဖူး သည်​မ​ရှိ​ပါ။-

11. အ​ရှင်​မင်း​ကြီး​မေး​တော်​မူ​သော​အ​ရာ​သည် လွန်​စွာ​ခက်​ခဲ​သ​ဖြင့် ဘု​ရား​များ​မှ​လွဲ​၍ အ​ဘယ်​သူ​မျှ​ဖော်​ပြ​နိုင်​မည်​မ​ဟုတ်​ပါ။ ဘု​ရား​တို့​သည်​လည်း​လူ​သား​များ​နှင့် အ​တူ​နေ​ထိုင်​ကြ​သည်​မ​ဟုတ်​ပါ'' ဟု လျှောက်​ထား​ကြ​၏။

12. ထို​အ​ခါ​မင်း​ကြီး​သည်​ပြင်း​စွာ​အ​မျက် ထွက်​တော်​မူ​လျက် ဗာ​ဗု​လုန်​မြို့​၌​ရှိ​သ​မျှ သော​ပ​ညာ​ရှိ​တို့​ကို​ကွပ်​မျက်​ရန်​အ​မိန့် ပေး​တော်​မူ​၏။-

13. သို့​ဖြစ်​၍​ဒံ​ယေ​လ​နှင့်​အ​ဖော်​များ​အ​ပါ အ​ဝင်​ပ​ညာ​ရှိ​အ​ပေါင်း​တို့​အား ကွပ်​မျက် ရန်​အ​မိန့်​ကို​ထုတ်​ပြန်​လေ​သည်။

16. ချက်​ချင်း​ပင်​ဒံ​ယေ​လ​သည် မင်း​ကြီး​၏​ရှေ့ တော်​သို့​ဝင်​၍``အိပ်​မက်​၏​အ​နက်​ဖွင့်​ပြ​ရန် အ​ချိန်​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​ထား လေ​၏။-

ဒံ​ယေ​လ 2